♪ ကျောဘက် ကင်မရာနှစ်ခုပါတဲ့ nubia M2 အပါအဝင် စမတ်ဖုန်းသစ် သုံးမျိုးကို ZTE ပွဲထုတ် မိတ်ဆက် ♫


ZTE ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ nubia က တရုတ်ဈေးကွက်အတွက် စမတ်ဖုန်းသစ် သုံးမျိုးကို မိတ်ဆက်ကြေညာ လိုက်ပါတယ်။
nubia M2

nubia M2 ရဲ့ ကျောဘက်မှာ 13MP sensor နှစ်ခုပါဝင်ပါတယ်။ တစ်ခုက ကာလာဖြစ်ပြီး တစ်ခုက အဖြူအမည်းပါ။ Sensor နှစ်ခုစလုံးကို sapphire နဲ့ ကာကွယ်ထားပြီး f/2.2 aperture နဲ့ သုံးနိုင်ပါတယ်။ Selfie ကင်မရာက 16MP ဖြစ်ပြီး f/2.0 aperture, 80-degree field of view နဲ့ ရိုက်နိုင်ပါတယ်။


Screen ကတော့ ၅.၅ လက်မ 1080p AMOLED ဖြစ်ပြီး Qualcomm ရဲ့ Snapdragon 625 chipset ကို အသုံးပြုထားပါတယ်။ RAM က 4GB ပါ။ သိုလှောင်မှုပမာဏကိုတော့ 64GB နဲ့ 128GB ဆိုပြီး ရရှိနိုင်ပြီး MicroSD ကနေတစ်ဆင့် တိုးမြှင့်နိုင်ပါတယ်။ ဘက်ထရီက 3,630mAh ဖြစ်ပြီး Android 6.0.1 Marshmallow ကို အခြေခံထားတဲ့ nubia UI 4.0 နဲ့ သုံးနိုင်ပါတယ်။ ချိတ်ဆက်မှုအပိုင်းမှာတော့ 4G LTE, Wi-Fi, Bluetooth, GPS, GLONASS, USB Type-C port တို့ ပါဝင်ပါတယ်။


nubia M2 ရဲ့တန်ဖိုးက 64GB အတွက် ၃၉၁ ဒေါ်လာဖြစ်ပါတယ်။ 128GB အတွက်က ၄၃၄ ဒေါ်လာပါ။ ရွှေရောင်နဲ့ အနက်ရောင်ဆိုပြီး အရောင်နှစ်မျိုးနဲ့ ရရှိနိုင်မယ်လို့ သိရပါတယ်။

nubia M2 Lite

M2 Lite မှာတော့ 13MP ကျောဘက် ကင်မရာတစ်ခုပဲ ပါဝင်ပါတယ်။ အဲ့ဒီကင်မရာကို f/2.2 aperture, dual-tone LED flash နဲ့ ရိုက်နိုင်ပါတယ်။ Selfie ကင်မရာကတော့ M2 နဲ့ အတူတူပါပဲ။


M2 Lite မှာ ၅.၅ လက်မ 720p IPS touchscreen ပါဝင်ပြီး MediaTek ရဲ့ Helio P10 chip ကို အသုံးပြုထားပါတယ်။ RAM ကို 3GB ဒါမှမဟုတ် 4GB နဲ့ ရနိုင်ပါတယ်။ သိုလှောင်မှု ပမာဏကိုလည်း 32GB ဒါမှမဟုတ် 64GB နဲ့ ရနိုင်ပါတယ်။ MicroSD card slot ပါဝင်တဲ့အတွက် သိုလှောင်မှု ပမာဏကို တိုးမြှင့်နိုင်ပါတယ်။ M2 လိုပဲ Home ခလုတ်မှာ လက်ဗွေဖတ်စနစ် ပါဝင်ပါတယ်။


ဒီစမတ်ဖုန်းမှာ Android 7.0 Nougat ကို အခြေခံထားတဲ့ nubia UI 4.0 ကို သုံးထားပါတယ်။ ဘက်ထရီက 3,000mAh ဖြစ်ပါ။ 

Dual-SIM hybrid slot နဲ့သုံးနိုင်တာကြောင့် ဒုတိယ SIM နေရာမှာ microSD card ထည့်သွင်းပြီး အသုံးပြုနိုင်ပါတယ်။


M2 Lite ကို အနက်ရောင်၊ ရွှေရောင်နဲ့ ရရှိနိုင်ပြီး တန်ဖိုးက ၂၆၀ ဒေါ်လာနဲ့ စတင်မှာ ဖြစ်ပါတယ်။
nubia N2



ဒီစမတ်ဖုန်းမှာတော့ 5,000mAh ဘက်ထရီနဲ့ 18W quick charging အထောက်အပံ့ ပါဝင်ပါတယ်။ M2 Lite နဲ့ အလွန်ဆင်တူပေမယ့် 1080p AMOLED display panel ကို အသုံးပြုထားပါတယ်။ 4GB RAM, 64GB storage နဲ့ပဲ ရရှိနိုင်ပါတယ်။ Android 6.0 Marshmallow ကို အသုံးပြုထားပြီး တန်ဖိုးက ၂၈၉ ဒေါ်လာပါ။ ဒီဖုန်းကို ဧပြီ ၈ ရက် မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ 

အရောင်ကတော့ အခြားမော်ဒယ်တွေအတိုင်း အနက်ရောင်၊ ရွှေရောင်နဲ့ ရရှိနိုင်ပါတယ်။



Credit to ==> Internet Journal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment