♪ “iPhone 7 Plus Retro Model များကို မိတ်ဆက်” ♫

Image may contain: phone

အီလက်ထရောနစ် ကိရိယာများကို ဒီဇိုင်းနဲ့ ဆေးရောင် ပြောင်းလဲ ဆန်းသစ် ပြီး ရောင်းချပေးနေတဲ့ Colorware Company က iPhone 7 Plus အတွက် မော်ဒယ် အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ Retro Models လို့ အမည် ပေးထားပြီး ၁၉၈၄ ခုနှစ်ထုတ် မူလ Macintosh ရဲ့ ပုံပန်းသွင်ပြင် အတိုင်း ဖန်တီးထားပါတယ်။

iPhone 7 Plus Retro ရဲ့ အနောက်ဘက်မှာ နို့နှစ်ရောင် ခြယ်သထားပြီး ဘေး ၂ ဖက်မှာ အညိုရောင် အစင်းကြောင်းများဖြင့် အလှဆင်ထားပါတယ်။ အနောက်ဘက်မှ Apple Logo ကိုလည်း သက်တန့်ရောင် ခြယ်သထားပါ တယ်။ Colorware ရဲ့ iPhone 7 Plus Retro ဟာ 256GB Model ဖြစ်ပြီး တန်ဖိုးကြီးမားပါတယ်။


၁၈၉၉ ဒေါ်လာ သတ်မှတ်ထားတဲ့အတွက် မြန်မာ ကျပ်ငွေ ၂၆ သိန်း ၀န်းကျင် တန်ကြေးရှိပါတယ်။ အဲဒီ စမတ်ဖုန်းကို အကန့် အသတ်ဖြင့်သာ ရောင်းချမှာ ဖြစ်ပြီး ပထမဆုံး ရောင်းချတဲ့ ၂၅ လုံးမှာ နံပါတ်များ ရေးထိုးပေးထားမှာဖြစ်ပါတယ်။ ရောင်းချမယ့် အချိန်ကိုလည်း ကန့်သတ်ထားတယ်လို့ သိရပါတယ်။

အဲဒီ စမတ်ဖုန်းမှာ စွမ်းဆောင်ရည်မြင့် A10 Chip ထည့်သွင်းထားပြီး 12 Megapixel Wide-Angle Camera တပ်ဆင်ထားပါတယ်။ ၀ယ်ယူသူများ အတွက် Apple ရဲ့ EarPods ကြိုးမဲ့ နားကြပ်ကိုလည်း လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 









www.pyaephyo.com

0 comments:

Post a Comment