♪ “Apple က iPhone များ Hack ခံရမှုကို ငြင်းဆို” ♫

Image may contain: one or more people, phone and text

Turkish Crime Family အမည်ရဟက်ကာအုပ်စုတစ်ခုကမတ်လ ၂၁ ရက်နေ့ မှာiCloud အကောင့် သန်း ၃၀၀ ကျော်ကိုဟက်နိုင်တယ်လို့ ကြေညာခဲ့ပြီး Apple ထံမှ ဒေါ်လာ ၇၅ ၀၀၀ တန်ကြေးရှိတဲ့ ဒစ်ဂျစ်တယ် ငွေကြေး Bitcoin သို့မဟုတ် Ethereum ကိုတောင်းဆိုခဲ့တဲ့ အပြင် ဒေါ်လာ ၁၀၀ ၀၀၀ တန်ကြေး ရှိတဲ့ iTunes Gift Cards များကိုလည်းအလိုရှိကြောင်းပြောခဲ့ပါတယ်။

အခုတော့ Apple က သူတို့ရဲ့ လုံခြုံရေးစနစ်ကို ပြန်လည် စစ်ဆေးပြီး iPhonesနဲ့ iCloud အကောင့်များဟက်ခံရခြင်းမရှိကြောင်းကြေညာလိုက်ပါပြီ။ ဟက်ကာများ Apple ထံပေးပို့ထားတဲ့ အီးမေးလိပ်စာနဲ့ Password များဟာ ယခင်ကဖောက်ထွင်းခံရတဲ့ ကုမ္ပဏီတစ်ခုမှ ဒေတာများဖြစ်တယ်လို့ ကုမ္ပဏီ ကပြောပါတယ်။

Fortune က ဟက်ကာများပေးပို့ထားတဲ့ ဒေတာများဟာ ၂၀၁၂ ခုနှစ်မှာ ဟက်ခံခဲ့ရတဲ့ ကုမ္ပဏီတစ်ခုမှ ဖြစ်ကြောင်းပြောပါတယ်။ ဒီလို ဖြစ်ရပ်မျိုး ဟာယခင်ကလည်း ဖြစ်ခဲ့ဖူးပါတယ်။ Apple က သူ့ရဲ့ User များအတွက် အချိန်ပြည့် ကာကွယ်ပေးနေတယ်လို့ ပြောပါတယ်။ Apple က website များမှာ တူညီတဲ့ Password များကိုအသုံးမပြုဖို့၊ အားကောင်းတဲ့ Password များကိုအသုံးပြုဖို့နဲ့ Two-Factor Authentication များကိုအသုံးပြုဖို့ User များအားတိုက်တွန်းထားပါတယ်။


 

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment