♪ " Xiaomi Mi Note 2 " Price » 685,000 Ks ( 128GB ) ♫

Image may contain: phone

Xiaomi ဖုန်းတွေထဲမှာမှ Premium အဆင့်ရှိတဲ့ ဖုန်းတွေထဲမှာ တစ်ခု အပါအဝင်ဖြစ်တဲ့ Xiaomi Mi Note 2 ဟာ လူကြိုက်များတဲ့ Xiaomi ဖုန်းတစ် လုံးပါပဲ။ ဒီဇိုင်းပုံစံ အလွန်လှပသေသပ်ပြီး နောက်ဆုံးပေါ် specs တွေကို အသုံးပြုပေးထားလို့ အဆင့်မြင့်တန်းဝင်ဖုန်းအဖြစ် သတ်မှတ်နိုင်ပြီး သူ့ဈေးနှုန်းနဲ့ ထောက်ပံ့ပေး ထားတဲ့ features တွေကြောင့် သုံးစွဲရတာတန်ပါတယ်။

တည်ဆောက်ပုံ ဒီဇိုင်းပုံစံက Samsung Galaxy Note 7 နဲ့ ချွတ်စွပ် နီးပါးဆင်တူတဲ့အတွက် တစ်ချက်ကြည့်လိုက်တာနဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးမှန်း သိသာစေပါတယ်။ ကိုယ်ထည်တစ်ခုလုံးကို သတ္တုနဲ့ ပြုလုပ်ထားပြီး အရှေ့ဘက်ရော နောက်ကျောဘက်ကို 3D galss နဲ့ ဖုံးအုပ်ထားပါတယ်။ မျက်နှာပြင်စွမ်းအား ကောင်းမွန်ခြင်း၊ စက်စွမ်းဆောင်ရည် မြင့်မားခြင်း၊ ဘက်ထရီစွမ်းအား လုံလောက်စွာ ပါရှိခြင်း၊ ကင်မရာအရည်အသွေးကောင်းခြင်းနဲ့ လျင်မြန် တိကျတဲ့ fingerprint sensor တို့က အားသာချက်တွေပဲဖြစ်ပြီး အားနည်းချက် အနေနဲ့ကတော့ အပို Data တွေ သီးသန့်သိမ်းဆည်းဖို့အတွက် microSD card မပါရှိခြင်းဘဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လုံလောက်တဲ့ Internal memoryတွေ ကိုတော့ ထည့်သွင်းထားပါတယ်။

အရှေ့ဘက် home button မှာ fingerprint sensor ကို တပ်ဆင်ထားတာ ကြောင့် အသုံးပြုရတာလည်း အဆင်ပြေပါတယ်။ ဖုန်းရဲ့အောက်ခြေမှာ USB Type-C port ပါရှိပြီး ဘေးတစ်ဖက်တစ်ချက်စီမှာ microphone နဲ့ စပီကာ ပေါက်တွေကို မြင်တွေ့ရမှာပါ။ အပေါ်ဘက်မှာ headphone jack ပေါက်နဲ့ တီဗွီတွေကို အဝေးကနေ ထိန်းချုပ်နိုင်မယ့် IR Blaster စနစ်ပါရှိပါတယ်။ ညာဘက်ဘောင်မှာ အသံအတိုးအကျယ် ခလုတ်နဲ့ ပါဝါခလုတ်တွေ ပါရှိ သလို ဘယ်ဘက်ဘောင်မှာ dual SIM card slot ကိုပါရှိပြီး ၄င်းတို့အားလုံးကို သတ္တုတွေနဲ့ချည်း ပြုလုပ်ထားပါတယ်။


ဖုန်းအရွယ်အစားက 156.2 x 77.3 x 7.6 mm ရှိပြီး 166g အလေးချိန် လေးပါတယ်။ GSM, HSPA နဲ့ LTE networks တွေကို ထောက်ပံ့ပေးထားပြီး Nano SIM card ၂ card ကို တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်တဲ့ dual SIM tray လည်း ပါရှိပါတယ်။ အထဲမှာ Android 6.0 (Marshmallow) ကို အခြေခံထားတဲ့ MIUI ရဲ့ နောက်ဆုံး version 8 ကို run ထားတာကြောင့် UI ပုံစံ ပြောင်းလဲမှု အသစ်တွေကိုလည်း စမ်းသပ်ကြည့်နိုင်ပါတယ်။ စာလုံးပုံစံတွေကို စာဖတ်လို့ ပိုမိုကောင်းမွန်တဲ့ပုံစံတွေအဖြစ် ပြောင်းလဲသုံးထားပြီး Dual apps feature နဲ့ Second Space feature တွေ ပါရှိလာပါတယ်။


5.7-inch ကျယ်တဲ့ မျက်နှာပြင်ကို AMOLED capacitive touchscreen နဲ့ ပြုလုပ်ထားပြီး full HD မြင်ကွင်းတွေကို ပြသပေးနိုင်ပါတယ်။ ၄င်းမျက်နှာ ပြင်ရဲ့ အရောင်အနေအထားတွေကို လိုသလို စိတ်ကြိုက်ချိန်ညှိပြောင်းလဲ သတ်မှတ်ထားနိုင်ပြီး ညဘက်တွေ စာဖတ်တဲ့အခါ ပိုမိုအဆင်ပြေစေနိုင်မယ့် Reading Mode လည်း ပါရှိပါတယ်။ အနောက်ကင်မရာမှာ 22.5MP နဲ့ f/2.0 aperture စွမ်းအားတွေရှိတဲ့အတွက် ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေနဲ့ 30fps မှာ 2060p အရည်အသွေးရှိဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။ အရှေ့ ကင်မရာက 8MP resolution နဲ့ f/2.0 aperture တို့က selfie ဓာတ်ပုံကောင်းကောင်း တွေကို စိတ်တိုင်းကျ ရိုက်ယူနိုင်မှာပါ။


