♪ အကောင်းဆုံး ကင်မရာများ တပ်ဆင်ထားတဲ့ Android Phone များ ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/AndroidPIt-google-pixel-9893-w782.jpg?fit=800%2C450&ssl=1

Android Phone များစွာ ရှိတဲ့အတွက် အရည်အသွေးမြင့်မားတဲ့ ကင်မရာ တပ်ဆင်ထားတဲ့ Android Phone ကို ရွေးချယ်ရတာ မလွယ်ကူပါဘူး။ စမတ်ဖုန်း ကင်မရာများရဲ့ အရည်အသွေးနဲ့ စွမ်းဆောင်ချက်များကလည်း အမြဲတမ်း ဆန်းသစ် ပြောင်းလဲနေကြပါတယ်။ အဲဒီအတွက် အကောင်းဆုံး ကင်မရာများ တပ်ဆင်ထားတဲ့ Android Phone များကို ရွေးချယ်ဝယ်ယူနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။

အကောင်းဆုံး ကင်မရာများ တပ်ဆင်ထားတဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများ

Google Pixel & Pixel XL
Google Pixel စမတ်ဖုန်း ၂ လုံးစလုံးမှာ အံ့မခန်း ကင်မရာများ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ Aperture f / 2.0 ပါတဲ့ 12.3MP Camera တပ်ဆင်ထားတာက f/ 1.7 ပါတဲ့ Samsung Galaxy S7 နီးပါး ကောင်းမွန်ပါတယ်။ ကင်မရာမှာ Optical Image Stabilizer မပါပေမယ့် အီလက်ထရောနစ် စနစ်ဖြင့် Stabilize ပြုလုပ်ပေးပါတယ်။ ဗီဒီယိုများ ရိုက်ကူးရာမှာ အရည်အသွေး အလွန်ကောင်းမွန်ပေမယ့် ဓါတ်ပုံများအတွက်တော့ အနည်းငယ် အားနည်းပါတယ်။

Samsung Galaxy S7 & S7 Edge
Samsung က MP အရေအတွက်ကို လျှော့ချထားပေမယ့် ကင်မရာ အရည်အသွေးကို မထိခိုက်ပါဘူး။ 12MP f/ 1.9 Aperture Dual Pixel အနောက်ကင်မရာ နည်းပညာက ဈေးကွက်ထဲမှ အကောင်းဆုံး တစ်ခုပါ။ အရှေ့ဘက်မှ 5MP Camera ကလည်း အလွန် စွမ်းရည်မြင့်မားပါတယ်။ အလင်းဝင်ပေါက် ကြီးမားတဲ့အတွက် အလင်းရောင် နည်းပါးတဲ့ အခြေအနေများမှာ ဓါတ်ပုံအရည်အသွေး ကောင်းမွန်ပါတယ်။ လက်တုန်ခါမှု ဖြစ်ပွားပြီး ဓါတ်ပုံရိုက်ကူးရင်တောင် အရည်အသွေး ကောင်းစေတဲ့ Optical Image Stabilizer ပါပါတယ်။ Camera App မှာ သင့် ဓါတ်ပုံများကို Manual Control လုပ်နိုင်တဲ့ စွမ်းရည်ပါပါတယ်။ Slow-Motion , Timelapse Video များကိုလည်း ရိုက်ကူးနိုင်ပါတယ်။

Huawei P9
အိတ်ဆောင် DSLR လို့တောင် ပြောနိုင်တဲ့ Huawei P9 ကင်မရာကို ဂျာမနီ ကင်မရာ ထုတ်လုပ်သူ Leica က ဒီဇိုင်းထုတ်ပေးထားပါတယ်။ အနောက်ဘက် ကင်မရာများက 12MP Resolution ကို ပံ့ပိုးပေးပြီး f/ 2.2 Aperture ပါရှိပါတယ်။ အရှေ့ဘက်မှာ စွမ်းရည်မြင့်မားပြီး f/ 2.4 Aperture ပါတဲ့ 8MP Selfie Camera တပ်ဆင်ထားပါတယ်။ Professional Mode မှာ Shutter Speed, ISO, White Balance နဲ့ အခြား Settings များကို ချိန်ညှိနိုင်ပါတယ်။

HTC 10
HTC 10 မှာ Ultrapixel နည်းပညာကို ကုမ္ပဏီက ပြန်လည် အသက်သွင်းထားပါတယ်။ f/ 1.8 Aperture ပါတဲ့ 12MP Sony IMX 377 Camera တပ်ဆင်ထားပြီး Hybrid Laser Autofocus နည်းပညာ ပါပါတယ်။ ဗီဒီယို ရိုက်ကူးတဲ့အခါမှာလည်း အရည်အသွေး အလွန် ကောင်းမွန်ပါတယ်။ Optical Image Stabilization နည်းပညာ ထည့်သွင်းပေးထားပါတယ်။ အရှေ့ဘက်မှ 5MP Camera မှာလည်း OIS ပါတဲ့အတွက် Selfie Photo များအတွက် အလွန် ကောင်းမွန်ပါတယ်။

အကောင်းဆုံး ကင်မရာများ တပ်ဆင်ထားတဲ့ စွမ်းဆောင်ရည်သင့်နဲ့ စွမ်းဆောင်ရည်နိမ့် စမတ်ဖုန်းများ 


Lenovo Moto G4 Plus
ဒေါ်လာ ၃၀၀ ခန့်သာ တန်ကြေးရှိတဲ့ စမတ်ဖုန်းမှာ စွမ်းဆောင်ရည်မြင့် ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ f/ 2.0 Aperture ပါတဲ့ 16MP Camera တပ်ဆင်ထားပြီး Hybrid Laser-Focus နဲ့ Phase-Detection နည်းပညာများ ပါပါတယ်။ အရှေ့ဘက်မှာ f/ 2.2 Aperture ပါတဲ့ 5MP Camera တပ်ဆင်ထားပါတယ်။ HDR နည်းပညာလည်း ထည့်သွင်းပေးထားပါတယ်။

Nexus 5X
Nexus 5X ဟာ အကောင်းဆုံး ကင်မရာ တပ်ဆင်ထားတဲ့ Nexus Phone တစ်လုံး ဖြစ်ပါတယ်။ အနောက်ဘက်မှာ 12.3MP Camera သာတပ်ဆင်ထားပေမယ့် Pixel အရွယ်အစားဟာ Galaxy S6 နဲ့ iPhone 6 တို့ထက် ကြီးမားပါတယ်။ အလင်းရောင် အခြေအနေမျိုးစုံမှာ အကောင်းဆုံး ဓါတ်ပုံများကို ဖမ်းယူပေးနိုင်ပါတယ်။




Credit to ==> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com

0 comments:

Post a Comment