♪ “Sony က တန်ဖိုးနည်း Xperia L1 ကိုမိတ်ဆက်” ♫

Image may contain: phone

Sony က ဒေါ်လာ ၂၁၀ သာတန်ကြေးရှိတဲ့ Xperia L1 ကိုမိတ်ဆက်လိုက်ပါ တယ်။ Xperia L1 ဟာအရွယ်ကြီးစမတ်ဖုန်းတစ်လုံးဖြစ်ပြီး ၅.၅ လက်မ HD Display တပ်ဆင်ထားပါတယ်။ တန်ဖိုးနည်းပေမယ့် စွမ်းဆောင်ရည်သင့် Chipset နဲ့ စမတ် ဆော့ဖ်ဝဲများ ထည့်သွင်းထားပါတယ်။

ဧပြီလနှောင်းပိုင်းမှာ ဗြိတိန်တွင် ရောင်းချမှာ ဖြစ်ပြီးဥရောပ၊ အမေရိက၊ လက်တင်အမေရိက၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက နိုင်ငံများမှာလည်း နောက်ပိုင်းတွင်ရောင်းချပေးမှာ ဖြစ်ပါတယ်။ Xperia L1 ရဲ့ အနောက်ဘက်မှာ 13MP Camera နဲ့ အရှေ့ဘက်မှာ 5MP Camera များတပ်ဆင်ထားပါတယ်။ 2620mAh Battery တပ်ဆင်ထားပြီး လျင်မြန်စွာအားသွင်းနိုင်တဲ့ နည်းပညာ ပါရှိပါတယ်။

Xperia L1 မှာ USB Type-C တပ်ဆင်ထားတဲ့ အတွက် ဒေတာကူးခြင်းနဲ့ အားသွင်းခြင်းများ ပြုလုပ်ရင် အလွန် လျင်မြန်ပါတယ်။ 1.45GHz Quad-Core MediaTek Chipset , 2GB RAM , 16GB Internal Storage ထည့်သွင်းထား ပါတယ်။ 256GB အထိ ၀င်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ 4G ကိုထောက်ပံ့ပြီး NFC ပါပါတယ်။ Android Nougat ကိုထည့်သွင်းပေးထားပါ တယ်။ Smart Cleaner စွမ်းဆောင်ချက်က Cached Data နဲ့ အသုံးမပြုတဲ့ Process များကိုအလိုအလျောက် ရှင်းလင်းပေးပါတယ်။





Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment