♪ Android ဖုန်းရဲ့ Call logs, SMS တွေကို ဖုန်းတစ်လုံးမှ အခြားတစ်လုံးသို့ လွှဲပြောင်းခြင်း ♫


Android ဖုန်းတွေရဲ့ Call Logs နဲ့ SMS တွေကို တစ်ခြား Android ဖုန်းအတစ်လုံးထဲကို စက္ကန့်ပိုင်းအတွင်း ရွှေ့ပြောင်းနိုင်ပါတယ်။ ပုံမှန်ဆိုရင်တော့ ဖုန်းရဲ့ Android စနစ်ထဲမှာ Contants, Call logs နဲ့ SMS စတာတွေကို Backup ပြုလုပ်ပြီး Restore ပြန်လုပ်နိုင်ပါတယ်။ ဒါပေမယ့် ဖုန်းအသစ်တစ်လုံးထဲ ကို အဟောင်းထဲက Backup အချက်အလက်တွေကို ရွှေ့ ပြောင်းဖို့ကတော့ မလွယ်ကူလှပါဘူး။ Cloud စနစ်တွေ အသုံးပြု ရွှေ့ပြောင်းတဲ့ နည်းလမ်းလည်း ရှိပါတယ်။ အဲဒီနည်းကတော့ အင် တာနက်သုံးစွဲမှု မကျွမ်းကျင်သေးတဲ့ သုံးစွဲသူတွေအတွက်ကတော့ ရှုပ်ထွေးမှုတွေရှိနေမှာပါ။

ခုဖော်ပြပေးမယ့် နည်းကတော့ ပုံမှန် Zapya သုံးသလိုမျိုးပဲ ဖုန်းထဲက Call logs နဲ့ SMS တွေကို ဖုန်းအသစ်တစ်လုံးထဲကို  စက္ကန့်ပိုင်းအတွင်း ပြောင်းရွှေ့နိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းက Third Part App ကို အသုံးပြုတာဖြစ်ပြီး Call logs နဲ့ SMS တွေ ပြောင်းလဲမယ့် ဖုန်းနှစ်ခုလုံးက တူညီတဲ့ WiFi ကွန်ရက်စနစ် တစ်ခုထဲမှာ ရှိနေရမှာဖြစ်ပါတယ်။ တူညီတဲ့ WiFi ကွန်ရက်ဆိုတာက တော့ Zapya သုံးသလိုမျိုးပဲ WiFi စနစ်နဲ့ ချိတ်ဆက် အသုံးပြုတာကို ဆိုလိုတာပါ။

အရင်ဆုံး Call logs နဲ့ SMS အချက်အလက်တွေကို လွှဲပြောင်းဖို့အတွက် SMS Backup & Restore ဆိုတဲ့ App ကို Google PlayStore ကနေ Download လုပ်ပြီး ဖုန်းထဲထည့်လိုက်ပါ။ (https://goo.gl/ZZoio ဖော်ပြပါ Link ကနေလည်း ရယူနိုင်ပါတယ်။

App ကို Install လုပ်ပြီးရင်တော့ App icon ကိုနှိပ်ပြီး ဖွင့်လိုက်ပါ။ ဖုန်းနှစ်လုံးစလုံးမှာ ဖွင့်ပေးရမှာဖြစ်ပါတယ်။



ပြီးရင်တော့ Call Logs နဲ့ SMS တွေပြောင်းလဲ ချင်တဲ့ဖုန်းက နေ Transfer ဆိုတာကိုနှိပ်ပါ။ လက်ခံမယ့် ဖုန်းကနေလဲ Transfer ဆိုတာကို နှိပ်ပါ။ (ဒီနေရာမှာ ဖုန်းနှစ်ခုလုံးက WiFi ကွန်ရက်တစ်ခုတည်းမှာ မရှိဘူး ဆိုရင်တော့ WiFi စနစ်ကို ဖွင့်ဖို့အတွက် အသိပေးစာပေါ်လာမှာ ဖြစ်ပြီး OK ပေးလိုက်ပါ။ လိုအပ်ရင်လည်း မိုဘိုင်းအင်တာနက် စနစ်ကိုပါ ဖွင့်ပေးလိုက်ပါ။



