♪ “ZTE က Nubia M2 , M2 Lite နဲ့ N2 စမတ်ဖုန်းများကိုမိတ်ဆက်” ♫

Image may contain: 1 person, text

ZTE က တရုတ်မှာစမတ်ဖုန်းအသစ် ၃ လုံးကိုမိတ်ဆက်လိုက်ပါတယ်။ Nubia M2 , M2 Lite နဲ့ N2 တို့ ဖြစ်ကြပြီးအနက်နဲ့ ရွှေရောင်များထုတ်လုပ်ပေးထား ပါတယ်။ M2 နဲ့ M2 Lite တို့ကိုယွမ် ၂၆၉၉ ၊ ယွမ် ၁၇၉၉ ဖြင့် အသီးသီး ရောင်းချမှာပါ။

N2 ကိုတော့ ယွမ် ၁၉၉၉ သတ်မှတ်ထားပါတယ်။ စမတ်ဖုန်း များကိုဧပြီလ ၈ ရက်နေ့မှာရောင်းချမှာပါ။ စမတ်ဖုန်းအားလုံးရဲ့ မျက်နှာပြင် အရွယ်အစားမှာ ၅.၅ လက်မ ဖြစ်ပြီး Resolution များမတူညီကြပါဘူး။ Dual SIM Phone များဖြစ်ပြီး Nubia UI 4.0 ထည့်သွင်းထားပေမယ့် Android Version များမတူညီကြပါဘူး။ M2 ကတော့ အနောက်ကင်မရာ ၂ လုံးတပ်ဆင် ထားတဲ့ Nubia ရဲ့ ပထမဆုံးစမတ်ဖုန်း ဖြစ်ပါတယ်။ M2 မှာ ၅.၅ လက်မ Full HD AMOLED Display, Snapdragon 625, 4GB RAM, 13+13MP Rear Cameras, 16MP Selfie Camera, 64GB or 128GB Storage, 3630mAh Battery, Fingerprint Sensor များတပ်ဆင်ထားပါတယ်။

M2 Lite မှာ ၅.၅ လက်မ HD IPS Display, MediaTekHelio P10, 3GB RAM/32GB Storage, 4GB RAM/64GB Storage, 13MP Rear Camera, 3000mAh Battery များတပ်ဆင်ထားပါတယ်။ N2 မှာ ၅.၅ လက်မ Full HD Display, MediaTekOcta-Core SoC, 4GB RAM, 13MP Rear Camera, 16MP Front Camera, 64GB Storage, 5000mAh Battery များတပ်ဆင်ထားပါတယ်။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment