♪ “လူသတ်သမားရဲ့ WhatsApp မှ Message များကို ဗြိတိန် အစိုးရက တောင်းခံနေ” ♫

No automatic alt text available.

အကြမ်းဖက် သမားတစ်ဦးကဒီတစ်ပတ်ထဲမှာလန်ဒန်တွင် လူလေးဦးကို သတ်ခဲ့ပါတယ်။ လူသတ်မှု မဖြစ်ခင်မှာတရားခံက Facebook ပိုင်ဆိုင်တဲ့ WhatsApp ကနေစာပေးပို့မှု ပြုလုပ်ခဲ့ပါတယ်။ အဲဒီအကျိုးဆက် အနေဖြင့် ဗြိတိန် အာဏာပိုင်များက WhatsApp ထံမှ အကြမ်းဖက်သမားရဲ့ ဒေတာ များကိုတောင်းခံ လိုက်ပါတယ်။

Home Secretary ဖြစ်သူ Amber Rudd က WhatsApp ရဲ့ End-to-End Encryption နည်းပညာကြောင့် အကြမ်းဖက်သများအတွက် လုံခြုံစေပြီး အစိုးရအေဂျင်စီများအတွက် ဒေတာများကိုတောင်းခံဖို့ လိုအပ် လာပါတယ်လို့ ပြောပါတယ်။

Rudd က ဗြိတိန်ဟာ Google, Twitter , WordPress အပါအ၀င် အင်တာနက် ကုမ္ပဏီများရဲ့ အကူအညီကိုရယူပြီးအကြမ်းဖက်မှုများကို ကာကွယ်ဖို့ လိုအပ်နေပါတယ်လို့ ပြောပါတယ်။ WhatsApp မှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးကလန်ဒန် အကြမ်းဖက်မှုကြောင့် တုန်လှုပ်ခဲ့ရပြီးအစိုးရရဲ့ စုံစမ်းမှု ကိုကူညီမယ်လို့ ပြောပါတယ်။

၂၀၁၅ ခုနှစ်မှာလည်းအမေရိကန် ပြည်ထောင်စုကယ်လီဖိုးနီးယား ပြည်နယ် ဆန်ဘာနာဒီနိုမှာအကြမ်း ဖက်မှု ဖြစ်ပွားခဲ့ပြီးအကြမ်းဖက်သမားကိုင်ဆောင် တဲ့ iPhone မှ ဒေတာများကိုတောင်းခံခဲ့တဲ့အတွက် အစိုးရအာဏာပိုင်များနဲ့ Apple ကုမ္ပဏီအကြားမှာအငြင်းပွားမှုများ ဖြစ်ခဲ့ပါသေးတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment