
Amazon
သည် ဈေးသက်သာသော budget ဖုန်းများကို ပို၍ဈေးလျော့ချရန်
ပြင်ဆင်လျက်ရှိကြောင်း သိရ သည်။ ဈေးသက်သာသောဖုန်းများ
ရောင်းချပေးသည့်အစီအစဉ်ဖြစ်သော Prime Exclusive Phones များကို ဆက်လက်လုပ်ဆောင်သွားမည်ဟုဆိုပြီး device နှစ်ခုကို ထပ်မံပေါင်းထည့်ပေးခဲ့သည်။
Prime သုံးစွဲသူများအနေဖြင့် US တွင် Motorola Moto G5 Plus ကို 185$ ဖြင့် ကြိုတင်မှာယူနိုင်မည်ဖြစ်ပြီး
အနည်းဆုံး 45 ဒေါ်လာ ဈေးသက်သာမည်ဖြစ်ကာ Alcatel A 30 ကို $60 တည်းဖြင့်
ဝယ်ယူနိုင်မည်ဖြစ်သည်ဟု Amazon က ဆိုခဲ့သည်။ ယခင်ကရှိခဲ့သောဖုန်းသုံးလုံးမှာ Blu R1 HD, Moto G4 နှင့် Moto G4 Play တို့ဖြစ်ပြီး ယခုအခါ အသစ်နှစ်လုံး ထပ်၍တိုးလာခဲ့ခြင်းဖြစ်သည်။
အဆိုပါလျော့ဈေးများသည် Amazon Prime member များအတွက်သာ သီးသန့်ဖြစ်ပြီး
devices ၏ lock screen တွင် Amazon မှ ကြေညာများတင်ခဲ့ခြင်းကြောင့် ယခုလိုဈေးလျော့ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ကြေညာမလိုချင်သူများနှင့် Prime member မဟုတ်သူများအနေနှင့်မူ Amazon မှတစ်ဆင့် ဈေးအပြည့်ပေးကာ ၀ယ်ယူရမည်ဖြစ်သည်။ Amazon သည် ဖုန်းကို ကိုယ်တိုင်ထုတ်လုပ်ခြင်းမရှိဘဲ
ကြေညာထောက်ပံ့သည့် ဖုန်းများနှင့် Amazon apps များကိုသုံးကာ
ထိုဈေးကွက်ကို နေရာယူလျက်ရှိသည်။ Amazon ၏ voice assistant Alexa ကိုလည်း
Huawei Mate 9 တွင် ထည့်သွင်းပေးထားခဲ့သည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
Prime သုံးစွဲသူများအနေဖြင့် US တွင် Motorola Moto G5 Plus ကို 185$ ဖြင့် ကြိုတင်မှာယူနိုင်မည်ဖြစ်ပြ
ကြေညာမလိုချင်သူများနှင့် Prime member မဟုတ်သူများအနေနှင့်မူ Amazon မှတစ်ဆင့် ဈေးအပြည့်ပေးကာ ၀ယ်ယူရမည်ဖြစ်သည်။ Amazon သည် ဖုန်းကို ကိုယ်တိုင်ထုတ်လုပ်ခြင်းမရှ
NetGuide Journal (Every Wednesday)
https://www.facebook.com/
0 comments:
Post a Comment