♪ Android O ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက်များ ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/android-o-logo-nexus-6p.jpg?fit=800%2C450&ssl=1

Google က နောက်မျိုးဆက် Android O ရဲ့ Developer Preview ကို မိတ်ဆက်လိုက်ပါတယ်။ Android O မှာ စွမ်းဆောင်ချက် အသစ်များ ပါလာတဲ့အတွက် Android Users များအတွက်တော့ ရင်ခုန်စရာ ကောင်းပါတယ်။ ဒါ့အပြင် ယခင် OS များမှာ ထည့်သွင်းပေးခဲ့တဲ့ စွမ်းဆောင်ချက်များကိုလည်း ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်ထားပါတယ်။ Android O ရဲ့ စွမ်းဆောင်ချက် အသစ်များကို အောက်မှာ လေ့လာပါ။

၁။ Background Limits
Google က Doze နဲ့ Doze on the Go ကို Marshmallow နဲ့ Nougat မှာ အသီးသီး မိတ်ဆက်ခဲ့ပါတယ်။ ဘက်ထရီ သက်သာစေတဲ့ အဲဒီ စွမ်းဆောင်ချက်ကို Android O မှာ အဆင့်မြှင့်ပေးလိုက်ပြီး Background Limits ကို အသစ်ထည့်ပေးလိုက်ပါတယ်။ သူက စွမ်းအင် အလွန်အကျွံ အသုံးပြုတဲ့ Apps များကို ကိုင်တွယ်မှာပါ။ သူက နောက်ကွယ်မှ ဗီဒီယိုများ၊ Services များနဲ့ ဖုန်းရဲ့ တည်နေရာကို အွန်လိုင်းသို့ ပေးပို့နေခြင်းများကို ကန့်သတ်မှာပါ။

၂။ Notification Channels
Google က Android ရဲ့ Notification ကို အစဉ် အဆင့်မြှင့်ပေးနေပါတယ်။ Android O မှာလည်း Notification များကို ကဏ္ဍများဖြင့် ခွဲခြားပြသမယ့် Notification Channels ကို မိတ်ဆက်လိုက်ပါတယ်။ ဥပမာအားဖြင့် App တစ်ခုရဲ့ နည်းပညာနဲ့ ပတ်သက်တဲ့ Notification များကို ပိတ်ပင်ထားနိုင်ပြီး သတင်းနဲ့ ပတ်သက်တာတွေရဲ့ Notification များကို ပြသခိုင်းနိုင်ပါတယ်။

၃။ Autofill APIs
Android O မှာ Users များက Username , Password များ ဖြည့်ပေးမယ့် Apps များကို သတ်မှတ်လာနိုင်တဲ့အတွက် အလုပ်ရှုပ်မှုများကို လျှော့ချပေးပါတယ်။ အဲဒီ စွမ်းဆောင်ချက်ကို Developer များက သူတို့ရဲ့ Apps များမှာ ထည့်သွင်းနိုင်မှာပါ။

၎။ Picture in Picture Mode


Android မှာ Split-Screen Mode ဖြင့် App ၂ ခုကို တစ်ပြိုင်နက် အသုံးပြုနိုင်ပါတယ်။ အခုတော့ Google က Picture in Picture Mode ဖြင့် အားဖြည့်လိုက်ပါတယ်။ ဥပမာအားဖြင့် ရုပ်ရှင်ကြည့်နေရင်းကနေ မိတ်ဆွေနဲ့ ဖုန်းပြောနိုင်မှာ ဖြစ်ပါတယ်။ Users များက App Window ရဲ့ Aspect Ratio ကို သတ်မှတ်နိုင်မှာပါ။

၅။ Font Resources in XML
Apps များမှာ နှစ်သက်တဲ့ ဖောင့် စတိုင်နဲ့ အရွယ်အစားကို သီးခြားစီ သတ်မှတ်နိုင်ပါပြီ။ Developer များက သူတို့ရဲ့ Apps များအတွက် ဖောင့်များကို XML Layouts မှာ ပြင်ဆင်သတ်မှတ်နိုင်ပါတယ်။

၆။ Keyboard Navigation
Android O မှ ကီးဘုတ်များဟာ Navigate လုပ်ရာမှာ ပိုမိုကောင်းမွန်တဲ့ ခန့်မှန်းမှုများကို ပြုလုပ်လာနိုင်ကြပါပြီ။ Google က Keyboard Navigation အတွက် ကြိုတင်ခန့်မှန်းနိုင်တဲ့ Models အသစ်များကို ဖန်တီးပေးထားတယ်လို့ ပြောပါတယ်။

၇။ AAudio API for Pro Audio
Android O မှာ Apps များအတွက် စွမ်းရည်မြင့်မားပြီး အင်တာနက် အသုံးပြုမှုကို လျှော့ချပေးတဲ့ AAudio API ပါလာပါတယ်။

၈။ WebView Enhancements

Android O မှာ WebView Components အတွက် Multiprocess Mode ပါလာပြီး Developer များက သူတို့ရဲ့ Errors များ၊ Crashes များကို ကိုယ်တိုင် ကိုင်တွယ်နိုင်တဲ့ API ကို ထုတ်ပေးလိုက်ပါတယ်။ အဲဒီအတွက် Web Development Languages ကို အသုံးပြုတဲ့ Apps များဟာ ပိုမို တည်ငြိမ်လာပြီး လုံခြုံလာပါတယ်။ Users များကလည်း Remote URLs များအတွက် Google Safe Browsing ရဲ့ အကျိုးကို ခံစားရမှာပါ။

၉။ Java 8 Language APIs နဲ့ Runtime Optimization
Android O မှာ Java Language APIs အသစ်များကို ထည့်သွင်းပေးလိုက်သလို Runtime ကလည်း အရင်ကထက် ၂ ဆ ပိုမို မြန်ဆန်လာပါတယ်။



Credit to ==> Digital Times






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment