♪ အားသွင်းထားတဲ့ဖုန်းကို ရေချိုးရင်း သုံးမိလို့ ဓာတ်လိုက်သေဆုံးခဲ့တဲ့ iPhone User ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/iph.jpg?fit=800%2C450&ssl=1

အခုခေတ်စမတ်ဖုန်း user အချို့ဟာ စမတ်ဖုန်းကို လက်က မချတမ်း အသုံးပြုလေ့ရှိကြတဲ့အတွက် မဖြစ်သင့်တဲ့ ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခု ဖြစ်ပျက်နေတာကို မကြာခဏ ဆိုသလို ကြားသိနေကြပါတယ်။ အခု လည်း iPhone User တစ်ယောက်ဟာ ဖုန်းကို အားသွင်းထားရင်းနဲ့ bathtub ထဲအထိ ယူဆောင်အသုံးပြု မိလို့ ဓာတ်လိုက်ကာ သေဆုံးသွားခဲ့တယ် ဆိုတဲ့ သတင်းတစ်ရပ် ပေါ်ထွက်လာပြန်ပါတယ်။

Facebook လိုမျိုး Social Media တွေကို အလွန်အမင်းအသုံးပြုတတ်သူတွေဟာ ၄င်းတို့ရဲ့ feed မှာ ဘာတွေ အသစ်တက်လာလဲ ၊ ၄င်းတို့ရဲ့ Post တွေကို ဘယ်သူတွေ React ပေးလဲ ၊ comment ပေးလဲ ၊ စတာတွေကို အချိန်တိုင်း သိချင်နေကြသလို ၊ Real Time Online Game တွေဆော့ကစားတတ်တဲ့ သူတွေဟာလည်း အချိန်နဲ့ အမျှ task တွေကို ပြုလုပ်ကြရတဲ့အတွက် ရေအိမ် ထဲအထိတောင် စမတ်ဖုန်းတွေကို ယူဆောင်အသုံး ပြုတတ်ကြပါတယ်။

ရေအိမ်ထဲကိုယူသွားတာဟာ စမတ်ဖုန်းပြုတ်ကျသွားတာလောက်သာ ဖြစ်တတ်တဲ့အတွက်အသက်
အန္တရာယ်မရှိဘူးလို့ပြောနိုင်ပါတယ်။ အခုလို bathtub ထဲအထိ ရေစိမ်နေရင်း အသုံးပြုတာကလည်း အမှန်ဆို အသက်အန္တရာယ်မရှိတဲ့ ကိစ္စတစ်ခုလို့ပြောနိုင်ပါသေးတယ်။ ဒါပေမယ့် ဖုန်းကို အားသွင်းနေရင်းနဲ့ bathtub ထဲမှာအသုံးပြုတာကတော့ တော်တော်ကို မိုက်ရူးရဲ ဆန်တဲ့ လုပ်ရပ်လို့ ပြောရမှာဖြစ်ပါတယ်။



အခုလို သေဆုံးခဲ့တဲ့သူကတော့ လန်ဒန် မှာနေထိုင်တဲ့ အသက် (၃၂) နှစ်အရွယ် ဗြိတိန်လူမျိုး Richard Bull ဆိုသူဖြစ်ပြီး ပြီးခဲ့တဲ့ (၂၀၁၆) ဧပြီလတုန်းကလည်း မလေးရှားနိုင်ငံက အသက်(၃၀) အရွယ် အမျိုးသမီး တစ်ဦးကလည်း အလားတူဖြစ်ရပ်မျိုးနဲ့ သေဆုံးခဲ့ဖူးတယ်လို့ သိရပါတယ်။

ဒီလို ဖြစ်ရပ်မျိုးဟာ ဖြစ်တောင့်ဖြစ်ခဲတဲ့ မတော်တဆ ဖြစ်ရပ်တစ်ခုဖြစ်ပေမယ့် အခုခေတ် အနေအထားအရ ဒီလိုဖြစ်ရပ်မျိုး ထပ်မံဖြစ်ပေါ်လာနိုင်ခြေရှိတဲ့အတွက် ရေချိုးခန်းထဲကို လျှပ်စစ်ပစ္စည်းတွေ မယူဆောင်ကြဖို့၊ အသုံးမပြုကြဖို့ သတိပေးမှုတွေ ရှိလို့လာပါတယ်။

သေဆုံးခဲ့သူ Richard Bull ရဲ့ မိခင်ဖြစ်သူကတော့ “ ကျွန်မအရမ်းကို စိတ်ပူမိပါတယ်။ အထူးသဖြင့် ဖုန်းနဲ့ လက်နဲ့ မခွာနိုင်တဲ့ လူငယ်တွေကိုပါ။ ကျွန်မသားကို သင်ခန်းစာယူပြီး ဆင်ခြင်ကြဖို့ တိုက်တွန်းချင်ပါတယ် “ ဆိုပြီးပြောကြားခဲ့တယ်လို့သိရပါတယ်။



Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 









www.pyaephyo.com

0 comments:

Post a Comment