နောက်တစ်ဆင့်အနေနဲ့ အချက်အလက်ပို့မယ့် ဖုန်းကနေ SEND FROM THIS PHONE ဆိုတာကို နှိပ်ပါ။ လက်ခံမယ့်ဖုန်းကနေ Receive on this phone ဆိုတာကို နှိပ်ပေးပါ။



ပေးပို့မယ့်ဖုန်းကနေ အနီးအနားက ဖုန်းကို  Scan လုပ်ပြီး ရှာဖွေပါလိမ့်မယ်။



Scan လုပ်လို့ လက်ခံမယ့် ဖုန်းမော်ဒယ်ကို တွေ့ရင်တော့ invite လုပ်လိုက်ပါ။ လက်ခံတဲ့ ဖုန်းကနေလည်း Accept နှိပ်ပြီး လက်ခံပေးရမှာ ဖြစ်ပါတယ်။


ဖုန်းနှစ်လုံး ချိတ်ဆက်မိသွားပြီ ဆိုရင်တော့ Transfer text messages and call logs from the current state of your phone ဆိုတဲ့ စာသားကိုရွေးပြီး Ok နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ လက်ခံမယ့် ဖုန်းကနေ အောက်ဖော်ပြပါ ပုံအတိုင်း ပေါ်နေမှာ ဖြစ်ပါတယ်။

ပြီးရင်တော့ ပေးပို့တဲ့ဖုန်းက အချက်အလက်တွေကို Backup လုပ်နေမှာဖြစ်ပြီး လက်ခံတဲ့ဖုန်း ကနေ Accept and Restore ဆိုတဲ့စာသားကို နှိပ်ပေးရလိုက်ပါ။

လက်ခံတဲ့ ဖုန်းကနေ Accept and Restore ကိုနှိပ်လိုက်ရင်aတာ့ ဖုန်းမှာ SMS Backup & Restore app ကို Default မက်ဆေ့ခ်ျ app အနေနဲ့ထားမယ် ဆိုတဲ့စာသားပေါ်လာမှာဖြစ်ပြီး OK နှိပ်လိုက်ပါ။ နောက်ပိုင်းမှ ကိုယ်အနေနဲ့ ပြန်လည်ပြောင်းပြီး အသုံးပြုနိုင်ပါတယ်။
ပြီးရင်တော့ SMS Backup & Restore app ကို Default အနေနဲ့ထားဖို့ သေချာလားဆိုတဲ့ အသိပေးချက် ထပ်မံပေါ်လာမှာဖြစ်ပြီး Yes ကို ရွေးပေးလိုက်ပါ။

Yes ကို နှိပ်လိုက်ရင်တော့ အောက်ဖော်ပြပါ ပုံအတိုင်း အချက်အလက်တွေ လက်ခံတဲ့ ဖုန်းကနေ Call logs နဲ့ SMS တွေကိုစတင် ထည့်သွင်းတော့မှာ ဖြစ်ပါတယ်။
အချက်အလက်တွေ ကူးပြောင်းမှု ပြီးဆုံးသွားရင်တော့ လက်ခံတဲ့ ဖုန်းကနေ Transfer succeeded ဆိုတဲ့စာသား ပေါ်လာမှာ ဖြစ်ပါတယ်။ Close စာသားကိုနှိပ်ပြီး ပိတ်လိုက်ပါ။

ပြီးရင်တော့ လက်ခံတဲ့ဖုန်းကနေ ခုနက ကူးပြောင်းထားတဲ့ Call logs နဲ့ SMS အချက်အလက်တွေကို  restore ပြုလုပ်ပေးမှာပဲ ဖြစ်ပါတယ်။ ပြီးရင်တော့ Call logs နဲ့ SMS အချက်အလက်တွေကို စက္ကန့်ပိုင်းအတွင် ကူးပြောင်းလိုက်ပြီပဲ ဖြစ်ပါတယ်။


Credit to ==> Internet Journal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment