♪ “Asus Zenfone 3 Max” ♫

Image may contain: 1 person, text

Zenfone 3 Max ကိုမော်ဒယ်နံပါတ်၂မျိုးသတ်မှတ်ပေးထားပြီး ZC520TL နဲ့ZC553KL တို့ပဲဖြစ်ပါတယ်။စမတ်ဖုန်းကုမ္ပဏီအများဆုံးအလေးထားလာခဲ့တဲ့ ဘက်ထရီပိုင်းနဲ့ကင်မရာပိုင်း ဆိုင်ရာမှာASUS အနေနဲ့ဘယ်လောက်အထိ ဂရုစိုက်ထားတယ်ဆိုတာကို 3 MAX ရဲ့ဒီဇိုင်းပုံစံကိုလေ့လာကြည့်လိုက်တာနဲ့ သိနိုင်ပါလိမ့်မယ်။ ZenFone 3 Max (ZC553KL)၏ကိုယ်ထည်ကို အလူမီနီယံ သတ္တုဖြင့်ပြုလုပ်ထားပြီး၅.၅လက်မFull high- definition (FHD) IPS မျက်နှာပြင်ဖြင့်ဖုံးအုပ်
ထားပေးပါတယ်။ကိုယ်ထည်နှင့်မျက်နှာပြင်အချိုးသည် ၇၃ရာခိုင်နှုန်းရှိသည့်အတွက်ကျစ်လျစ်သောဖုန်းအရွယ်အစားတွင်ကျယ်ပြန့် သောမျက်နှာပြင်ကိုခံစားသုံးစွဲနိုင်မှာပါ။ဖုန်းကိုစွမ်း အင်သိုလှောင်မှုမြင့်မားတဲ့ဘက်ထရီနှင့် ပြုလုပ်ထားသော်လည်း8.3mm အထူသာရှိကာအလေးချိန် မှာလည်း175 grams သာရှိပြီးစွမ်းအင်သိုလှောင်မှု4000mAh အထက် ပါဝင်ပြီးကျစ်လျစ်၍ပေါ့ပါးသောဖုန်းများထဲတွင်တစ်ခုအပါအ၀င်အဖြစ် သတ်မှတ်နိုင်ပါလိမ့်မယ်။စွမ်းအင်သိုလှောင်မှုမြင့်မားသော ဘက်ထရီက လုံလောက်သောစွမ်းအင်ပါဝင်သည့်အတွက်အသုံးပြုသူများအနေဖြင့် ထပ်မံ၍အားဖြည့်သွင်းစရာမလိုဘဲပိုမိုရှည်ကြာသောသုံးစွဲချိန်ကိုရရှိစေမှာဖြစ်သည့် အပြင်အခြားဖုန်းများကိုလည်းfast charging power bank တစ်ခုကဲ့သို့ အထောက်အပံ့ပေးနိုင်ပါတယ်။

ZenUI Theme စတိုးမှများလှစွာသောthemes များကိုရယူပြီးအလှဆင် နိုင်ပါပြီ။များလှစွာသောtheme များမှနေ၍သင့်စိတ်ကြိုက် (wallpapers/icons /lock screen)တစ်ခုချင်းစီကိုလည်းပေါင်းစပ်၍ဖန်တီးနိုင်ပါလိမ့်မယ်။ Qualcomm Snapdragon 430 64-bit octa-core processor တပ်ဆင် ထားသည့်အပြင်ပိုမိုလျင်မြန်သောတုံ့ပြန်မှုနှင့်ဂရပ်ဖစ်လိုအပ်ချက်များသည့် ဂိမ်းများအတွက်လည်းAdreno 505 graphics processor ကိုလည်းထပ်မံ ပေါင်းစပ်တပ်ဆင်ပေးထားပါသေးတယ်။ZenFone 3 Max တွင်ပါဝင်သော Electronic Image Stabilization (EIS) စနစ်ကြောင့်ဗီဒီယိုများကိုလက်ဖြင့် ကိုင်တွယ်ရိုက်ကူးရာတွင်ပင်ပုံရိပ်များကိုတည်တည်ငြိမ်ငြိမ် ဖြင့်ရိုက်ကူးနိုင် ပါတယ်။ထိုစနစ်သည်ပုံရိပ်များကို အလိုအလျောက်အားအကောင်းဆုံးဖြင့် ကြည်လင်ပြတ်သားတည်ငြိမ်စွာနဲ့ရိုက်ကူးနိုင်ပါတယ်။ZenFone 3 Max ၏Super Resolution Mode ကိုအသုံးပြုပြီ6း4MP ဓာတ်ပုံများကိုအထူး အရည်အသွေးကောင်းမွန်စွာဖြင့် ဖန်တီးရိုက်ကူးနိုင်ပါတယ်။special image-processing နည်းပညာက16MP ရှိပုံရိပ်များဖမ်းယူမှုနှင့်ပေါင်းစပ် မှုစသည့် အောင်မြင်မှုများကိုပိုင်ဆိုင်နိုင်ခြင်းကြောင့်ဓာတ်ပုံတစ်ပုံချင်းစီကိုလေးဆ ပိုမိုကြည်လင်စေပြီးလျှင်အသေးစိတ်အကျနဆုံးနှင့်ဗီဒီယိုရိုက်ကူးရာတွင်ဆူညံသံများကိုအနည်းဆုံး ဖြစ်စေပါတယ်။အလင်းရောင်ရရှိမှုအနည်းဆုံး အခြေ အနေတွင်ပင်Zenfone 3 Max ၏Low Light Mode သည်Pixel ကိုအနီးစပ်ဆုံး လေးဆအထိပေါင်းစပ်ပေးထားပြီးလျှင်ထိုဆင်ဆာသည်ပင်လျှင်တစ်ပုံချင်းစီ အတွက်အလင်းရောင်ရရှိမှုအကောင်းမွန်ဆုံးဖြစ်စေပါတယ်။

ထိုဆင်ဆာသည်ပင်လျှင်အလင်းရောင်ရရှိမှုကိုအဆပေါင်း၄၀၀အထိတိုးမြှင့် စေနိုင်ပြီးလျှင်အလင်းရောင်ရရှိမှုအနည်းဆုံးအခြေအနေတွင်ပင်Shutter လျင်လျင်မြန်မြန်ဖြင့်ပုံရိပ်များမှုန်ဝါးခြင်းဘေးမှကာကွယ်ပေးနိုင် ကာ Flash မီးဖွင့်ပြီးရိုက်ကူးထားသကဲ့သို့သောအရည်အသွေးကိုရရှိစေနိုင်ပါတယ်။ မြင်ကွင်းကျယ်သော ရှုခင်းများရိုက်ကူးရန်အတွက်အကောင်းမွန်ဆုံးဖြစ်ကာ Panorama သည်အသုံးပြုသူကိုရိုက်ကူးရာတွင်လည်းပုံရိပ်များကို တစ်ဖက် မှတစ်ဖက်သို့အလိုအလျောက်ခွဲခြားပေးနိုင်ပြီးလျှင် မြင်ကွင်းကျယ်သော ဓာတ်ပုံ များကိုလည်းတစ်စုတစ်စည်းတည်းစုစည်းပေးပါလိမ့်မည်။ထို့အပြင် groupselfieများကိုလည်းZenfone 3 Max ၏Selfie Panorama mode ကို အသုံးပြုပြီး၁၄၀ဒီဂရီအကျယ်ရှိသော selfie ဓာတ်ပုံများကိုလည်း ရိုက်ကူးရယူနိုင်ပါတယ်။ လက်ဗွေရာ ဆင်ဆာစနစ်သည် လျင်မြန်စွာဖြင့်ဖွင့်နိုင်ပြီးအခြားApp များအတွက်ပါအသုံးပြုနိုင်ပါတယ်။လက်ဗွေရာ (၅)ခုအထိစာရင်းသွင်း မှတ်တမ်းတင်နိုင်ပြီးဆင်ဆာပေါ်သို့တင်လိုက်သည်နှင့်အလွယ်တကူရှာဖွေ ထောက်လှမ်းပေးပါလိမ့်မည်။လက်ဗွေရာ စနစ်ဆင်ဆာကိုချောမွတ်အောင် ဖုံးအုပ်ပေးထားသည့်အပြင်ဖုန်၊ အညစ်အကြေးဝင်ရောက်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။RAM ပမာဏမှာ2/3/4GB ဟူ၍၃မျိုးရှိပြီး၊Internal Storage မှာ32GB ပါရှိပါတယ်။Bluetooth Version မှာ4.1 ဖြစ်ပြီး၊ဖုန်းရဲ့ ဘက်ထရီဟာ3G Network တွင်စကားပြောဆိုဖို့၁၇နာရီနီးပါးခံနိုင်စွမ်းရှိပါ တယ်။ Zenfone 3 Max ရဲ့ဈေးနှုန်းမှာ၂၅၉,၀၀၀/- ကျပ်ဝန်းကျင်ရှိပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment