♪ ရှေးခေတ်စတိုင် iPhone 7+ ကို ၂၆ သိန်း နဲ့ ၀ယ်ယူနိုင် ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/ColorWare-Retro-iPhone-7-plus.jpg?fit=800%2C480&ssl=1


သိတ်မကြာခင် က ထွက်ရှိထားတဲ့ Apple ထုတ်ကုန် အသစ် ဖြစ်တဲ့ iPhone7+ ကို ရှေးခေတ် က ဒီဇိုင်း နဲ့ စတိုင်ကျကျ ကိုင်ချင်သူတွေ အတွက် မြန်မာငွေ ၂၆ သိန်း နဲ့ ရရှိနိုင်တယ် လို့ သိရပါတယ်။ Retro iPhone7+ လို့လည်း ခေါ်ကြပါတယ်။

၁၉၈၀ ခုနှစ် က Apple ကုမ္ပဏီ က ထုတ်လုပ်ခဲ့တဲ့ Macintosh ကွန်ပျူတာတွေ ပုံစံမျိုးကို ဒီဘက်ခေတ် နည်းပညာအသစ်အဆန်းတွေ နဲ့ တွဲဖက်ပြီး ကိုင်တွယ်သုံးစွဲနိုင်ပါတယ်။ ဖုန်းရဲ့ နောက်ကျောမှာ ထည့်သွင်းထားတဲ့ လိုဂိုကလည်း ယခင်ခေတ်က Apple ကုမ္ပဏီ က သုံးစွဲခဲ့တဲ့ လိုဂို ကို အရောင်စုံ ပြန်လည် သုံးစွဲထားပါတယ်။ အဲဒီ ပရောဂျက် ကို ColorWare လို့ ခေါ်တဲ့ အမေရိကန်ပြည်ထောင်စု မင်နီဆိုတာ မှာ ရှိတဲ့ Paint Shop ကနေ ပြုလုပ်ပေးတာ ဖြစ်ပါတယ်။

ကျသင့်ငွေထဲမှာ ဖုန်း ဖိုးနဲ့ ဖုန်းရဲ့ တခြား စရိတ်စကတွေကို ထည့်သွင်းတွက်ချက်ပြီး ဖြစ်တဲ့ အတွက် Amazon တို့လိုမျိုး အရောင်းဌာနတွေနဲ့ အွန်လိုင်း Delivery တွေကနေ တဆင့် မှာကြား လို့ ရရှိနိုင်တယ် လို့ ဆိုပါတယ်။ iphone7+ 256GB အပေါ်မှာ တွက်ချက်ထားတဲ့ ဈေးနှုန်းဖြစ်ပြီး ၁ နှစ် အာမခံပေးထားပါတယ်။ Apple ကုမ္ပဏီကတော့ တီထွင်ဆန်းသစ်မှု ကို အားပေးပေးမယ့် အဲဒီလို ကိစ္စတွေဟာ စီးပွားရေးလုပ်ငန်းတွေကို ရှုပ်ထွေးမှုဖြစ်စေမယ် လို့ သတိပေးထားပါတယ်။



Credit to ==> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com

0 comments:

Post a Comment