♪ သင့် မျက်နှာမှာ အတုအယောင် မိတ်ကပ် လိမ်းခြယ်နိုင်မယ့် App ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/Ashampoo_Snap_001_-11.jpg?fit=800%2C450&ssl=1

အလှကုန် ပစ္စည်းများကို ထုတ်လုပ်ရောင်းချနေတဲ့ Sephora က အနာဂတ် အလှကုန် ပစ္စည်းများ ၀ယ်ယူရာမှာ အရေးပါလာမယ့် Augmented Reality နည်းပညာကို အသုံးပြုလာပါတယ်။ Sephora က ဒီတစ်ပတ်ထဲမှာ သူ့ရဲ့ iOS App ကို Update ပြုလုပ်ပေးလိုက်ပြီး Seophora Virtual Artist စွမ်းဆောင်ချက် ပါလာပါတယ်။

အဲဒီ စွမ်းဆောင်ချက်ကို AR Company ဖြစ်တဲ့ ModiFace နဲ့ ပူးပေါင်း ဖန်တီးလိုက်တာ ဖြစ်ပါတယ်။ App က သင့်မျက်နှာကို စကင်ပြုလုပ်ပြီးနောက် သင်က သင့်မျက်နှာမှာ အတုအယောင် မိတ်ကပ်များကို လိမ်းခြယ်ခြင်း၊ နှုတ်ခမ်းနီဆိုးခြင်း၊ မျက်လုံးအလှခြယ်သခြင်းများကို ပြုလုပ်နိုင်ပါတယ်။

App မှာ စမ်းသပ်လိမ်းခြယ်ကြည့်တဲ့ အလှကုန်များကို နှစ်သက်ရင်တော့ Seophora ကနေ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။ App မှာ မိတ်ကပ်လိမ်းခြင်း၊ နှုတ်ခမ်းနီ ဆိုးခြင်း၊ မျက်လုံး အလှခြယ်သခြင်းများနဲ့ ပတ်သက်တဲ့ Virtual Tutorial များကိုလည်း ပံ့ပိုးပေးထားပါတယ်။ အဲဒီ Tutorial များကို သရုပ်ပြသတဲ့ အခါမှာ သင့်မျက်နှာကို အသုံးပြုမှာ ဖြစ်ပါတယ်။

အလှကုန် ထုတ်လုပ်တဲ့ ကုမ္ပဏီများဟာ နည်းပညာများကို အသုံးပြုလာကြပါတယ်။ HiMirror Plus လို Physical Devices က သင့် မျက်နှာကို စကင်ဖတ်ပြီး သင့်တော်တဲ့ အလှကုန်များကို အကြံပြုပေးနိုင်ပါတယ်။ Meitu MakeupPlus App ကလည်း သင့်မျက်နှာမှာ အတုအယောင် မိတ်ကပ်များကို လိမ်းခြယ်စမ်းသပ်နိုင်ပါတယ်။



Credit to ==> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 









www.pyaephyo.com

0 comments:

Post a Comment