♪ “Nokia : Smartphones for Life” ♫

Image may contain: one or more people

မိုဘိုင်းဖုန်းလောကရဲ့ ဘုရင်တစ်ပါးလို့သတ်မှတ်နိုင်တဲ့ Nokia ဟာ MWC2017 ပွဲမှာ စမတ်ဖုန်းအသစ် ၄ လုံးကို မိတ်ဆက်လိုက်ပါတယ်။ စမတ်ဖုန်းလောကနဲ့ အချိန်အတန်ကြာကင်းကွာနေခဲ့တဲ့ နိုကီယာရဲ့ စမတ်ဖုန်း တွေဟာ စွဲမက်စရာကောင်းလောက်အောင်ဒီဇိုင်းနဲ့ Hardware ပိုင်းမှာ ပြည့်စုံခဲ့ပါတယ်။ ဒါ့အပြင် ဈေးနှုန်းပိုင်း အရ ကြည့်လိုက်မယ်ဆိုရင်လည်း တန်ဖိုးသင့်၊ တန်ဖိုးကြီးဆိုပြီးခွဲခြားထားပါတယ်။ စမတ်ဖုန်းအားလုံးမှာ Android OS နဲ့ အတူ Google Assistant ထည့်သွင်းထားပါတယ်။ Nokia 6 ရဲ့ အခြေခံဈေးနှုန်းမှာ ယူရို ၂၂၉ နဲ့ဖြစ်ပြီး တန်ဖိုးကြီးမော်ဒယ်ကတော့ ယူရို ၂၉၉တန်ကြေးရှိပါတယ်။ Nokia 5 ကို ယူရို ၁၈၉၊ Nokia 3 ကို ယူရို ၁၃၉၊ Nokia 3310 ကို ယူရို ၄၉ သတ်မှတ်ထားပါတယ်။ ဖုန်းအားလုံးကို ယခုနှစ် ဧပြီလနဲ့ ဇွန်လအကြားမှာ ရောင်းချပေးသွားမှာပါ။ ဒါကြောင့်နိုကီယာရဲ့ စမတ်ဖုန်းအသစ်တွေအကြောင်း မိတ်ဆက်ဖော်ပြပေးလိုက်ပါတယ် . . .

<Nokia 6 United we have more fun>

Nokia 6 ဟာ စမတ်ဖုန်း ၄ လုံးထဲမှာ စွမ်းဆောင်ရည်အမြင့်မားဆုံး ဖြစ်ပါ တယ်။ Dual SIM Smartphone ဖြစ်ပြီး ၅.၅ လက်မ Full HD Display တပ်ဆင်ထားပါတယ်။ မျက်နှာပြင်ကို Corning Gorilla Glass 3 ဖြင့် ကာကွယ်ထားပါတယ်။ Octa-Core Qualcomm Snapdragon 430 ပရိုဆက်ဆာနဲ့အတူ ဂရပ်ဖစ်ပိုင်းအတွက် Adreno 505 GPU ကိုသုံးထားပါ တယ်။ အချက်အလက်သိုလှောင်မှုအတွက် 32GB တပ်ဆင်ထားပြီး 3GB RAM နဲ့ဖြစ်ပါတယ်။ 128GB အထိဝင်ဆံ့တဲ့ microSD Card ထပ်မံထည့်သွင်းနိုင်ပါ လိမ့်မယ်။ ကင်မရာပိုင်း မှာတော့ PDAF ပါတဲ့ 16MP နောက်ကျောဘက် ကင်မရာနဲ့ 8MP အရှေ့ဘက်ကင်မရာ တပ်ဆင်ပေးထားပါတယ်။ ကွန်ရက် ချိတ်ဆက်မှုပိုင်းအတွက်တော့ 4G LTE, Bluetooth 4.1, USB OTG, WiFi, GPS များကို ထောက်ပံ့ပါတယ်။ ဘက်ထရီစွမ်းအားပိုင်းမှာတော့ 3000 mAh နဲ့ဖြစ်ကာ Dolby Atmos နည်းပညာပါတဲ့ စပီကာ ၂ လုံးတပ်ဆင်ထားပါတယ်။ လက်ဗွေရာအာရုံခံကိရိယာကို Home Button မှာမြှုပ်နှံထားပါတယ်။ တန်ဖိုးကြီးမော်ဒယ်လို့သတ်မှတ်နိုင်တဲ့ black special edition မှာတော့ 4GB RAM နဲ့ အချက်အလက် သိုလှောင်မှုအတွက် 64GB ဖြစ်မှာပါ။

<Note>

သပ်ရပ်တဲ့ကိုယ်ထည်ဒီဇိုင်းနဲ့လက်ထဲမှာ အလိုက်သင့်ကိုင်တွယ်နိုင်မယ့်ပုံစံမျိုး နိုကီယာ ၆ မှာ တွေ့ရမှာဖြစ်ပါ တယ်။ အရောင်ရွေးချယ်မှုပိုင်းမှာလည်း ၅ ရောင် အထိရှိပြီး စွမ်းဆောင်ရည်နဲ့ဘက်ထရီ လိုက်ဖက်ညီတဲ့ဖုန်းလို့ ဆိုနိုင် ပါတယ်။ ဒီထက်ပိုကောင်းတာကတော့ဆော့ဝဲ Update တွေကို ပုံမှန်ရနိုင် တာပဲဖြစ်ပါတယ်။ ရှင်း လင်းပြတ်သားတဲ့ Display နဲ့ဖြစ်ပြီး ဖျော်ဖြေရေး ဆိုင်ရာအတွက် ကောင်းမွန်ပြီး နေရောင်ထဲမှာဖုန်းကိုသုံးမယ် ဆိုရင် ပတ်ဝန်းကျင်အလင်းနဲ့ ချိန်ညှိပေးပါလိမ့်မယ်။ wide view angle ကြောင့် လည်း သူငယ်ချင်းတွေနဲ့ ရုပ်ရှင်ကားတွေကြည့်တဲ့အခါမှာ မြင်ကွင်းရှင်းနေ ပါလိမ့်မယ်။ Dual စပီကာစနစ်နဲ့အတူ အသံညှိစနစ်ပိုင်း မှာလည်း ကောင်းမွန် ပါတယ်။ သင့်ရဲ့ရင်ခုန်စရာ အခိုက်အတန့်တွေကို ဖမ်းယူနိုင်စေဖို့အတွက် ကတော့ နောက် ကျောဘက် 16MP ကင်မရာမှာ phase detection autofocus လုပ်ဆောင်ချက်ကို သုံးနိုင်ပါလိမ့်မယ်။ dual-tone flash ဟာ အဓိကကင်မရာနဲ့ ဓာတ်ပုံတွေရိုက်ကူးတဲ့အခါမှာ သဘာဝအတိုင်း ကြည့်ကောင်းတဲ့ပုံထွက်ရအောင် ကူညီပေးပါလိမ့်မယ်။ အလင်းအားနည်းတဲ့ အချိန်မှာတောင် ရုပ်ထွက်ကောင်းပါလိမ့်မယ်။ လက်ရှိအချိန် နဲ့ update အဖြစ်ဆုံး OS ကိုသုံးနိုင်မှာပါ။ ရိုးရှင်းလွယ်ကူတဲ့ UI အပြင်အဆင်ကြောင့် လည်း သွက်လက်စွာ သုံးစွဲနိုင်ပါလိမ့်မယ်။

<Nokia 5 compact Android phone>

Nokia 5 မှာ ၅.၂လက်မမျက်နှာပြင်တပ်ဆင်ထားပြီး အလူမီနီယမ်ကိုယ်ထည် နဲ့တည်ဆောက်ထားပါတယ်။ Compact ဖုန်းဒီဇိုင်းဖြစ်ပြီး သူ့မှာ Nokia 3 ထက်ပိုသာတဲ့ လုပ်ဆောင်ချက်အချို့ကို မြင်ရမှာဖြစ်ပါတယ်။ ပရီမီယမ် ဒီဇိုင်းကို သက်သာတဲ့ဈေးနှုန်းနဲ့ရနိုင်မှာဖြစ်ပါတယ်။ 720HD မျက်နှာပြင်ဟာ ဂိမ်းဆော့ကစားလိုသူ တွေနဲ့ ဗီဒီယိုကြည့်လိုသူတွေအတွက် အဆင်ပြေမယ့် ပုံရိပ်ဖော်ပြနိုင်စွမ်းကို ရရှိစေပါလိမ့်မယ်။ နိုကီယာဟာ android ဖုန်းဈေးကွက် ဆီကို အလုံးစုံဝင်ရောက်လာခဲ့ပါပြီ သူ့မှာ android 7.1 ကို တစ်ပါတည်း သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ အချက်အလက်သိုလှောင်ဖို့အတွက် 16GB Storage နဲ့ဖြစ်ပြီး 2GB RAM ထောက်ပံ့ပေးထားမှာပါ။ ပရိုဆက်ဆာနဲ့ပတ်သက်ရင် လည်း လုပ်ဆောင်ချက်တွေကို မြန်ဆန်စွာစွမ်းဆောင်ပေးမယ့် Qualcomm Snapdragon 430 နဲ့ ဖြစ်ပါတယ်။ ကင်မရာတပ်ဆင်ပေးထားမှုမှာတော့ နောက်ကျောဘက်ကင်မရာဟာ 13MP ဖြစ်ပြီး အရှေ့ဘက်ကင်မရာငယ် ကတော့ 8MP တပ်ဆင်ထားပါတယ်။ ဘက်ထရီစွမ်းအားကတော့ 3000mAh ဖြစ်တာကြောင့် စွမ်းရည်ပြည့်လုပ်ဆောင်နိုင်မှုနဲ့ အသုံးချနိုင်ပါလိမ့်မယ်။ အပြာ၊ အနက်နဲ့ ငွေရောင် များထုတ်လုပ်ပေးထားပါတယ်။

<Nokia 3310 (2017)>

မိုဘိုင်း Handset ရဲ့ Keypad ဖုန်းလောကမှာ ဘုရင်တစ်ဆူလို့ခေါ်နိုင်တဲ့ Nokia 3310 ကို ပြန်လည်ဆန်း သစ်ပြီး ထုတ်လုပ်ပေးလိုက်ပါတယ်။ ဆန်းသစ်တဲ့သွင်ပြင်နဲ့ ပြန်လည်ထွက်ရှိလာတဲ့ Nokia 3310 ဟာ 2G Network အမျိုးအစားဖြစ်ပါတယ်။ Nokia 3310 မှာ ၂.၄ လက်မ QVGA Display တပ်ဆင်ထားပါတယ်။ Resolution ကတော့ 240 x 320 Pixels ဖြစ်ကာ Pixel သိပ်သည်းဆပမာဏကတော့ 167ppi ဖြစ်ပါတယ်။ 2MP Camera နဲ့ microSD Card Slot ပါပါတယ်။ Keypad Phone ဖြစ်ပြီး ဘက်ထရီသက်တမ်းမှာ ဖုန်းပြောရင် ၂၂ နာရီနဲ့ Standby အသုံးပြုရင် တစ်လအသုံးခံပါတယ်။ 3G ရတဲ့ Phone တွေလောက်တော့ Internet သုံးရ တာမမြန်လောက်ပါဘူး။ Version အသစ်နဲ့ ကစားနိုင်တဲ့ Snake Game လည်း ထည့်သွင်းပေး ထားတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဖုန်းထဲမှာ Contact ပေါင်း ၂ဝဝဝ ထိမှတ်နိုင်ပြီး မှတ်ဥာဏ် သိမ်းဆည်း နိုင်တဲ့ ပမာဏကတော့ 16MB ဖြစ်ပြီး Micro SD ကိုလည်း 32GB ထိ တိုးမြှင့်သုံးစွဲနိုင်ပါတယ်။ အရောင် လေးမျိုးနဲ့ရနိုင်မှာဖြစ်ပြီး Warm Red၊ Yellow၊ Dark Blue နဲ့ Gray တို့ပဲဖြစ်ပါတယ်။ ဖုန်းရဲ့ဈေးနှုန်းကတော့ ဒေါ်လာ ၅ဝ ကျော်သာ ကုန်ကျနိုင် မှာဖြစ်တာကြောင့် ဟိုးအချိန်တုန်းက နိုကီယာဖုန်းတွေကို နှစ်သက်သူတွေ အတွက် ဝယ်ယူကိုင်တွယ်ချင်စရာ ဖုန်းလေးတစ်ခုလို့ ဆိုနိုင်ပါတယ်။

<Nokia 3 budget Android phone with premium design>

Nokia 3 ကိုတော့ Entry-level အဆင့်ဖုန်းအဖြစ်သတ်မှတ်ထုတ်လုပ် ပေးလိုက်တာဖြစ်ပါတယ်။ အလူမီနီယမ် ကိုယ်ထည်နဲ့အတူ နောက်ကျောဘက် မှာတော့ ပိုလီကာဗွန်နိတ်အသားကိုသုံးထားပါတယ်။ Nokia 3 မှာ ၅ လက်မ HD မျက်နှာပြင်တပ်ဆင်ထားပါတယ်။ ပုံရိပ်ဖော်ပြသည့်အပိုင်းမှာတော့ IPS display မှာ 1280 x 720pixels နဲ့ဖြစ်ပါတယ်။ မျက်နှာပြင်ကာကွယ်နိုင်မှု အတွက် gorilla glass နဲ့ဖြစ်ပါတယ်။ အရှေ့နဲ့အနောက်မှာ 8MP Camera ပါရှိပါတယ်။ အရှေ့ဘက်ကင်မရာဟာ wideangle ဖြစ်တာကြောင့် ပုံရိပ် တွေကိုအကောင်းဆုံး ဖမ်းယူနိုင်ပါလိမ့်မယ်။ ပရိုဆက်ဆာပိုင်းမှာတော့ Quad-Core MediaTek MT6737 Chipset မောင်းနှင်မှာဖြစ် ပြီး 2GB RAM နဲ့ဖြစ် ပါတယ်။ အချက်အလက်သိုလှောင်နိုင်စွမ်းအတွက်ကတော့ 16GB နဲ့လာ မှာဖြစ်ပြီး SD card ကိုထပ်ထည့်မယ်ဆိုရင်တော့ 128GB အထိလက်ခံ နိုင်စွမ်းရှိမှာဖြစ်ပါတယ်။ ဘက်ထရီစွမ်းအားကတော့ 2650mAh ကို ထည့်သွင်းပေးထားပါတယ်။ OS ကတော့ နောက်ဆုံးထွက် Android 7.1.1 Nougat ကို သုံးနိုင် ပါလိမ့်မယ်။

<Nokia 6(immersive entertainment)>

<Out side>
. အဆင်ပြေသွက်လက်တဲ့ လက်ဗွေဖတ်စနစ်ကို သုံးနိုင်မယ်၊
. တောက်ပရွှန်းစိုတဲ့ full HD ဖန်သားပြင်ကို gorilla glass နဲ့ကာကွယ် ထားတယ်၊
. ကျယ်ဝန်းတဲ့မြင်ကွင်းကိုထုတ်ပေးမယ်၊
. နောက်ကျောဘက် 16MP ကင်မရာနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ တပ်ဆင်ထား၊
. စပီကာ၂ ခုနဲ့အတူ ပြည့်စုံတဲ့ အသံထွက်အတွက် Dolby Atmos စနစ်၊
. ဆင်းကတ်ရွေးချယ်မှုအတွက် Dual,single ဆိုပြီး ရွေးချယ်နိုင်မယ်၊

<Inside>

. ရှင်းလင်းတဲ့အပြင်အဆင်ပါ။ UI ဟာ ရှုပ်ပွနေမှာ မဟုတ်ပါဘူး။ Android Nougat နဲ့အတူ ပုံမှန် update ရနေစေမယ်၊
. နောက်ဆုံးမျိုးဆက် snapdragon 430 ပရိုဆက်ဆာ၊ အကောင်းဆုံး ဘက်ထရီသက်တမ်းနဲ့ပိုမိုပြည့်စုံ လာတဲ့ ဂရပ်ဖစ်စွမ်းဆောင်ရည်၊
. 3GB RAM, Google ရဲ့ဝန်ဆောင်မှုတွေကို အပြည့်အဝရရှိမယ်။ Google Photo,Google Play တို့ တစ်ပါတည်းထည့်သွင်း၊
. ပြည့်ဝတဲ့သိုလှောင်မှုအတွက် 32GB ဖြစ်ပြီး၊ SD card ထောက်ပံ့မှုရကာ 128GB အထိလက်ခံနိုင်၊

<Nokia 5(sleek curved design)>

<Out Side>

. သင့်လက်ထဲမှာအလိုက်သင့်ကိုင်တွယ်လို့ရနိုင်မယ့်သတ္တုကိုယ်ထည် စပ်ကြောင်းလေးနဲ့ပြည့်စုံတဲ့ဒီဇိုင်း၊
. အဆင်ပြေသွက်လက်တဲ့ လက်ဗွေဖတ်စနစ်ကို သုံးနိုင်မယ်၊
. ၅.၂လက်မ HD မျက်နှာပြင်မှာ နေ့အလင်းရောင် တိုက်ရိုက်ကျမှု ကာကွယ် နိုင်စွမ်း၊ Gorilla glass အလွှာပါးနဲ့ကာကွယ်မှု၊
. နောက်ကျောဘက် 13MP ကင်မရာနဲ့ အရှေ့ဘက် မှာ 8MP ကင်မရာ တပ်ဆင်ထား၊
. ဆင်းကတ်ရွေးချယ်မှုအတွက် dual,single ဆိုပြီး ရွေးချယ်နိုင်မယ်၊

<Inside>

. ရှင်းလင်းတဲ့အပြင်အဆင်ပါ၊ UI ဟာရှုပ်ပွနေမှာမဟုတ်ပါဘူး၊ Android Nougat နဲ့အတူပုံမှန် update ရနေစေမယ်၊
. နောက်ဆုံးမျိုးဆက်သစ် snapdragon 430 ပရိုဆက်ဆာဒီဇိုင်းနဲ့ အကောင်းဆုံးဘက်ထရီသက်တမ်းနဲ့ ပိုမို ပြည့်စုံလာတဲ့ ဂရပ်ဖစ်စွမ်းဆောင် ရည်၊
. သင့်ရဲ့အဆက်အသွယ်တွေနှင့် NFC လုပ်ဆောင်ချက်နဲ့ လွယ်ကူစွာဝေမျှ နိုင်မယ်၊
. ပြည့်ဝတဲ့ သိုလှောင်မှုအတွက် 16GB ဖြစ်ပြီး၊ SD Card ထောက်ပံ့မှုရကာ 128GB အထိလက်ခံနိုင်၊

<Nokia 3(Beautifully design android)>

<Out Side>

. လှပပြည့်စုံလွန်းတဲ့ပိုလီကာဗွန်နိတ်ကိုယ်ထည်၊
. စက်ပိုင်းဆိုင်ရာအနုစိတ်ကျမှုတွေနဲ့ အလူမီနီယမ်ဘေးဘောင်၊
. ဘယ်လိုအချိန်ကြည့်ကြည့်ရှင်းလင်းပြတ်သားနေမယ့် ၅လက်မဖန်သားပြင်၊ Gorilla glass ဖုံးအုပ်ပေးထား၊
. အရှေ့ဘက်ရောကျောဘက်မှာပါ 8MP ကင်မရာတပ်ဆင်ပေးထားပြီး autofocus လုပ်ဆောင်ချက်သုံးစွဲနိုင်၊
. ဆင်းကတ်ရွေးချယ်မှုအတွက် dual,single ဆိုပြီး ရွေးချယ်နိုင်မယ်၊

<Inside>

. ရှင်းလင်းတဲ့အပြင်အဆင်ပါ၊ UI ဟာ ရှုပ်ပွနေမှာ မဟုတ်ပါဘူး၊ Android Nougat နဲ့အတူ ပုံမှန် Update ရနေစေမယ်၊
. အမှတ်တရဓာတ်ပုံတွေကိုသိမ်းဆည်းဖို့၊ ပြန်လည်ဝေမျှဖို့အတွက် Google Photo app ကို လွယ်ကူစွာ သုံးနိုင်မယ်၊
. ပြည့်စုံတဲ့အတွေ့အကြုံတွေအတွက် ဆင်ဆာစနစ်အလုံအလောက် ထည့်သွင်းပေးထားပြီး၊ ပြန်လည်ဝေမျှခြင်းတွေအတွက် NFC ကိုသုံးနိုင်မယ်၊
. LTE 4G ချိတ်ဆက်မှုကိုအသုံးပြုပြီးတော့ ideo streaming နဲ့သီချင်းတွေ ကို အထေ့အငေါ့မရှိမြန်ဆန် စွာ download ပြုလုပ်နိုင်မယ်၊
. 16GB သိုလှောင်မှုဟာ သင့်အမှတ်တရအခိုက်အတန့်တွေအတွက် လုံလောက်တဲ့ပမာဏဖြစ်ပြီး၊ SD card ကို ထပ်ထည့်ပြီးတော့လည်း 128GB အထိထပ်တိုးနိုင်မယ်၊

<Nokia 3310 (A Modern Classic reimagined)>

<Out Side>

. လှပတဲ့ခလုတ်လေးတွေက ထိတွေ့ရတာကောင်းမွန်သလို၊ အဝိုက်ဒီဇိုင်း လေးကစွဲမက်ဖွယ်ပါ၊
. 2MP ကင်မရာမှာ Led flash တပ်ဆင်ပေးထားပြီး၊ လျှပ်တစ်ပြက်ဓာတ်ပုံ လေးတွေကို လွယ်ကူစွာရိုက် နိုင်မှာပါ၊
. သီချင်းတွေကို နားဆင်နိုင်ဖို့အတွက် headphone jack လေးပါရှိတယ်၊
. ၂.၄လက်မရှိတဲ့ အကွေးပုံသဏ္ဌာန်မြင်ကွင်းလေးနဲ့အတူ၊ အလင်းလှိုင်း ဖြာထွက်မှုကိုထိန်းချုပ်ပေးပြီး၊ နေရောင်ထဲမှာတောင် စာလုံးလေးတွေ ထင်ရှားစွာမြင်ရမှာပါ၊
. ကွန်ရက်ချိတ်ဆက် ဆင်းကတ်ရွေးချယ်မှုအတွက် dual, single ဆိုပြီး ရွေးချယ်နိုင်မယ်၊

<Inside>

. 2G ကွန်ရက်ချိတ်ဆက်မှုနဲ့ဟာ ဖုန်းခေါ်ဆိုမှုနဲ့စာသား မက်ဆေ့တွေ ပေးပို့နိုင်တယ်၊
. မူလဒီဇိုင်းကနေ ခွဲထွက်နေတဲ့ UI အပြင်အဆင်ကို ခံစားရမယ်၊
. အံ့သြလောက်စရာကောင်းတဲ့ဘက်ထရီသက်တမ်းကြောင့် စကားပြောဆို မှုတွေမှာ ၂၂နာရီခံနိုင်စွမ်းရှိမယ်၊
. သီချင်းကောင်းတွေနားဆင်နိုင်ဖို့ FM radio နဲ့ Mp3 Player လုပ်ဆောင်ချက် ကိုသုံးနိုင်မှာပါ၊
. 16MB သိုလှောင်မှုပဲရရှိနိုင်မှာဖြစ်ပြီး SD card မဖြစ်မနေ ထည့်သွင်း ရမှာပါ။ 32GB အထိ ထောက်ပံ့ပေးပါတယ်၊



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com

0 comments:

Post a Comment