♪ " Xiaomi Redmi Note 4 VS Xiaomi Mi 5c " ♫

Image may contain: phone

Xiaomi Redmi Note 4 နဲ့ Xiaomi Mi 5c ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တူညီတဲ့အချက် အနည်းငယ်သာရှိပါတယ်။ ဒီဖုန်း ၂ လုံးမှာ တူညီတာဆိုလို့ Display အမျိုးအစား၊ Resolution, User Interface, Bluetooth စနစ်တွေပဲဖြစ်ပြီး ကျန်တဲ့စက်စွမ်းဆောင်ရည်ပိုင်းတွေ၊ ဘက်ထရီစွမ်းအားနဲ့ Operation System, Camera အရည်အသွေး စတာတွေအားလုံးက လုံးဝကွဲပြားတဲ့အပြင် ဒီဇိုင်းပုံစံကလည်း မတူညီပါဘူး။

ဖုန်း ၂ ခုလုံးက GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Xiaomi Redmi Note 4 က Micro SIM card နဲ့ Nano SIM Card 2 Card လုံးကို ထည့်သုံးနိုင်သလို Xiaomi Mi 5c ကလည်း Nano SIM card 2 card ကို ထည့်သုံးနိုင်တဲ့ Dual SIM စနစ် ပါရှိပါတယ်။ နောက်ကင်မရာစွမ်းအားပိုင်းမှာ Note 4 က နည်းနည်းလေးပိုကောင်းပြီး အရှေ့ကင်မရာမှာတော့ Xiaomi Mi 5c က ပိုမိုကောင်းမွန်ပါတယ်။ ဘက်ထရီစွမ်းအားအနေနဲ့ Note 4 က ပိုမိုစွမ်းအားပြည့်ဝပြီး အားလုံးကိုခြုံကြည့်မယ်ဆိုရင်တော့ Mi 5c ထက် Note 4 က သာလွန်ကောင်းမွန်တာကို တွေ့ရပါတယ်။ ဈေးကလည်း အနည်းငယ် ပိုမြင့်မားပါတယ်။

* Design *

1. Xiaomi Redmi Note 4
Xiaomi Redmi Note 4 ရဲ့အရွယ်အစားက 151 x 76 x 8.5 mm ရှိပြီး အလေးချိန်က 165g လေးပါတယ်။ ရရှိနိုင်တဲ့အရောင်တွေက အမည်းရောင်၊ ရွှေရောင်နဲ့ မီးခိုးရောင်တို့ပဲ ဖြစ်ပါတယ်။ နောက်ကျောဘက်မှာ fingerprint sensor ကိုတပ်ဆင်ထားပါတယ်။

2. Xiaomi Mi 5c
Xiaomi Mi 5c ရဲ့အရွယ်အစားက 144.4 x 69.7 x 7.1 mm ရှိပြီး 135g လေးပါတယ်။ Note 4 ထက် ပိုမိုပါးလွှာပြီး ပေါ့ပါးပါတယ်။ ရရှိနိုင်တဲ့ အရောင်တွေကတော့ ရွှေရောင် 2 မျိုးနဲ့ အမည်းရောင်တစ်မျိုးကို ထုတ်လုပ်ထားပါတယ်။

* Processor *

1. Xiaomi Redmi Note 4
Note 4 ရဲ့ စက်စွမ်းဆောင်ရည်အတွက် Qualcomm MSM8953 Snapdragon 625 Octa-core 2.0 GHz Cortex-A53 processor နဲ့ Adreno 506 GPU တို့ကိုအသုံးပြုထားပြီး RAM 2GB, 3GB, 4GB ဆိုတဲ့ version အမျိုးမျိုးကို ခွဲခြားထားပါတယ်။

2. Xiaomi Mi 5c
Mi 5c မှာတော့ Octa-core Xiaomi Surge S1 processor နဲ့ Mali- T860MP4 GPU တို့က စက်စွမ်းအားပိုင်းကို ထောက်ပံ့ပေးနေပြီး RAM 3GB လည်းပါရှိပါတယ်။ ဒါ့အပြင် နောက်ဆုံးပေါ် OS ကိုအသုံးပြုထားပါတယ်။

* Display *

1. Xiaomi Redmi Note 4
မျက်နှာပြင်အကျယ် 5.5-inch ရှိပြီး IPS LCD capacitive touch screen display အမျိုးအစားကို သုံးစွဲထားပါတယ်။ ပြသပေးနိုင်တဲ့ မြင်ကွင်းစွမ်းအားက 1080 x 1920 pixels ရှိပြီး 1 လက်မသိပ်သည်းဆက ~401 ppi pixel ပမာဏရှိပါတယ်။

2. Xiaomi Mi 5c
Xiaomi Redmi 5c မှာ တူညီတဲ့ မျက်နှာပြင်အမျိုးအစားကို သုံးထားပေမယ့် 5.15-inch အကျယ်သာ ရှိပါတယ်။ ပြသပေးနိုင်တဲ့ မြင်ကွင်းစွမ်းအားချင်းလည်း တူညီပါတယ်။ ဒါ့အပြင် multitouch စနစ်ကိုလည်း ဖုန်း 2 ခုလုံးမှာ သုံးစွဲနိုင်ပါတယ်။

* Verdict *

1. Xiaomi Redmi Note 4
Xiaomi Redmi Note 4 ဟာ သူ့ဈေးနှုန်းနဲ့သူ သုံးစွဲရတာတန်တဲ့ အလယ်အလတ်တန်းစားဖုန်းအမျိုးအစားထဲမှာ ပါရှိပါတယ်။ ၄င်းကို စက်စွမ်းဆောင်ရည်ကောင်းမွန်ပြီး ဘက်ထရီစွမ်းအားမြင့်မားတဲ့ ဖုန်းတစ်လုံးလို့ပြောနိုင်ပြီး နောက်ကျောဘက်မှာပါရှိတဲ့ fingerprint sensor ကလည်း သုံးစွဲရတာ အလွန်အဆင်ပြေပါတယ်။

2. Xiaomi Mi 5c
Xiaomi Mi 5c ကတော့ ဒီဇိုင်းပုံစံလှပပြီး ဆွဲဆောင်မှုရှိတဲ့ ဖုန်းတစ်လုံးပါ။ Android OS, v7.0 (Nougat) ကို သုံးထားခြင်းကလည်း စိတ်ဝင်စားစရာကောင်းတဲ့ အားသာချက်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် နောက်ဆုံးပေါ်ဂိမ်းတွေနဲ့ apps တွေအကုန်လုံးကို ဖုန်းထဲမှာထည့်သွင်းပြီး အဆင်ပြေပြေကစားနိုင်မှာပဲဖြစ် ပါတယ်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment