♪ ကျပျောက်သွားတဲ့ AirPods ကို ဘယ်လို ပြန်ရှာမလဲ ♫


AirPods earbud တွေ မတော်တဆ ကျပြီးပျောက်ဆုံးသွားတဲ့ အခါမျိုးမှာ Find My iPhone ကို အသုံးပြုပြီး ပြန်လည်ရှာဖွေနိုင်ပါတယ်။

AirPods earbuds ဟာ Bluetooth ချိတ်ဆက်ထားတဲ့ အကွာအဝေးအတွင်း Find My iPhone app ကို အသုံးပြုပြီး ရှာဖွေနိုင်ပါတယ်။ iOS 10.3 မှာ Find My AirPods feature အသစ်ကို ထပ်မံထည့်သွင်းပေးထား ပါတယ်။


ပထမဆုံး အနေနဲ့ Find My iPhone app ကိုဖွင့်ပါ။

ပြီးရင် iCloud account ကို app ထဲမှာ ထည့်သွင်းပါ။ Account ဝင်သွားပြီဆိုရင် အပေါ်ဘက်နားမှာ Find My iPhone ဆိုတဲ့နေရာကို နှိပ်ပြီး AirPods ကို ရွေးပါ။

ရွေးပြီးသွားရင် Action ဆိုတဲ့ ခလုတ်ကို နှိပ်ပါ။ Play Sound ဆိုတာကို နှိပ်ပြီး AirPods ရှိတဲ့ ညွှန်ပြထားတဲ့ ဘက်ကို သွားပြီး ပျောက်ဆုံးနေတဲ့ AirPods ကို ရှာဖွေနိုင်ပါတယ်။




Credit to ==>> Internet Journal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com

0 comments:

Post a Comment