♪ " Nokia 5 VS Nokia 6 " တို့ရဲ့ နှိုင်းယှဉ်ချက်များ ♫

Image may contain: phone

၂ဝ၁၇ ခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလမှာ ရှေ့ဆင့်နောက်ဆင့်ထွက်ရှိလာတဲ့ Nokia 5 နဲ့ Nokia 6 ဖုန်း ၂ လုံးရဲ့အကြောင်းကို နှိုင်းယှဉ်ပြောပြ ပေးသွားပါမယ်။ Nokia Android ဖုန်းတွေကို လက်တွေ့ကျကျ စမ်းသုံးကြည့်ရတာ သုံးစွဲလို့အလွန်ကောင်းပါတယ်။

ဒီဖုန်း ၂ လုံးရဲ့ အဓိကကွာခြားချက်က Display အရွယ်အစား၊ Resolution, Internal memory, ROM နဲ့ အနောက်ကင်မရာ အရည်အသွေးတွေပဲဖြစ်ပြီး ကျန်တဲ့ စက်စွမ်းဆောင်ရည်ပိုင်းတွေ၊ ဘက်ထရီစွမ်းအားနဲ့ Display အမျိုးအစားတွေအားလုံး တူညီကြပါတယ်။ ဖုန်း ၂ ခုလုံးက GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Nokia 5 ကို Dual SIM ရော Nano SIM ရော ၂ မျိုးစလုံးထုတ်လုပ်ထားကာ Nokia 6 ကိုတော့ Dual SIM တစ် မျိုးတည်းသာ ရရှိနိုင်မှာပါ။ ထည့်သွင်းသုံးစွဲနိုင်တဲ့ SIM card အမျိုးအစားက Nano SIM ပါ။ 

နောက်ကင်မရာစွမ်းအားပိုင်းမှာ Nokia 6 က 3MP ခန့် resolution ပိုများပြီး အရှေ့ကင်မရာကတော့ 8MP ချင်းအတူတူပါပဲ။ Non-removable Li-Ion 3000mAh battery ကို ဖုန်း ၂ ခုလုံးမှာ ထောက်ပံ့ထား ပြီး အရှေ့ဘက်မှာ fingerprint sensor ကို တပ်ဆင်ထားပါတယ်။

* Design *

1. Nokia 5

Nokia 5 ရဲ့ အရွယ်အစားက 149.7 x 72.5 x 8 mm ရှိပြီး ဒီဇိုင်းပုံစံက ခေတ်မီဆန်းသစ်တဲ့အပြင် ဘေးဘောင် bezels ပျောက်ပုံစံကြောင့် ကိုင်တွယ်သုံးစွဲရတာ အဆင်ပြေပါတယ်။ ရရှိနိုင်တဲ့အရောင်တွေက အမည်း၊ အပြာ၊ ငွေရောင်နဲ့ ကြေးနီရောင်တို့ပဲ ဖြစ်ပါတယ်။

2. Nokia 6

Nokia 6 ရဲ့ အရွယ်အစားက 154 x 75.8 x 8.4 mm ရှိပြီး 169g လေး ပါတယ်။ Nokia 5 နဲ့ပုံစံချင်း တူညီပြီး အရွယ်အစားသာ ကွာခြားပါတယ်။ ရရှိနိုင်တဲ့အရောင်ချင်းကလည်းတူညီပြီး ကွဲပြားတဲ့ အမည်းရောင် နောက်တစ်မျိုးကို အပိုထုတ်လုပ်ထားတာ တွေ့ရပါတယ်။

* Processor *

1. Nokia 5

Nokia 5 ရဲ့ ကိုယ်ထည်ထဲမှာ Qualcomm MSM8937 Snapdragon 430 Octa-core 1.4GHz Cortex-A53 processor နဲ့ Adreno 505 GPU တို့ကို အသုံးပြုထားပြီး RAM 2GB ပါရှိပါတယ်။ ဒါကြောင့် စွမ်းဆောင်ရည် ကောင်းမွန်တဲ့ ဖုန်းတစ်လုံးလို့ ပြောနိုင်ပါတယ်။

2. Nokia 6

၎င်းမှာလည်း တူညီတဲ့ Processor, Chipset နဲ့ GPU တွေပါရှိပြီး RAM စွမ်းအားပိုင်းမှာတော့ 3GB နဲ့ 4GB ဆိုတဲ့ အမျိုးအစား ၂ မျိုးကို ခွဲခြား ပေးထားပါတယ်။ ဒါကြောင့် နောက်ဆုံးပေါ်ဂိမ်းတွေ ကစားတဲ့အခါ Nokia 5 ထက် ပိုမိုလုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။

* Display *

1. Nokia 5

မျက်နှာပြင်အကျယ် 5.2-inch ရှိပြီး IPS LCD capacitive touch screen display အမျိုးအစားကို သုံးစွဲထားပါတယ်။ ပြသပေးနိုင်တဲ့ မြင်ကွင်းစွမ်းအားက 720 x 1280 pixels ရှိပြီး ၁ လက်မ သိပ်သည်းဆ ~282 ppi pixel ပမာဏ ရှိပါတယ်။

2. Nokia 6

Nokia 6 ကလည်း တူညီတဲ့မျက်နှာပြင်အမျိုးအစားကို သုံးထားပေမယ့် ၅ လက်မခွဲအကျယ်ရှိတာကြောင့် Nokia 5 ထက် နည်းနည်းပိုကျယ်ပါတယ်။ ဒါ့အပြင် full HD မြင်ကွင်းတွေကို ပြသပေးနိုင်လို့ မျက်နှာပြင်စွမ်းအား Nokia 5 ထက် ပိုမိုကောင်းမွန်ပါတယ်။

* Verdict *

1. Nokia 5

Nokia 5 ဟာ Nokia Brand ကိုမှ သုံးစွဲချင်တဲ့သူတွေအတွက် Android OS အနေနဲ့ ထွက်ရှိလာခဲ့ပါပြီ။ ဒီဇိုင်းပုံစံလေးက သေသပ်လှပပြီး စက်စွမ်းဆောင်ရည်ပိုင်းမှာလည်း မြင့်မားမှုရှိသလို အရောင်တွေကိုလည်း စုံလင်စွာ ထုတ်လုပ်ပေးထားတာကြောင့် စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

2. Nokia 6

Nokia 6 ကတော့ Nokia ရဲ့ Android OS ကို သုံးထားတဲ့အဆင့် မြင့် စမတ်ဖုန်းအမျိုးအစားထဲမှာ ပါရှိပါတယ်။ မျက်နှာပြင်စွမ်းအား ကောင်းမွန်ခြင်း၊ စက်စွမ်းဆောင်ရည်ပြည့်ဝခြင်း၊ ထည့်သိမ်းနိုင်တဲ့ memory စွမ်းအား မြင့်မားခြင်းနဲ့ ကင်မရာအရည်အသွေးကောင်းမွန်ခြင်းတို့ကြောင့် လူကြိုက်များတဲ့ဖုန်းတစ်လုံး ဖြစ်လာမှာပါ။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment