မကြာသေးမှီကကြေငြာခဲ့တဲ့ နိုကီယာဖုန်းအုပ်စုဝင်တွေကို အမေရိကားနဲ့ နောက်တစ်ခြားကမ္ဘာ့နိုင်ငံတွေမှာ ဇွန်လအတွင်းရောင်းချတော့မယ် လို့ HMD Global ကုမ္ပဏီကကြေငြာပါတယ်။
မူလမိုက်ခရိုဆော့ဖ်ပိုင် ဝင်းဒိုးစံနစ်ကိုထည့်သွင်းရာကနေ တစ်ဖြည်းဖြည်း နွံနစ်လာတဲ့ Nokia ဟာဒီတစ်ခေါက်တော့ အင်းဒရိုက် - Android OS လည်ပတ်မှုစံနစ်နဲ့ သူ့ဖုန်းတွေကိုအစွံထုတ်တော့မှာပါ။
အဲဒီထဲမှာ Nokia 3, Nokia 5 နဲ့ Nokia 6 တို့ပါဝင်ပြီး (150) ၊ (204) နဲ့ (
247) ဒေါ်လာ ဈေးနှုန်းအသီးသီး ဖြစ်ကြပါတယ်။တစ်ချိန်တုန်းက ရွှေထီးဆောင်းခဲ့တဲ့ Nokia 3310 ကိုလည်း ချန်မထားခဲ့ပါ။ ဈေးနှုန်းက (42) ဒေါ်လာဖြစ်ပါတယ်။
Android Nougat စံနစ်၊ ( ၅.၅ ” ) မျက်နှာပြင်၊ 64GB သိမ်းဆည်း မှတ်ဥာဏ်၊ 4GB RAM ၊ 16 Megapixel အဓိကကင်မရာနဲ့ 8 Megapixel Selfieကင်မရာတို့နဲ့ အားဖြည့်ထားတဲ့ Nokia 6 ကို အလူမီနီယမ်အခွံထဲ အကုန်သွတ်သွင်းထားမှာပါ။
အခုအချိန်ဖုန်းအသစ်ထုတ်လုပ် ရောင်းမှုဟာလုပ်ငန်းမှေးမှိန်ခဲ့တဲ့ Nokia ရဲ့ (3) နှစ်အတွင်း တစ်ကျော့ပြန် ကြိုးပမ်းမှုဖြစ်ပါတယ်။ အဲဒီတုန်းက မရှူနိုင်မကယ်နိုင်ဖြစ်နေတဲ့  Nokia ကိုမိုက်ခရိုဆော့ဖ်က ဒေါ်လာ (၇) ဘီလျံနဲ့ ဝယ်ယူသွားခဲ့တာမှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုမဖြစ်ခဲ့ ပါဘူး။
အခု HMD Global ဆိုတာကလည်း တစ်ခြားသူတွေမဟုတ်ကြဘူး။ Nokia တံဆိပ်ကိုထောင်ခဲ့တဲ့ အရင်လူဟောင်းတွေနဲ့ဖွဲ့ထားတဲ့
ကုမ္ပဏီဖြစ်ပါတယ်။ (10) နှစ်ကြာ Nokia မူပိုင်ခွင့်ဥပဒေနဲ့ Nokia
တံဆိပ်ကပ်ရောင်းသွားဖို့ အချိန်တွေကျန်ပါသေးကြောင်း HMD Global က
ဖြည့်စွက်ပြောကြားသွားတယ်လို့ ZDNet နည်းပညာစာစောင်က ရေးသားထားပါကြောင်း။
ကိုညီညီ ( တောင်ကြီး )
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
မူလမိုက်ခရိုဆော့ဖ်ပိုင် ဝင်းဒိုးစံနစ်ကိုထည့်သွင်းရ
Android Nougat စံနစ်၊ ( ၅.၅ ” ) မျက်နှာပြင်၊ 64GB သိမ်းဆည်း မှတ်ဥာဏ်၊ 4GB RAM ၊ 16 Megapixel အဓိကကင်မရာနဲ့ 8 Megapixel Selfieကင်မရာတို့နဲ့ အားဖြည့်ထားတဲ့ Nokia 6 ကို အလူမီနီယမ်အခွံထဲ အကုန်သွတ်သွင်းထားမှာပါ။
အခုအချိန်ဖုန်းအသစ်ထုတ်လုပ်
အခု HMD Global ဆိုတာကလည်း တစ်ခြားသူတွေမဟုတ်ကြဘူး။ Nokia တံဆိပ်ကိုထောင်ခဲ့တဲ့ အရင်လူဟောင်းတွေနဲ့ဖွဲ့ထားတ
ကိုညီညီ ( တောင်ကြီး )
NetGuide Journal (Every Wednesday)
https://www.facebook.com/
0 comments:
Post a Comment