♪ OPPO F3 Plus - အားသာချက် ၊ အားနည်းချက် ၊ ဒီဇိုင်း ၊ နည်းပညာနှင့် အသေးစိတ်ဖော်ပြချက်များ Price : 599,000 Ks ♫

http://cdn.gsmarena.com/imgroot/news/17/03/f3-plus-india/-728/gsmarena_002.jpg

အားသာချက်
ထူးခြားတဲ့ စမတ်ဖုန်း တစ်လုံးလို့ ဆိုရမှာပါ။ နောက်ဘက် ကင်မရာတွေမှာ Dual ကင်မရာ စနစ်တွေ အသုံးပြုလာချိန်မှာ OPPO ကနေပြီး ရှေ့ကင်မရာအတွက် Selfie Expert ဆိုပြီးတော့ ရှေ့ကင်မရာ ၂ လုံးပါ ဝင်လာတဲ့အတွက် Selfie ကောင်းမွန်မှုက သူ့ရဲ့ အားသာချက် တစ်ခုဖြစ်တဲ့အပြင် နောက်ဘက် ကင်မရာကလည်း Megapixels မြင့်မားတဲ့ ကင်မရာပါပဲ။ Memory ပိုင်းမြင့်မား ကောင်းမွန်ခြင်း၊ ဘက်ထရီရဲ့ပါဝါသိုလှောင်နိုင်မှု ပမာဏမြင့်မားခြင်းနဲ့ ပုံစံဒီဇိုင်းလှပ ခြင်းတွေကလည်း ဒီဖုန်းရဲ့ အားသာချက်တွေလို့ပဲ ဆိုရမှာပါ။ CPU, GPU နဲ့ ဖုန်းအားသွင်းခြင်း အပိုင်းတွေမှာလည်း ကောင်းမွန်တဲ့ဖုန်းပါ။
အားနည်းချက်
ဖုန်းမှာ Radio စနစ်အတွက် FM Radio လိုစနစ်တွေ ပါဝင်တာမတွေ့ရပါဘူး။ နောက်ပိုင်းထွက် စမတ်ဖုန်းတွေမှာ Andorid 7.0 ကိုအ သုံးပြုလာကြပေမယ့် ဒီဖုန်းကတော့ Version 6.0 ကိုပဲ အသုံးပြုရမှာပါ။
ဒီဇိုင်း
ပုံစံဒီဇိုင်း လှပတယ်လို့ ဆိုနိုင်တဲ့ ဖုန်းပါပဲ။ ဖုန်းကိုယ်ထည် တစ်ခုလုံး ကိုသတ္တုကိုယ်ထည်နဲ့ လုပ်ထားပြီး ကျောဘက်ကာဗာရဲ့ အပေါ်နဲ့ အောက်ဘက် နေရာနှစ်ခုစလုံးမှာ လိုင်းစင်းလေးတွေ ၃ ကြောင်းစီ ပါဝင်ပါတယ်။ ဒါကိုတော့ six string antenna ဒီဇိုင်းလို့ခေါ်ပြီး မိုဘိုင်းအင်တာနာတွေ ဖုန်းရဲ့ အပေါ်နဲ့အောက် နှစ်နေရာစလုံးမှာ ပါဝင်နေတယ်လို့ ဆိုလိုပါတယ်။ Finger Print ကို ဖုန်းရဲ့ Home Button နဲ့အတူ တွဲထားပေးပေမယ့် အရင်ကလို Physical Button မဟုတ်တော့ပဲနဲ့ Home Key နဲ့ Fingerprint ဟာ Touch Pad တစ်ခုလို ပုံစံမျိုးပြုလုပ် ထားတာပါ။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက်အောက် အမြင့် ၁၅.၇၅ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၇၆ စင်တီမီတာ၊ ထုထည် ၀.၆၉ စင်တီမီတာ ရှိတဲ့အတွက် အရွယ်အစား ကြီးမားတဲ့ Phablet အမျိုးအစား ဖုန်းဖြစ်ပေမယ့် ပါးလွှာပြီး အလေးချိန်ကလည်း သင့်တင့်ပါတယ်။ ရှေ့ မြင်ကွင်း Screen ကိုလည်း Corning Gorilla Glass 5 နဲ့ ပြုလုပ် ပေးထားတာပါ။
မြင်ကွင်း
၆.၀ လက်မရှိတဲ့ IPS LCD Screen ဖြစ်ပြီး 1080 x 1920 Pixels  (~367 ppi pixel density) ရှိတဲ့ Full HD Screen ပါ။
နည်းပညာ
နည်းပညာပိုင်းမှာတော့ Settings ထဲမှာ OPPO ရဲ့ Gesture & Motion စနစ်တွေကို ပြည့်ပြည့်စုံစုံ အသုံးပြုနိုင်ပါတယ်။ ကင်မရာ ပိုင်းမှာတော့ ရှေ့ Selfie ကင်မရာဟာ 16 Megapixels နဲ့ 8 Megapixels Dual ကင်မရာ စနစ်ဖြစ်ပြီး 120-degree wide angle စနစ်ကြောင့် Group Selfie ရိုက်တဲ့အခါမှာ 105% field-of-view နဲ့ ရိုက်နိုင်တဲ့အပြင် Group Selfie Camera အတွက် Smart Facial Recognition စနစ်လည်း ပါဝင်ပါတယ်။ ရှေ့ကင်မရာမှာ ကင်မရာနှစ်လုံး ပါဝင်တဲ့အတွက် နောက်ခံ Background တွေကို ဝါးသွားအောင် ပြုလုပ်တဲ့စနစ်ကိုလည်း Selfie ကင်မရာနဲ့ ပြုလုပ်နိုင်မှာပါ။ Postive နဲ့ Reverse နှစ်မျိုးအသုံးပြု နိုင်တဲ့ Gif ကင်မရာ စနစ်လည်း ပါဝင်ပါတယ်။ ၅ မိနစ် အားသွင်းရုံနဲ့ ၂ နာရီလောက် ဖုန်းပြောလို့ရနိုင်တဲ့ ဘက်ထရီ အားသွင်းနှုန်း မြန်ဆန်တဲ့ Fast battery charging: (VOOC Flash Charge) စနစ်၊ ထိတွေ့မှုကို 0.2 စက္ကန့်အတွင်း တုန့်ပြန်နိုင်ပြီး 360 ဒီဂရီ အသုံးပြုနိုင်တဲ့ မြန်ဆန်တဲ့ Fingerprint စနစ်တွေ ပါဝင်ပါတယ်။
Network       GSM – 2G/ 3G/ 4G
SIM                Dual SIM (Nano SIM Dual Standby)
OS                   Android OS, v6.0.1
CPU               Octa-core (4×1.95 GHz Cortex-A72 & 4×1.44 GHz Cortex-A53)
GPU               Adreno 510
Memory       Internal 64GB, 4GB RAM, Micro SD 256GB
Camera        16 MP, f/1.7, phase detection autofocus, OIS, LED flash, 1/2.3″ sensor size, 1.55µm pixel size, geo-tagging, touch focus, face detection, HDR, panorama, Front Dual 16 MP + 8 MP
Wi-Fi           802.11 a/b/g/n/ac, dual-band, WiFi Direct, hotspot
Bluetooth   v4.2, A2DP, LE
Battery        Li-Ion 4000 mAh Battery

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံပြီး သုံးသပ်ကြည့်မယ် ဆိုရင်တော့ OPPO F3 Plus ဟာ ဖုန်းရဲ့ ကင်မရာပိုင်းမှာ ကောင်းမွန်တဲ့အပြင် ကင်မရာတွေရဲ့ Aperture တွေကလည်း ကောင်းမွန်နေတဲ့အတွက် Main Camera အ တွက်ရော Selfie ပိုင်းအတွက်ပါ စွမ်းဆောင်ရည် ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။ မှတ်ဉာဏ်ပိုင်းနဲ့ ဖုန်းရဲ့ Screen ပိုင်း၊ ဘက်ထရီပိုင်း တွေမှာလည်း ကောင်းမွန်တာ တွေ့ရပါတယ်။ ဖုန်းမှာပါဝင်တဲ့ CPU နဲ့ Graphic GPU တွေဟာလည်း ဖုန်းအတွက် ဂိမ်းနဲ့ App အသုံးပြုခြင်းတွေ မှာ မြန်ဆန်ပြီး ချောမွေ့မှုကို ပေးနိုင်တာတွေ့ရပါတယ်။ Fingerprint ကလည်း တုန့်ပြန်မှု မြန်ဆန်ပါတယ်။ Micro SD Card 256GB ထိ ထပ်တိုးနိုင်ပြီး Sim Card နှစ်ကတ်သုံးနိုင်တဲ့ Dual Sim ဖုန်းဖြစ်ပေမယ့် SD Card အသုံးပြု မယ် ဆိုရင်တော့ Sim Card တစ်ကတ်ပဲ သုံးနိုင်မှာပါ။
သူတို့အမြင်
ကိုဝဏထွန်း (စမ်းသပ်အသုံးပြုသူ)
ကင်မရာတော်တော် ကောင်းတယ်လို့ ပြောရမယ်။ Megapixels တွေ ကြားတာနဲ့တင် ကင်မရာရဲ့ အရည်အသွေးကို မှန်းကြည့်လို့ရ နေပါတယ်။ ရှေ့ကင်မရာနှစ်လုံး ပါလာတာကတော့ တော်တော်လေးကို ထူးခြားနေတယ်။ နောက်ကင်မရာ နှစ်လုံးပဲ မြင်ဘူးသေးတာလေ။ အဲဒီတော့ ရှေ့ကင်မရာ နှစ်လုံးဆိုတော့ လုံးဝ အသစ်အဆန်းလိုပါပဲ။ ရှေ့ကင်မရာ နှစ်လုံးပါတော့ Selfie သမားတွေက တော့ အရမ်းကြိုက်ကြမယ် ထင်တယ်။ ကင်မရာနှစ်လုံးနဲ့ Wide နဲ့ Portrait ကို ပြောင်းပေးသွားတဲ့ စနစ်ကလည်း တော်တော်လေးသိ သာတယ်။ ကင်မရာတွေ Megapixels တွေ ကောင်းပြီး ပုံထွက်ကောင်းပေမယ့် ကင်မရာ Feature တွေတော့နည်းတယ်လို့ ခံစားရတယ်။
ကိုစိုးသူထွန်း (စမ်းသပ် အသုံးပြုသူ)
ဒီဇိုင်းပိုင်းနဲ့ Fingerprint ပုံစံတွေ ပြောင်းသွားတာ သဘောကျတယ်။ ဖုန်းရဲ့ Memory ပိုင်းနဲ့ RAM ပိုင်းတွေကလည်း ကောင်းပါတယ်။ CPU နဲ့ GPU ပိုင်းတွေလည်းကောင်းပြီး RAM ကလည်းများတော့ ဖုန်းကသုံးရတာ မြန်တယ်။ ဘက်ထရီကိုလည်း သေဘာကျတယ်။ ဘက်ထရီက mAh များတဲ့အပြင် အားသွင်းပေးနိုင်တဲ့ နှုန်းကလည်း တော်တော်လေး မြန်တာတွေ့ရတယ်။ သူက Selfie Expert ဆိုတော့ Selfie ကင်မရာပိုင်းကို တော်တော်လေး အားမြှင့်ပေးထားတာ တွေ့ရတယ်။ Selfie ပိုင်းရော နောက်ဘက် ကင်မရာရော ကောင်းပါတယ်။ ရှေ့ကင်မရာကို သုံးတဲ့အချိန်မှာ ရိုးရိုးပုံမှန် Selfie စနစ်နဲ့ Wide Selfie ဆိုပြီး ကိုယ်တိုင်ချိန်ပြီး ရိုက်နိုင်တာကလည်း ကောင်းတဲ့အချက် တစ်ခုလို့ ပြောလို့ရပါတယ်။
မအိအိမောင် (စမ်းသပ်အသုံးပြုသူ)
မိန်းကလေးတွေ အကြိုက်ပဲလို့ ပြောရမယ့် ဖုန်းပဲ။ Selfie ပိုင်းကို အားအပြည့် ထည့်ထားတော့ Selfie ရိုက်ရတာ တော်တော်လေး မိုက်တယ်။ ကင်မရာတွေက Megapixels များတဲ့အတွက် ပုံထွက်ကောင်းတဲ့အပြင် သူ့မှာပါတဲ့ GIF စနစ်ကိုလည်း သဘောကျတယ်။ Selfie မှာ ပုံမှန် Selfie နဲ့ Group Selfie ကို ကိုယ့်စိတ်ကြိုက်ပြောင်းပြီး သုံးလို့ရတော့ Selfie ရိုက်တဲ့အချိန်မှာ ကိုယ်တစ်ယောက် တည်းဆိုလည်း တစ်ယောက်တည်း Mode နဲ့ အနီးကပ်ရိုက်လို့ရပြီး Group ဆိုရင်လည်း Group Selfie ပြောင်းပြီး ရိုက်လို့ ရတာပေါ့။ ပုံသေကြီး ပေးထားတာ မဟုတ်တာကို သဘောကျတာပါ။ ပြီးတော့ ဖုန်းမှာပါ တဲ့ Specification ပိုင်းတွေကလည်း ကောင်းပါတယ်။ ဒီဇိုင်လည်းလှပြီး ပါပါးလျားလျား လေးဆိုတော့ ကိုင်လို့လည်း ကောင်းတယ်။
ဖုန်းရဲ့ ရှေ့ကင်မရာနဲ့ Selfie ရိုက်တဲ့အချိန်မှာ Wide စနစ်နဲ့ ပုံမှန် Selfie စနစ်ကို သုံးတဲ့သူက ကိုယ်တိုင်ချိန်ပြီး ရိုက်နိုင်ပါတယ်။ ရှေ့ကင်မရာကို ဖွင့်လိုက်တာနဲ့ Selfie ကိုပုံမှန်နဲ့ Wide လိုသလို ချိန်နိုင်တဲ့ Icon ပါပါတယ်။ ဒီ Icon ကိုနှိပ်ကြည့်လိုက်တဲ့ အချိန်မှာပုံမှန် Selfie ဆိုရင် ပုံက ကိုယ်တစ်ယောက်တည်းလောက်ကို သီးသန့်မြင်ကွင်း ကြီးကြီးနဲ့ မြင်ရပြီး Wide ပြောင်းလိုက်ရင်တော့ Group Selfie အတွက် မြင်ကွင်းကျယ်ပုံစံမျိုး ပြောင်းသွားမှာပါ။

Wide Angle ကို 120 ဒီဂရီအထိ ရနိုင်ပြီး 105% field-of-view နဲ့ရိုက်လို့ရပါတယ်။ Group Selfie အတွက် Smart Facial Recognition စနစ်လည်း ပါပါသေးတယ်။ နောက်ထပ်အချက်တစ်ချက်ကတော့ ရှေ့ကင်မရာက နှစ်လုံးဖြစ်တဲ့အတွက် ဓာတ်ပုံရိုက်ပြီးတဲ့ အချိန်ကျမှ ပုံပေါ်မှာ ကိုယ်မလိုချင်တဲ့ နောက်ခံ Background တွေကို ဝါးသွားအောင် လုပ်နိုင်တဲ့ စနစ်လည်း ပါပါတယ်။ ရှေ့ကင်မရာမှာ GIF စနစ်ပါလာပြီး GIF တွေကိုဖန်တီးတဲ့ အခါမှာ Postive နဲ့ Reverse (အတည့်အတိုင်းနဲ့ ပြောင်းပြန်လှုပ်ရှားမှု) ဆိုပြီး နှစ်မျိုး သုံးနိုင်ပါတယ်။
ရှေ့ကင်မရာမှာ Timelapse, video, photo, Beauty, Panorama, Various Filters, Duoble Exposure, Screen Flash ဆိုတဲ့စနစ်တွေပါပါတယ်။ နောက်ကင်မရာမှာတော့ Ultra HD, Various Filters, Gif, Double Exposure, Manual စနစ်ရိုက်နိုင်တဲ့ Expert Mode ဆိုတဲ့ စနစ်တွေနဲ့ Timelapse, video, photo, Beauty, Panorama ဆိုတဲ့ စနစ်တွေ ပါပါတယ်။



Gesture & Motion စနစ်ထဲမှာ OPPO ရဲ့ Gesture စနစ်တွေကို အသုံးပြုနိုင်ပါတယ်။

ဖုန်းကို အချိန်ကြာကြာ ကြည့်တဲ့အခါမှာ မျက်စိကို အလင်းကာကွယ် ပေးနိုင်တဲ့ စနစ်ဖြစ်တဲ့ Eye protection display ဆိုတဲ့ စနစ်မှာလည်း အလင်းရဲ့ နှုန်းကို အသုံးပြုသူ စိတ်ကြိုက်သတ်မှတ် အသုံးပြု နိုင်ပါတယ်။

Settings စနစ်ထဲမှာရှိတဲ့ Photo ထဲမှာတော့ ဓာတ်ပုံတွေကနေ ဖြစ်လာတဲ့ Cache ဖိုင်တွေကို ဝင်ရောက်ရှင်းလင်း နိုင်ပါတယ်။






Credit to ==> Internet Journal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com

0 comments:

Post a Comment