♪ ဘယ်သူမှ မ၀ယ်ချင်တဲ့ သိန်း ၂၂၀ တန် မိုဘိုင်းဖုန်း ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/sirin-solarin-840x630.jpg?fit=800%2C600&ssl=1

2016 ခုနှစ် မေလ မှာ Sirin Labs လို့ ခေါ်တဲ့ အစ္စရေး အခြေစိုက် ကုမ္ပဏီ တစ်ခု ဟာ ဒေါ်လာ ၇၂ သန်း ရင်းနှီးမြုပ်နှံခဲ့ပြီး မိုဘိုင်းဖုန်း ဈေးကွက်ထဲကို ၀င်ရောက်လာခဲ့ပါတယ်။ ရင်းနှီးမြုပ်နှံခဲ့မှု ရဲ့ အကျိုးဆက်အဖြစ် အဖြစ် Android ကို အခြေခံတဲ့ စမတ်ဖုန်းတစ်ခု ကို အောင်အောင်မြင်မြင်နဲ့ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ နောက်ဆက်တွဲသတင်း အရ တော့ အဲဒီဖုန်း ကို ဘယ်သူမှ ၀ယ်လိုစိတ် မရှိဘူး လို့ သိရပါတယ်။

အဲဒီဖုန်းကို Solarin Mobile Phone လို့ အမည်ပေးထားပါတယ်။ အခွန်ဆောင်မှု အပြီးအစီး အပါအ၀င် ဒေါ်လာ ၁၆၀၀၀ နဲ့ ရောင်းချဖို့ ဈေးကွက်တင်ခဲ့တဲ့အတွက် မြန်မာငွေ နဲ့ တွက်ချက်ကြည့်မယ် ဆိုရင် သိန်း ၂၂၀ ကျော်တန်ကြးရှိပါတယ်။ လက်ရှိဈေးကွက်မှာ နာမည်ကျော်တွေ ဖြစ်ကြတဲ့ ဆမ်ဆောင်း၊ အိုင်ဖုန်းတို့တောင်မှ ဒေါ်လာ ၁၀၀၀ ၀န်းကျင်မျှသာ ရှိနေကြပြီး လက်ရှိ ကမ္ဘာမှာဒေါ်လာ သောင်းကျော်တန် မိုဘိုင်းဖုန်း ဈေးကွက် မပေါ်ပေါက်သေးဘူး လို့ ဝေဖန်သူတွေ က ဆိုပါတယ်။

၅.၅ လက်မ မျက်နှာပြင် နဲပ Android စနစ် သုံး Solarin မိုဘိုင်းဖုန်း ဟာ Android 5.1 OS ကို သုံးစွဲထားပါတယ်။ Qualcomm Snapdragon 810 processor နဲ့ အလုပ်လုပ်ပါတယ်။ ဒီဇိုင်း အဆင်အပြင် က တော်တော်လေး လှပြပြီး အနာဂတ်မိုဘိုင်းဖုန်းတွေ ရဲ့ ရှေ့ပြေး နမူနာ လို့ ပြောလို့ရမယ့် အထိ ကို ခန့်ခန့်ထည်ထည် လေး ရှိပါတယ်။ ကင်မရာပိုင်းကတော့ တော်တော်လေး လန်းပြီး 23MP rear camera ကို အနောက်ဘက် မြင်ကွင်းတွေ အတွက် သုံးစွဲထားပါတယ်။

ထူးဆန်းလွန်းလှတဲ့ ဈေးနှုန်း ရှိခဲ့တဲ့အတွက် အယ်ဒီတာတွေ နဲ့ မိုဘိုင်းဖုန်း ကျွမ်းကျင်သူတွေ က ၀ိုင်းဝန်းကူညီပြီး အင်တာနက် နဲ့ အွန်လိုင်းပေါ်မှာ ကြော်ငြာပေးခဲ့ကြပေမယ့် ဈေးကွက်မှာ လှုပ်လှုပ်ခတ်ခတ် မရှိခဲ့ပါဘူး။ ကုမ္ပဏီရဲ့ အစီရင်ခံစာ မှာ ကမ္ဘာဈေးကွက်မှာ ၂၀၁၇ ခုနှစ်အတွင်း ၁၀ သန်း ရောင်းချရဖို့ မှန်းဆထားပေမယ့် တကယ်တမ်းစာရင်း အရ အလုံးရေ ၇၅၀ လောက်ပဲ ရောင်းချခဲ့ရပါတယ်။

စစ်တမ်းကောက်ကြည့်လိုက်တဲ့အခါမှာလည်း နည်းပညာမြင့် မိုဘိုင်းဖုန်းအတွက် လည်း စိတ်ဝင်စားမှု မခံရသလို luxury ပစ္စည်းတွေအတွက် ဆိုရင်လည်း Solarin ဟာ အလွန်ဈေးကြီးလွန်းနေပါတယ်။ အဲဒီ အတွက် Sirin Labs ဟာ သိတ်မကြာခင်မှာပဲ Solarin ပရောဂျက်ကို ရပ်ဆိုင်းလိုက်ဖို့ ရှိနေတယ် လို့ သတင်းတွေ က ဆိုပါတယ်။










Credit to ==> Digital Times






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment