Viber
ဖုန်းနံပါတ် (၃၅) ခုကနေလည်း တယ်လီနောဆင်းကတ်များကို မှတ်ပုံတင်နိုင်စေရန်
ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။ တယ်လီနော၏ ဈေးကွက်ဖော်ဆောင်ရေးအရာရှိ ချုပ်
Joslin Myrthong က “ အခုကျန်ရှိတဲ့ သီတင်း ၂ ပတ်အတွင်းမှာ
မှတ်ပုံမတင်ရသေးတဲ့ သုံးစွဲသူတွေ အဆင်ပြေပြေနဲ့ မြန်မြန်ဆန်ဆန်
ဆင်းကတ်မှတ်ပုံတင်နိုင်အောင်
ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ Facebook နဲ့ Viber ကိုသာ အများစုက အသုံးပြုကြတာမို့ Facebook Chat Box နဲ့ Viber ဖုန်းနံပါတ် ၃၅ ခုကနေလည်း အခုလဆန်းကစပြီး ဆင်းကတ်မှတ်ပုံတင်လို့ရအောင်
ဆောင်ရွက်ထားပေးပါတယ်။ အွန်လိုင်းကိုအသုံးပြုဖို့ မနီးစပ်သူတွေအနေနဲ့လည်း
နိုင်ငံတစ်ဝှမ်းက နီးစပ်ရာနေရာတွေမှာ ဆင်းကတ်မှတ်ပုံတင်နိုင်ပါတယ် ” ဟု ပြောကြားခဲ့သည်။ တယ်လီနောသည် လက်ရှိတွင် သုံးစွဲသူများအတွက် ဆင်းကတ်မှတ်ပုံတင်ရန် အွန်လိုင်းနှင့် ကိုယ်တိုင်သွားရောက်မှတ်ပုံ တင်ရသည့်နည်းလမ်း ၉ သွယ်ကို ဆောင်ရွက်ပေးထားပြီးဖြစ်ပါသ ည်။
အွန်လိုင်းမှဆောင်ရွက်ရာတွင် (http:// ecaf.telenor.com.mm/)၊ My Telenor app (http://bit.ly/mytelenor24)၊ Facebook (https://www.facebook.com/ TelenorMyanmar/)၊ Viber (၀၉၇၉၀၁၁၃၂၅၂ မှ ၃၂၆၁ အထိ၊ ၀၉၇၉၀၂၈၅၄၆၆ မှ ၅၄၉၀ အထိ၊ ၀၉၇၉၀၁၃၄၇၃၈) နှင့်
အီးမေးလ် (reg@telenor.com.mm) တို့၌ ကိုယ်တိုင်လွယ်ကူစွာ ၂၄ နာရီပတ်လုံး
မှတ်ပုံတင်ရန် စာရင်းသွင်းနိုင်သည်။ ဆင်းကတ်များ မှတ်ပုံတင်ရန်မှာ
ဥပဒေကြောင်းအရ ပြဌာန်းသတ်မှတ်ချက်တစ်ခုဖြစ်ပြီး
ဆင်းကတ်ကို မှတ်ပုံတင်ထားခြင်းဖြင့် သုံးစွဲသူများအနေနှင့်
မိုဘိုင်းမှတစ်ဆင့် ဆောင်ရွက်နိုင်သော ငွေရေးကြေးရေး ဝန်ဆောင်မှုများကို
လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မည်ဖြစ်သည်။
ဆင်းကတ်များကို မှတ်ပုံတင်ထားခြင်းမရှိပါက နိုင်ငံတော်အစိုးရက ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းများနှင့် ကိုက်ညီမှုမရှိသည့်အတွက် သက်ဆိုင်ရာဆက်သွယ်ရေးဝန်ဆော င်မှုကုမ္ပဏီများမှ ပေးအပ်ထားသော မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများ ပြတ်တောက်သွားမည်ဖြစ်ပြီး ဆင်းကတ်မှတ်ပုံတင်ပြီးမှသာ ၀န်ဆောင်မှုများ ပြန်လည်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
မြန်မာနိုင်ငံမှာ Facebook နဲ့ Viber ကိုသာ အများစုက အသုံးပြုကြတာမို့ Facebook Chat Box နဲ့ Viber ဖုန်းနံပါတ် ၃၅ ခုကနေလည်း အခုလဆန်းကစပြီး ဆင်းကတ်မှတ်ပုံတင်လို့ရအောင
အွန်လိုင်းမှဆောင်ရွက်ရာတွင
ဆင်းကတ်များကို မှတ်ပုံတင်ထားခြင်းမရှိပါက နိုင်ငံတော်အစိုးရက ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းများနှင့်
NetGuide Journal (Every Wednesday)
https://www.facebook.com/
0 comments:
Post a Comment