စက်စွမ်းဆောင်ရည်တွေအတွက် ကိုယ်ထည်ထဲမှာ Flagship ဖုန်းတစ် လုံးရဲ့ လိုအပ်တဲ့ specs တွေ အကုန်လုံးကို ထောက်ပံ့ပေးထားနိုင်ပါတယ်။ ဒါကြောင့် နောက်ဆုံးပေါ်ဂိမ်းတွေ၊ apps တွေကို run နိုင်ပြီး တစ်ခုကနေ နောက်တစ်ခုကို အလွယ်တကူ ကူးပြောင်းသုံးစွဲနိုင်တဲ့ multitasking စနစ်တွေလည်း ပါရှိပါတယ်။ ၄င်းဖုန်းကို Global version အနေနဲ့ ထွက်ရှိပြီးဖြစ်လို့ အသုံးပြုရတာ ပိုမိုအဆင်ပြေပါတယ်။ ဖုန်းထဲမှာ Data တွေကို သိမ်း ဆည်းဖို့အတွက် Internal memory 128GB ပါရှိပြီး RAM 6GB ကိုတောင် ထောက်ပံ့ ထားပါတယ်။ ရွေးချယ်ဝယ်ယူနိုင်တဲ့ အရောင်တွေကတော့ ရွှေရောင်၊ ငွေရောင်နဲ့ အမည်းရောင် အရောင် ၃ မျိုးပဲ ဖြစ်ပါတယ်။

* Battery Life *

ဘက်ထရီစွမ်းအား Non-removable Li-Ion 4070mAh battery က တစ်နေ့တာဖုန်းသုံးစွဲဖို့ လုံလောက်တဲ့စွမ်းအားတွေ ပေးနိုင်ပြီး သာမန်ဖုန်းသုံးစွဲသူတွေကတော့ ၁ ရက်ထက် သုံးနိုင်ပါတယ်။ Qualcomm Quick Charge 3.0 နည်းပညာကြောင့် ဖုန်းအားသွင်းရတာလည်း မြန်ဆန်ပါတယ်။

* Design *

Xiaomi Mi Note 2 ဖုန်းရဲ့ဒီဇိုင်းပုံစံက ခေတ်မီဆန်းသစ်ပြီး Premium ဖုန်းတွေရဲ့အင်္ဂါရပ်တွေ အကုန်လုံးပါရှိပါတယ်။ ကိုယ်ထည်တစ်ခုလုံးကို သတ္တုနဲ့ ပြုလုပ်ပေးထားတာကြောင့် တောင့်တင်းခိုင်မာပြီး အကြမ်းလည်းခံပါတယ်။ ဒီဇိုင်းပုံစံက Samsung Galaxy Note 7 နဲ့လည်း တူညီမှုရှိတာကို တွေ့ရပါတယ်။

* Processor *

Mi Note 2 မှာ RAM 6GB ပါရှိတဲ့ Qualcomm MSM8996 Snapdragon 821 Quad-core processor နဲ့ Adreno 530 GPU တို့က ဖုန်းစွမ်းဆောင်ရည်တွေ ကို ဟန်ချက်ညီညီ အပြည့်အဝထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် လုပ်ဆောင်ချက်တွေက လျင်မြန်တိကျပြီး စာရိုက်နှုန်းတွေကလည်း မြန်ဆန်မှု ရှိပါတယ်။

* Display and Camera *

5.7-inch အကျယ်ရှိတဲ့ မျက်နှာပြင်ကို AMOLED capacitive touch screen display အမျိုးအစားနဲ့ ပြုလုပ်ပေးထားပြီး 1080 x 1920 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ပေးစွမ်းနိုင်ပါတယ်။ ထည့်သွင်းထားတဲ့ ကင်မရာ ကလည်း Panorama, Group Selfie Mode, Beautify နဲ့ Manual Mode စတဲ့ Shooting Modes တွေ များစွာပါရှိပါတယ်။

* Verdict *

Xiaomi Mi Note 2 မှာ ပံ့ပိုးထားတဲ့ specs နဲ့ features တွေ အကုန်လုံးက နောက်ဆုံးပေါ်စနစ်တွေပဲဖြစ်ပြီး တည်ဆောက်ထားတဲ့ဒီဇိုင်းနဲ့ အသုံးပြုထားတဲ့ Hardware ပစ္စည်းတွေကလည်း အကောင်းစားတွေချည်းပဲဖြစ်လို့ အကောင်းကြိုက်သူတွေအတွက်ကတော့ ကြိုက်နှစ်သက်ကြမှာ သေချာပါတယ်။



Price » 685,000 Ks ( 128GB )
Contact Phone » 09-254146661 ( Mi Showroom )

**Specification**

» Network : 2G, 3G, 4G (Dual-SIM)
» Weight : 166 g
» Display : 5.7", AMOLED capacitive touchscreen
» Dimensions : 156.2 x 77.3 x 7.6 mm
» Memory : 128GB, 6GB RAM
» Camera : 22.5MP, Front : 8MP, phase detection autofocus, dual-LED (dual-tone) flash, Geo-tagging, face detection, touch focus, HDR, panorama, 1μm pixel size
» Connectivity : GPS, WLAN, Bluetooth 4.2, Type C 1.0
» OS : Android OS, v6.0 (Marshmallow)
» Chipset : Qualcomm MSM8996 Snapdragon 821 GPU : Adreno 530
» Features : Fingerprint (front-mounted), MIUI 8.0/8.2

 


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com

0 comments:

Post a Comment