♪ Gmail ထဲက ဗီဒီယိုကို download လုပ်စရာမလိုဘဲ ကြည့်ရှုနည်း ♫


Gmail ကို desktop ကွန်ပျူတာကနေ သုံးစွဲသူတွေအနေနဲ့ အီးမေးလ်က ဗီဒီယိုဖိုင်တွေကို download လုပ်စရာမလို၊ အခြား media player သုံးစရာမလိုဘဲ ကြည့်နိုင်မယ့် feature သစ်ကို Google က မိတ်ဆက်ပေးလိုက် ပါတယ်။

အရင်က Gmail မှာ attach အနေနဲ့ ပါဝင်လာတဲ့ ဗီဒီယိုတွေကို ကြည့်မယ်ဆိုရင် Gmail account ထဲကနေ desktop PC ရဲ့ hard drive ထဲကို download လုပ်ပြီး မှ third-party media ဆော့ဖ်ဝဲတစ်ခုခုကို အသုံးပြုပြီး ကြည့်ရပါတယ်။ အခုအခါမှာတော့ Google က ဖြန့်ချိပေးလိုက်တဲ့ feature သစ်ကြောင့် Gmail မှာ ဗီဒီယိုဖိုင်တွေကို download လုပ်ဖို့မလိုဘဲ တစ်ခါတည်း ကြည့်ရှုနိုင်ပါပြီ။ အသုံးပြုပုံက အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဗီဒီယို attachment ပါတဲ့ အီးမေးလ်ကို ဖွင့်လိုက်တာနဲ့ ဗီဒီယိုဖိုင်မှာ download နဲ့ save to drive ဆိုတဲ့ icon နှစ်ခုကိုတွေ့ရပါမယ်။ အဲ့ဒီ icon တွေကိုမနှိပ်ဘဲ attachment ကို နှိပ်လိုက်ရင် Gmail account ထဲမှာတင် ဗီဒီယိုဖိုင်ကို streaming ကြည့်နိုင်ပြီ ဖြစ်ပါတယ်။ ဒီ feature ကို desktop user တွေအားလုံး သုံးစွဲနိုင်ဖို့အတွက် နောက်ထပ် ၁၅ ရက်လောက်တော့ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။



Credit to ==> Internet Journal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment