♪ iOS ကနေ Android ပြောင်းကိုင်သူများအတွက် အသုံးဝင်တဲ့ Apps ၃ ခု ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/0-9.jpg?fit=800%2C450&ssl=1

iOS ကနေ Android ပြောင်းကိုင်သူများအတွက် ဒေတာများကို အလွယ်တကူ ကူးပြောင်းပေးမယ့် Tools များစွာ ရှိပါတယ်။ ဒါပေမယ့် iOS ရဲ့ စွမ်းဆောင်ချက် အချို့ကိုတော့ Android Phone အသစ်မှာ အသုံးပြုလို့ မရတော့ပါဘူး။ ဥပမာအားဖြင့် iPhone ထံ ၀င်လာတဲ့ SMS Message များကို Mac ကနေ စာပြန်နိုင်ပေမယ့် Android ထံ ၀င်လာတဲ့ Message များကို Mac ကနေ စာပြန်လို့ မရတော့ပါဘူး။ iOS မှ Find My Friend ကနေ မိသားစုဝင်များရဲ့ တည်နေရာကို ခြေရာခံနိုင်ပေမယ့် Android မှာတော့ Find My Friend ကို အသုံးပြုလို့ မရတော့ပါဘူး။ နောက်တစ်ခုကတော့ iCloud Calendar Events များကို Android မှာ ကြည့်လို့ မရတော့ပါဘူး။ ဒါပေမယ့် Android ကို ပြောင်းကိုင်တဲ့ အခါမှာ ဆုံးရှုံးသွားတဲ့ စွမ်းဆောင်ချက်များကို ပြန်လည် ရရှိအောင် ပြုလုပ်ပေးနိုင်တဲ့ Apps များရှိနေပါတယ်။

MightyText


Android ထံ ၀င်လာတဲ့ SMS များကို Mac ကနေ စာပြန်ချင်ရင်တော့ MightyText ကို အသုံးပြုနိုင်ပါတယ်။ Mac နဲ့ Android မှာ MightyText App ကို အင်စတောလုပ်ထားရမှာပါ။ Mac အတွက် ထုတ်လုပ်ထားတဲ့ Chrome ဘရောက်စာမှာ MightyText Extension ကို အင်စတောလုပ်ထားပြီးလည်း သုံးနိုင်ပါတယ်။ Chrome Extension ကို အသုံးပြုခြင်းဟာ Desktop App ထက် ပိုမိုကောင်းမွန်တာကို တွေ့ရပါတယ်။ MightyText ကို အခမဲ့ အသုံးပြုရင် တစ်လလျှင် Message ပေါင်း ၂၅၀ ကို ပေးပို့နိုင်ပါတယ်။ အကန့်အသတ်မရှိ ပေးပို့ချင်ရင် တစ်လလျှင် ဒေါ်လာ ၄၀ ဖြင့် ၀ယ်ယူ အသုံးပြုနိုင်ပါတယ်။

Familio


iOS ရဲ့ Find My Friends ကနေ သင့်သူငယ်ချင်းများရဲ့ တည်နေရာကို ခြေရာခံသလို Android မှာလည်း ဒီလိုပြုလုပ်ချင်ရင် Familio App ကို အသုံးပြုပါ။ Familio ကို သင်နဲ့ သင့် မိသားစုဝင်များ၊ သူငယ်ချင်းများရဲ့ Device များမှာ အင်စတောလုပ်ပြီးတာနဲ့ မိသားစုဝင်များ၊ သူငယ်ချင်းများရဲ့ တည်နေရာကို မြေပုံမှာ အချိန်နဲ့ တစ်ပြေးညီ ခြေရာခံနိုင်ပါပြီ။ သူ့မှာ သင်နဲ့ သင့် သူငယ်ချင်း၊ မိသားစုဝင်များ သွားလေ့ရှိတဲ့ တည်နေရာများကို သတ်မှတ်နိုင်ပြီး အဲဒီတည်နေရာကို တစ်ယောက်က ရောက်ရှိတာနဲ့ အခြားလူများထံ Notification ပေးပို့နိုင်တဲ့ စွမ်းဆောင်ချက်လည်း ပါပါတယ်။ ဥပမာအားဖြင့် သင့် ဇနီးက ကလေးကို ကျောင်းပို့ဖို့ ရောက်သွားတဲ့ အခါမှာ သင့်ရဲ့ Android မှာ Notification ရရှိမှာပါ။ သူ့ကို အခမဲ့ အသုံးပြုရင် သူငယ်ချင်းများရဲ့ တည်နေရာကို ခြေရာခံနိုင်ပေမယ့် အခပေး အသုံးပြုမှသာ Check In ၀င်တဲ့ တည်နေရာများကို သတ်မှတ်နိုင်မှာပါ။

iCalendar Sync Cloud


သင့် မိသားစုဝင်များ၊ သူငယ်ချင်းများရဲ့ iCloud Calendar Events များကို သင့် Android ရဲ့ Calendar မှာ ကြည့်နိုင်ဖို့အတွက် iCalendar Sync Cloud ကို အသုံးပြုနိုင်ပါတယ်။ သူက မိနစ်တိုင်း ၊ အပတ်တိုင်း စသဖြင့် သင် သတ်မှတ်ထားတဲ့ အချိန်အတိုင်း iCloud Calendar Events များကို သင့် Android ရဲ့ Calendar မှာ Sync လုပ်ပေးနိုင်ပါတယ်။ Android မှ iCalendar Sync Cloud App မှာ iCloud အကောင့်ဖြင့် Signin ၀င်ရမှာ ဖြစ်ပါတယ်။



Credit to ==> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 









www.pyaephyo.com

0 comments:

Post a Comment