♪ Apple က ၉.၇ လက်မအရွယ် iPad ကို မိတ်ဆက် ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/Untitled-1-4.jpg?fit=800%2C450&ssl=1

Apple က ၉.၇ လက်မအရွယ် iPad မော်ဒယ်တစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။ iPad လို့ အမည်ပေးထားပြီး iPad Air 2 ရဲ့ မျိုးဆက်ဖြစ်ပါတယ်။ Air 2 မှ A8X Chip အစား မော်ဒယ်အသစ်မှာ A9 Chip ကို တပ်ဆင်ထားပါတယ်။

မော်ဒယ်အသစ်ဟာ ၇.၅ မီလီမီတာ အထူရှိပြီး ၆.၁ မီလီမီတာ အထူရှိတဲ့ Air 2 ထက် အနည်းငယ် ပိုမို ထူပါတယ်။ မော်ဒယ် အသစ်မှာ 32.4Wh Battery တပ်ဆင်ထားတဲ့အတွက် 27.62Wh တပ်ဆင်ထားတဲ့ Air 2 ထက် ပိုမိုထူရခြင်း ဖြစ်ပါတယ်။ အဲဒီ ကွဲပြားမှု ၂ ခုက လွဲပြီး အခြား အစိတ်အပိုင်းများကတော့ တက်ဘလက် ၂ လုံးမှာ တူညီကြပါတယ်။

မော်ဒယ်အသစ်မှာ ၉.၇ လက်မ Retina Display , 8 Megapixel Rear Camera , 1.2 Megapixel Front Camera များ တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာက Full HD Video နဲ့ အရှေ့ ကင်မရာက HD Video များရိုက်ကူးနိုင်ပါတယ်။ Apple Pay ကို သုံးနိုင်တဲ့ TouchID နဲ့ ၁၀ နာရီ အသုံးခံတဲ့ ဘက်ထရီ တပ်ဆင်ထားပါတယ်။

32GB Model ကို ၃၂၉ ဒေါ်လာ သတ်မှတ်ထားပြီး iPad ထဲမှာတော့ ဈေးအသက်သာဆုံးဖြစ်ပါတယ်။ 128GB Model ကို ၄၂၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဆယ်လ်လူလာ မော်ဒယ်ကိုလည်း ထုတ်လုပ်ပေးထားပြီး 32GB Model ဟာ ၄၅၉ ဒေါ်လာနဲ့ 128GB Model ဟာ ၅၅၉ ဒေါ်လာ တန်ကြေးရှိပါတယ်။ ငွေ၊ အညိုနဲ့ ရွှေရောင်များ ထုတ်လုပ်ပေးထားပြီး အမေရိကန်နဲ့ အခြား နိုင်ငံ ၂၀ မှာ မတ်လ ၂၄ ရက်နေ့မှာ ရောင်းချမှာပါ။



Credit to ==>  DigitalTimes.com.mm





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment