♪ Android မှာ Cursor ကို လွယ်ကူစွာ ချနည်း ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/keybords-app.jpg?fit=800%2C450&ssl=1

Android Smartphone များဟာ အရွယ်သေးငယ်တဲ့အတွက် စာရိုက်ရတာ ခက်ခဲပါတယ်။ အဲဒီအတွက် စာရိုက်ရာမှာ အမှားများ ပါလေ့ရှိကြပါတယ်။ အဲဒီအမှားများကို ပြင်ဆင်ဖို့အတွက် မှားနေတဲ့ စာသားနေရာကို Cursor ချဖို့ ခက်ခဲပါတယ်။ Android မှာ ဒီလို Cursor ချဖို့ ခက်ခဲနေရင်တော့ ကူညီပေးမယ့် App တစ်ခု ရှိပါတယ်။

Volume Button ကို နှိပ်၍ Cursor ချပေးမယ့် App
Android မှာ Volume Button ဖြင့် Cursor အလွယ်တကူ ချနိုင်မယ့် App ကတော့ Volume Key Cursor Control ဖြစ်ပါတယ်။ သူ့ကို Google Play Store ကနေ အခမဲ့ အသုံးပြုနိုင်ပါတယ်။ သူ့ကို ပထမဆုံးအကြိမ် ဖွင့်ရင် Home Page ကို ပြသပေးမှာ ဖြစ်ပြီး Start service ခလုတ်ကို On ပေးရမှာ ဖြစ်ပါတယ်။



အဲဒီနောက်မှာ Accessibility Permission ကို ဖွင့်ပြုပေးရမှာ ဖြစ်ပြီး Back Button ကို နှိပ်၍ App ကို ပြန်သွားရမှာပါ။

Apps များကို ရွေးချယ်ခြင်း
Volume Key Cursor Control ရဲ့ ညာဘက်အောက်ထောင့်မှ Plus Button ကို နှိပ်၍ Volume Key Cursor Control နဲ့ တွဲဖက် အလုပ်လုပ်မယ့် Third-Party Apps များနဲ့ System Apps များကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ သူ့ကို အခမဲ့ အသုံးပြုရင် အများဆုံး App ၈ ခု အထိ ရွေးချယ်နိုင်ပါတယ်။ အကန့်အသတ်မရှိ အသုံးပြုချင်ရင် Pro Version ကို ၀.၉၉ ဒေါ်လာဖြင့် ၀ယ်ယူရမှာ ဖြစ်ပါတယ်။



Apps များကို ရွေးချယ်ပြီးရင်တော့ အဲဒီ App များမှာ သင်စာရိုက်တဲ့ အခါမှာ မှားယွင်းမှုများ သို့မဟုတ် Cursor ချတဲ့အခါမှာ Volume Button ကို နှိပ်၍ နေရာချနိုင်မှာ ဖြစ်ပါတယ်။ Volume Down Button ကို နှိပ်ရင် Cursor ကို ဘယ်ဘက်သို့ ရွှေ့ပေးမှာ ဖြစ်ပြီး Volume Up Button ကို နှိပ်ရင် ညာဘက်သို့ ရွှေ့ပေးမှာ ဖြစ်ပါတယ်။ Volume Button များရဲ့ အလုပ်လုပ်ပုံကို Settings ထဲမှာ ပြောင်းလဲနိုင်ပါတယ်။

GBoard Keyboard
GBoard Keyboard အသုံးပြုသူများအတွက်တော့ အခြား App များကို အင်စတော လုပ်စရာ မလိုပါဘူး။ Spacebar ကို ဖိထားရင်းကနေ ဘယ် သို့မဟုတ် ညာသို့ လက်လှုပ်ရှားရင် Cursor ကို ရွှေ့ပေးမှာ ဖြစ်ပါတယ်။ အဲဒီ စွမ်းဆောင်ချက်ကို Android နဲ့ iOS Device ၂ မျိုးစလုံးမှာ အသုံးပြုနိုင်ပါတယ်။



Credit to ==>> DigitalTimes.com.mm







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 www.pyaephyo.com

0 comments:

Post a Comment