♪ " Xiaomi Mi Mix 2 ၏ နမူနာပုံစံပေါက်ကြားခဲ့ " ♫

No automatic alt text available.

Xiaomi Mi Mix သည် ဖုန်းလောကအား လှုပ်ခတ်စေခဲ့သော ဖုန်းတစ် လုံးဖြစ်ကာ CES လိုပွဲမျိုး၌ပင် ထင်ရှားသော ကြေညာမှုဖြစ်ခဲ့ပြီး US အတွက် ကြေညာခဲ့ခြင်းမရှိပေ။ယခုအခါ Mi Mix ၏ မျိုးဆက်သစ်ဖုန်းပုံစံကို Weibo ၌ 360 ဒီဂရီပုံအချို့ပေါက်ကြားမှုဖြစ်ခဲ့သည်။

အဆိုပါပုံစံအရ ယခုလက်ရှိ Mi Mix နှင့် များစွာတူညီခဲ့ပြီး ကျောဘက်ကိုကြွေသားဖြင့် ဖန်တီးဆဲဖြစ်ကာ ဘေးဘောင်များမှာလည်း လုံးဝမပါဟု ထင်ရသလောက်ပင်ပါးလွှာခဲ့ကြောင်း တွေ့ရသည်။ ကွဲပြားခြားနား မှုများအနေဖြင့် ကျောဘက်တွင် ဒုတိယကင်မ ရာကို တွေ့ကြရပြီး dual camera ပုံစံဖြစ်လာကာ မူလ Mi Mix ထက်ပင် ဘေးဘောင်များပိုမို ပါးလွှာလာခဲ့ကြောင်း တွေ့ကြရသည်။ သတင်းအရ model အသစ်တွင် screen to body အချိုးမှာ မူလ Mi Mix ၏ 91.3% ထက်တိုးတက်ကာ 93% ရှိလာမည်ဟု ဆိုသည်။

93% ရရှိရန် အောက် ဘက်ဘေးဘောင်အား အနည်းငယ်ထပ်မံလျော့ချခဲ့ခြင်းဖြစ် သည်။ စပီကာ အပေါက်မလိုအပ်သည့် bone conduction audio နည်းပညာကိုသာ ဆက် လက်သုံးစွဲသွားမည်ဖြစ်သည်။ ကျောဘက်တွင် Fingerprint scanner လည်းပါဝင်ခဲ့သည်။ သတင်းထဲတွင် display ၏ အရွယ်အစား ပါဝင်ခဲ့ခြင်းမရှိ ပေ။ သို့သော် Mi Mix တွင် တွေ့ရသည့် ကြီးမားလှသော 6.4” display ထက်ပို၍ ကျစ်ကျစ်လျစ်လျစ်ရှိမည့် 5.7” display ကို မျှော်လင့်လျက်ရှိကြ သည်။

Xiaomi မှ Mi Mix ဖုန်းများကို တရုတ်နိုင်ငံပြင်ပတွင် စတင်ရောင်း ချနိုင်ရန် မျှော်လင့်နေကြပြီး မကြာမီက ဗီယက်နမ်တွင် စတင်ရောင်းချပေး နိုင်ခဲ့သည်။ 



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com

0 comments:

Post a Comment