♪ " ZTE မှ nubia M 2 , M2 Lite နှင့် N2 တို့အား ပြသခဲ့ " ♫

Image may contain: phone and text

ZTE nubia M 2 သည် nubia ထဲတွင် dual ကင်မရာပါဝင်သော ဖုန်း စတင်ဖြစ်လာပြီး dual 13 MP sensors ပါဝင်ကာ တစ်ခုမှာ color ဖြစ်ပြီး တစ်ခုမှာ monochrome ဖြစ်သည်။ နှစ်ခုစလုံးကို Sapphire ဖြင့် ကာကွယ် ပေးထားပြီး f/2.2 aperture ပါဝင်သည်။

 ရှေ့ဘက်ရှိ selfie ကင်မရာမှာ 16 MP ဖြစ်ပြီး f/2.0 aperture နှင့် 80 ဒီဂရီမြင်ကွင်းရှိကြောင်း သိရသည်။ ဖုန်း မျက်နှာပြင်မှာ 5.5” 1080 p AMOLED ဖြစ်ပြီး Qualcomm ၏ Snapdragon 625 chipset ကို သုံးထားပြီး RAM 4 GB ဖြင့် ထောက်ပံ့ပေးထားသည်။ Storage 16 GB (သို့) 128 GB ရွေးချယ်နိုင်မည်ဖြစ်သည်။ M 2 ၏ home ခလုတ်ထဲတွင် fingerprint sensor တစ်ပါတည်း ပါဝင်ပြီး 3630 mAh ဘက်ထရီပါဝင်ကာ Android 6.0.1 Marshmallow OS ကို nubia UI 4.0 နှင့် ပူးတွဲသုံးစွဲထားသည်။

4 G LTE, WiFi ,Bluetooth, GPS, GLONASS နှင့် USB Type C port တို့ ပါဝင်သည်။ Nubia M2 Lite မှာ dual ကင်မရာမပါဝင်ဘဲ 13 MP ကင်မရာသာပါဝင်ကာ f/2.2 aperture နှင့် dual –tone LED Flash တို့ ပါဝင်ခဲ့သည်။ ရှေ့ဘက်ရှိ ကင်မရာမှာမူ M2 နှင့် တူညီခဲ့သည်။ 5.5” 720 p IPS screen ပါဝင်ပြီး MediaTek ၏ Helio P 10 chip ကို သုံးစွဲထားကာ RAM 3 / 4 GB , storage 32/64 GB တို့ကို ရွေးချယ်ရမည်ဖြစ်သည်။

M 2 ကဲ့သို့ပင် Fingerprint sensor လည်း ပါဝင်သည်။ ထူးခြားချက်မှာ Android 7.0 Nougat ကိုသုံးထားခြင်းဖြစ် သည်။ Nubia N2 မှာ ကြီးမားသော 5000 mAh ဘက်ထရီပါဝင်ပြီး 18 W quick charging ကို ထောက်ပံ့ပေးခဲ့ သည်။ ကျန် specs များမှာ M2 Lite နှင့် ဆင်တူပြီး 1080 p AMOLED display ပါဝင်ကာ RAM 4 GB/ 64 GB ပါဝင်ခြင်းသာ ထူးခြားခဲ့သည်။ 



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com

0 comments:

Post a Comment