♪ " ကွန်ပျူတာအသစ်များတွင် Windows 7 နှင့် 8.1 update များမရနိုင်တော့ " ♫

No automatic alt text available.

ကွန်ပျူတာအသစ်များတွင် Intel ၏ နောက်ဆုံးပေါ် CPU များနှင့် AMD chip များကို သုံးစွဲထားပါက Windows 10 နှင့်သာ သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း Microsoft မှ ကြေညာခဲ့သည်။ ထို့ကြောင့် Windows 10 ကို မဖြစ်မနေ သုံးစွဲကြမည့် အပြောင်းအလဲတစ်ခုသည် မကြာမီရောက်ရှိလာတော့မည်ဟုယူဆနိုင်သည်။ 

Windows 10 Creator Update ကို စီစဉ်စဉ်ကတည်းက ယခုကဲ့သို့ အပြောင်းအလဲကို မျှော်လင့်ထားနိုင်ပြီး ကွန်ပျူတာ အသစ်ပိုင်ရှင်များသည် Intel ၏ သတ္တမမျိုးဆက် Kaby Lake chips နှင့် AMD Ryzen chips များကိုသာ သုံးစွဲခဲ့ပါက Windows 7 (သို့) Windows 8.1 update ကို သုံးစွဲရန်မဖြစ်နိုင်တော့ပေ

Microsoft ၏ အဆိုအရ hardware အသစ်များသည် Windows 10 ကိုသာ သုံးစွဲတော့မည်ကို ယခင်ကတည်းက သိရှိပြီး ဖြစ်သည်ဟု ဆိုသည်။ Intel ၏ 7th gen chip များမှစကာ AMD Ryzen နှင့် Qualcomm ၏ 8996 series chip များမှာ Windows 10 ကိုသာ ထောက်ပံ့ပေးတော့သည်။

Hardware အဟောင်းနှင့် PC များမှာမူ update ဆက်၍ ရရှိသွားမည်ဖြစ်ပြီး Intel ၏ ဆဌမမျိုးဆက် skylake ထိ ပါဝင်ကာ Windows 7 နှင့် 8.1 ကို 2020 ဇန်န၀ါရီ 14 ရက်နှင့် 2023 ဇန်န၀ါရီ 10 ရက်ထိ အသီးသီးထောက်ပံ့ပေးသွားမည်ဖြစ်သည်။ 



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment