♪ Samsung Galaxy S8 နဲ့ S8 Plus တို့ရဲ့ ကွဲပြားခြားနားချက်များ ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/0-11.jpg?fit=800%2C450&ssl=1

Samsung က စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း ၂ လုံးကို မိတ်ဆက်လိုက်ပါတယ်။ Galaxy S8 နဲ့ သူ့ထက် အရွယ်ကြီးတဲ့ S8 Plus တို့ ဖြစ်ပါတယ်။ စမတ်ဖုန်းများဟာ Galaxy S7 Edge ဒီဇိုင်းနဲ့ ဆင်တူပါတယ်။ စမတ်ဖုန်း ၂ လုံးဟာ Galaxy S7 နဲ့ S7 Edge တို့လို ကွာခြားမှု အများကြီး မရှိပေမယ့် ၀ယ်ယူမယ့် လူများအတွက် သေချာ ရွေးချယ်နိုင်ဖို့ အသေးစိတ် ကွာခြားချက်များကို ဖော်ပြလိုက်ပါတယ်။

စကရင်

Galaxy S7 Edge ရဲ့ စကရင်ဟာ S7 နဲ့ ကွာခြားပြီး ဘေးဘက်မှာ မျက်နှာပြင်ငယ်တစ်ခု အပိုပါပါတယ်။ S8 ဖုန်းများမှာတော့ အဲဒီ ကွာခြားချက် မရှိတော့ပါဘူး။ S8 ဖုန်း ၂ လုံးစလုံးမှာ မျက်နှာပြင်ကွေး တပ်ဆင်ထားပါတယ်။ အဲဒီအတွက် Edge စာလုံးကို အမည်မှာ ထည့်သွင်းထားခြင်း မရှိပါဘူး။ ဖုန်း ၂ လုံးစလုံးမှာ Super AMOLED Display တပ်ဆင်ထားပြီး မြင်ကွင်းကျယ် 18.5:9 Aspect Ratio ဖြစ်ပါတယ်။ 1440×2960 Pixels Resolution ဖြစ်တဲ့အတွက် S7 များရဲ့ 1440×2560 ထက် တိုးတက်လာပါတယ်။
S8 ဖုန်း စကရင် ၂ ခုရဲ့ ကွာခြားချက်မှာ အရွယ်အစားဖြစ်ပါတယ်။ S8 မှာ ၅.၈ လက်မ စကရင်နဲ့ Plus မှာ ၆.၂ လက်မ စကရင် တပ်ဆင်ထားပါတယ်။ Resolution တူညီပေမယ့် Plus ဟာ အရွယ်ကြီးတဲ့အတွက် S8 စကရင်ရဲ့ ကြည်လင်ပြတ်သားမှုထက် အနည်းငယ် လျှော့နည်းပါတယ်။





ဒီဇိုင်း
S8 ဖုန်းများရဲ့ ဒီဇိုင်းဟာ အလွန် တူညီပါတယ်။ အနောက်ဘက်မှာ ဖန်မျက်နှာပြင်ကို ဖုံးအုပ်ထားပြီး စကရင်ရဲ့ အထက်နဲ့ အောက်မှ ဘောင်များက အလွန် သေးငယ်ပြီး သတ္တုကိုယ်ထည် တပ်ဆင်ထားပါတယ်။ Physical Home Button မပါဘဲ လက်ဗွေရာ အာရုံခံ ကိရိယာကို အနောက်ဘက်ကို ပြောင်းရွှေ့ထားပါတယ်။ ရေစိုခံပြီး ဖုန်မ၀င်အောင် ကာကွယ်ပေးပါတယ်။
ကွာခြားမှုက အရွယ်အစားကိုပဲ ပြောရမှာပါ။ S8 ရဲ့ အရွယ်အစား အပြည့်အစုံမှာ 148.9 x 68 x 8mm ဖြစ်ပြီး Plus ကတော့ 159 x 74 x 8mm ဖြစ်ပါတယ်။ အထူကတော့ တူညီပေမယ့် Plus ဟာ ပိုမိုရှည်ပြီး ကျယ်ပါတယ်။ စကရင် ဘေးဘောင်များကို မရှိသလောက်ဖြစ်အောင် ဖယ်ရှားထားတဲ့အတွက် S8 ဟာ Note 7 ထက် သေးငယ်သွားပါတယ်။ Plus ကတော့ iPhone 7 Plus နဲ့ အရွယ်တူပါတယ်။

OS နဲ့ စွမ်းရည်

နိုင်ငံအလိုက် မတူညီတဲ့ S8 Model များကို ရောင်းချမှာ ဖြစ်ပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 4GB RAM ထည့်သွင်းထားပေမယ့် Chipset ကတော့ နိုင်ငံအလိုက် ကွဲပြားမှာပါ။ Samsung က Chip အမည်များကို ပြောကြားခြင်း မရှိပေမယ့် 2.34GHz Octa-Core Chip ဖြစ်မှာပါ။ အမေရိကန်မှာ Snapdragon 835 နဲ့ ဥရောပနဲ့ အခြားနိုင်ငံများမှာ Exynos 8895 ထည့်သွင်းထားမှာပါ။ Chip ၂ ခုစလုံးဟာ စွမ်းဆောင်ရည်မြင့်မားပြီး စွမ်းရည်ကွာခြားမှု သိပ်မရှိပါဘူး။ ဖုန်းအသစ်များမှာ TouchWiz UI ကို Android Nougat နဲ့ ပေါင်းစပ်ထည့်သွင်းထားမှာပါ။



ကင်မရာ ကင်မရာ အပိုင်းမှာလည်း ဖုန်း ၂ လုံးဟာ တူညီကြပြီး ယခင်နှစ်ထုတ် ဖုန်းများနဲ့တောင် သိပ်မကွာခြားပါဘူး။ ဖုန်းအသစ်များမှာ S7 နဲ့ S7 Edge တို့မှာလို 12MP Rear Camera တစ်လုံးသာ တပ်ဆင်ထားပါတယ်။ ဒါပေမယ့် အရှေ့ဘက်ကင်မရာကို အဆင့်မြှင့်ထားပါတယ်။ S7 မှာ 5MP Camera တပ်ဆင်ထားပြီး S8 ဖုန်းများမှာ 8MP ကို သုံးထားပါတယ်။ ကင်မရာ အရည်အသွေးကိုတော့ နောက်ပိုင်းကျမှ စမ်းသပ်နိုင်မှာပါ။

ဘက်ထရီ
ဖုန်း ၂ လုံးဟာ အရွယ်အစားအပြင် အဓိက ကွာခြားချက်မှာ ဘက်ထရီ ဖြစ်ပါတယ်။ S8 Plus မှာ 3500mAh Battery နဲ့ S8 မှာ 3000mAh Battery တပ်ဆင်ထားပါတယ်။ စကရင် ကြီးမားလေလေ၊ ဘက်ထရီ စားသုံးလေလေ ဖြစ်တဲ့အတွက် Plus မှာ ပိုမို အရွယ်ကြီးတဲ့ ဘက်ထရီ တပ်ဆင်ထားတာပါ။ Note 7 လို အဖြစ်ဆိုးမျိုး မဖြစ်အောင်တော့ ဆုတောင်းရမှာပါ။ ဖုန်း ၂ လုံးစလုံးမှာ USB Type-C Port နဲ့ လျှင်မြန်စွာ အားသွင်းနိုင်တဲ့ နည်းပညာ ပါပါတယ်။


ဈေးနှုန်း

Samsung က ဈေးနှုန်းကို တရားဝင် ပြောကြားခြင်း မရှိသေးပေမယ့် သတင်းများအရ S8 Plus ကို ၉၅၀ ဒေါ်လာနဲ့ S8 ကို ၈၄၅ ဒေါ်လာဖြင့် ရောင်းချမှာပါ။ မြန်မာငွေ အားဖြင့် ၁၃ သိန်းနဲ့ ၁၁ သိန်းခွဲလောက် ကျသင့်နိုင်ပါတယ်။

အနှစ်ချုပ်
S8 နဲ့ S8 Plus တို့မှာ ကြီးမားတဲ့ ကွာခြားချက်တော့ မရှိပါဘူး။ S7 နဲ့ S7 Edge တို့ရဲ့ အဓိက ကွာခြားချက်မှာ Edge Model မှာ မျက်နှာပြင်ကွေး တပ်ဆင်ထားတာပါ။ အခုတော့ ဖုန်းအသစ် ၂ လုံးစလုံးမှာ မျက်နှာပြင်ကွေး တပ်ဆင်ထားပါတယ်။ S8 ရဲ့ စကရင်ဟာလည်း ၅.၈ လက်မ ဖြစ်တဲ့အတွက် ၂ လုံးစလုံးဟာ Phablet များ ဖြစ်ကြပါတယ်။ S8 Plus မှာတော့ ပိုမိုကြီးမားတဲ့ ဘက်ထရီ တပ်ဆင်ထားပါတယ်။ S8 ရဲ့ စကရင်ဟာ အနည်းငယ် ပိုမိုကြည်လင်မှာဖြစ်ပြီး အသုံးပြုရတာလည်း သက်တောင့်သက်သာ ဖြစ်မှာပါ။ S8 Plus ကတော့ Phablet Fans များ အကြိုက်ဖြစ်မှာပါ။ ဒီအချက်တွေကလွဲပြီး အခြား အရာများဟာ တူညီကြပါတယ်။




Credit to ==>> DigitalTimes.com.mm




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 www.pyaephyo.com

0 comments:

Post a Comment