♪ “Facebook က Comment များမှာ GIFs ကိုစမ်းသပ်နေ” ♫

No automatic alt text available.

Facebook က Messenger မှာ GIFs များကိုပေးပို့နိုင်အောင် ပြုလုပ်ပေးထား ပါတယ်။ အခုတော့ သူ့ရဲ့ လူမှုကွန်ရက်မှ ကွန်းမန့်များမှာ GIFs များကို အသုံးပြုနိုင်အောင် စမ်းသပ်နေတယ်လို့ TechCrunch ကိုပြောပါတယ်။

Comment Box မှာ GIF Button ကိုထည့်သွင်းပေးမှာ ဖြစ်ပြီး GIFs များကို ကွန်းမန့်အနေဖြင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ GIF Button ကို နှိပ်ရင် Giphyတို့လို GIF website များမှ GIFs များကို ပြသပေးမှာ ဖြစ်ပါတယ်။ Facebook က “လူတိုင်းဟာ GIF များကို နှစ်သက်ကြပါတယ်။ ကွန်းမန့်များမှာ GIF များကိုလူတွေ အသုံးပြုချင်နေကြမှာဖြစ်ပါတယ်။ အဲဒီအတွက် ကွန်းမန့် များမှာ GIFs များကိုထည့်သွင်းနိုင်မယ့် စွမ်းဆောင်ချက်ကိုစမ်းသပ် နေပါတယ်” လို့ ပြောပါတယ်။

Facebook က GIF Comment Button ကို User အနည်းငယ်ဖြင့် စမ်းသပ် နေပါတယ်။ ကမ္ဘာအ၀န်းမှာ အဲဒီစွမ်းဆောင်ချက်ကို ဖြန့်ချိပေးဖို့အတွက် အချိန် အနည်းငယ်ကြာမြင့်ဦးမှာ ဖြစ်ပါတယ်။ Facebook ကတော့ လက်ရှိ မှာစမ်းသပ်နေဆဲ ဖြစ်တဲ့ အတွက် အဲဒီစွမ်းဆောင်ချက်နဲ့ ပတ်သက်တဲ့ အသေးစိတ် သတင်းအချက်အလက်များကိုနောက်ပိုင်းမှာထပ်မံ ပြောကြား မယ်လို့ ပြောပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment