♪ “မိုဘိုင်းဖုန်းမှတစ်ဆင့် အရောင်းအ၀ယ်ပြုလုပ်နိုင်မည့် FastSell app” ♫

No automatic alt text available.

Online မှတစ်ဆင့် အရောင်းအ၀ယ်ပြုလုပ်လိုသူများအတွက် FastSell app လေးပဲဖြစ်ပါတယ်။ FastSell app နဲ့ဆိုဆိုင်ဖွင့်စရာမလို၊ မိုဘိုင်းဖုန်းတစ်လုံး ရှိရုံနဲ့ ရိုးရှင်းလွယ်ကူစွာ ရောင်းဝယ်နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ app သည် လက်ရှိအချိန်တွင် Android ဖုန်းများ အတွက်သာ ဖန်တီးပြုလုပ်ပေးထားပါ တယ်။

ပစ္စည်းတွေကို app ထဲမှာ လွယ်လွယ်ကူကူရှာဖွေနိုင်မှာဖြစ်ပြီး ပစ္စည်းကို ဈေးနှုန်းနဲ့ အတူပြသပေးထားပါတယ်။ လူသုံးကုန်ပစ္စည်း အမျိုးအစား စုံစုံလင်လင်ကို လွယ်ကူစွာရှာဖွေဝယ်ယူနိုင်ပြီး၊ ရောင်းချသူ တွေအနေနဲ့ ကိုယ် ရောင်းလိုတဲ့ ပစ္စည်းတွေရဲ့ အချက်အလက်တွေကို ထည့်သွင်းပြီး အလွယ်တကူ ပို့စ်တင်ကာ ရောင်းချနိုင်ပါ တယ်။
ဒီ app ရဲ့အားသာချက်ကတော့ ကိုယ်ရောက်ရှိနေတဲ့နေရာရဲ့ အနီးတစ်ဝိုက်မှာ FastSell app ကိုသုံးစွဲပြီးရောင်းချထားတဲ့ ပစ္စည်းတွေကိုလည်း ကြည့်ရှုနိုင် မှာဖြစ်ပြီးပစ္စည်း တစ်ခုချင်းစီအလိုက် မိမိရောက်ရှိရာနေရာနဲ့ ပစ္စည်းရောင်းချ သူရဲ့ အကွာအဝေးတွေကိုလည်း ဖော်ပြပေးထားပါတယ်။ ၀ယ်သူတွေ အဆင်ပြေစွာ ၀ယ်ယူနိုင်ရန် ရောင်းချတဲ့ပစ္စည်းတစ်ခုချင်းစီအလိုက် ရောင်းချ သူအမည်နဲ့ ဆက်သွယ်ရန်ဖုန်းနံပါတ်တွေကို ပါ ထည့်သွင်းပေးထားခြင်း ကြောင့် လွယ်ကူမြန်ဆန်စွာဆက်သွယ်ပြီး ၀ယ်ယူနိုင်မှာပါ။

လူသုံးကုန်ပစ္စည်းတွေ သာမက COC ဂိမ်းကဲ့သို့ ဂိမ်း အကောင့်တွေကိုလည်း FastSell app မှာရောင်းချနိုင်ပါတယ်။ (တစ်ပတ်ရစ်) အ၀တ်အထည်၊ လူသုံးကုန်ပစ္စည်းတွေနဲ့ မိုဘိုင်းဖုန်း စတာတွေကို ပြန်ရောင်းမလား၊ ကိုယ် အသုံးမလိုတာတွေကို မရောင်းဘဲ အခမဲ့ပေးချင်လား၊ မိမိစိတ်ကြိုက် ပြုလုပ် နိုင်မှာပါ။ဘာသာစကားနှစ်မျိုးကို ရွေးချယ်နိုင်တဲ့အပြင် ကိုယ့်ဖုန်းနဲ့ သင့်တော် တဲ့ ဖောင့်တွေကိုပါ အဆင်ပြေ သလို ရွေးချယ်နိုင်ပါသေးတယ်။


FastSell app ကိုရယူလိုသူများအနေဖြင့် http://bit.ly/FastSellAPK မှာ Download ရယူ နိုင်ပြီး Playstore မှလည်း Download ဆွဲနိုင်ပါတယ်။ အသုံးပြုလိုသူတွေ အနေနဲ့ Android version 4.1 နဲ့အထက်ဖြစ်ရန် လိုအပ်ပါတယ်။


ကောင်းမြတ်ရာ

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment