♪ ရွှေ ၂၄ ကာရက် ထည့်သွင်းထားတဲ့ HTC One M7 ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/HTC-One-M7-Gold-View.jpg?fit=800%2C538&ssl=1

မိုဘိုင်းဖုန်း ကို ရွှေရောင်လှလှကလေး နဲ့ သုံးစွဲချင်သူတွေက Gold Color, Rose Gold စသဖြင့် ၀ယ်ယူပြီး ကိုင်တွယ်ခဲ့ရပေမယ့် တကယ့်ရွှေအစစ် မဟုတ်တဲ့အတွက် အချိန်တန်ရင် အရောင်မှိန်သွားပြီး အရည်အသွေး လျော့သွားလေ့ရှိပါတယ်။ ပရိတ်သတ်တွေ စိတ်ကြိုက်ဖြစ်စေမယ့် HTC ရဲ့ One M7  ကတော့ အဲဒီ အခက်အခဲကို ဖြေရှင်း ပေးလိုက်ပါတယ်။

လက်ရှိအချိန်မှာ အမေရိကားဈေးကွက် နဲ့ ဥရောပဈေးကွက်မှာပဲ ရောင်းချနေသေးပေမယ့် သိတ်မကြာခင် မှာပဲ အိန္ဒယအပါအ၀င် အရှေ့အာရှဈေးကွက်ကို ရောက်ရှိလာမယ် လို့ ခန့်မှန်းထားကြတဲ့ HTC one M7 ကို ရွှေ အစစ် ထည့်သွင်းထားတယ် လို့ ဆိုပါတယ်။ စုစုပေါင်း ရွှေကာရက် “၂၄” ကာရက် ပါဝင်မှာ ဖြစ်တဲ့ OneM7 ဟာ အခုအချိန်မှာ ကုမ္ပဏီ နဲ့ အ၀ယ်တော်တွေဆီကို ဖြစ်စေ အမှာစာ ပေးပို့ပြီး ရယူနိုင်ပါတယ်။ HTC ကုမ္ပဏီကနေ တိုက်ရိုက် Offer ပေးခဲ့တာဖြစ်ပြီး မှာကြားချိန် ကနေ ပြုလုပ်ချိန်ပြီးစီးသည်အထိ တော့ အချိန်အနည်းငယ် စောင့်ဆိုင်းရမယ် လို့ ဆိုပါတယ်။

OneM7 ဟာ ၄.၇ လက်မ မျက်နှာပြင် ရှိပြီး 1080 x 1920 အရည်အသွေး ရှိပါတယ်။ quad-core 1.7 GHz ကို ထည့်သွင်းထားပြီး RAM ကတော့ 2GB ဖြစ်ပါတယ်။ အတွင်း သိုလှောင်နိုင်စွမ်း က 32GB/64GB ၂ မျိုး ထုတ်လုပ်ပေးထားပြီး လိုင်းစွဲအားအကောင်းဆုံး ဟန်းဆက်တစ်ခု ကို ရရှိစေမှာ ဖြစ်တယ် လို့ ကုမ္ပဏီ က ညွှန်းဆိုထားပါတယ်။ Android 5.0 OS ကိုပဲ သုံးစွဲထားတဲ့အတွက် OS ပိုင်း နိမ့်တယ် လို့ ဆိုလို့ရနိုင်ပေမယ့် အချိန်မရွေး update ပြုလုပ်နိုင်အောင် စီစဉ်ပေးထားပါတယ်။

အဓိကအားဖြင့် Luxury Phone တစ်ခု ဖြစ်လာဖို့ ကြိုးပမ်းနေတဲ့ HTC ရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ပိုပြီး ရုပ်လုံးကြွစေတဲ့ ဖုန်းတစ်လုံး ဖြစ်တဲ့အားလျော်စွာ Specs ပါဝင်မှုအပိုင်းကတော့ မဆိုစလောက်ကလေး လျော့ပါးတယ် လို့ သိရပါတယ်။



Credit to ==> Digital Times






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment