♪ “MPT မှ 4G စနစ်ပါ ဈေးချိုသည့် စမတ်ဖုန်းသစ်မိတ်ဆက်” ♫

Image may contain: phone

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ ဈေးနှုန်းချိုသာပြီး 4G စနစ် အသုံးပြု နိုင်မည့်စမတ်ဖုန်းသစ်ကို မိတ်ဆက် လိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ M50A စမတ်ဖုန်းကို ပရိုမိုးရှင်းကာလအတွင်း ၈၉,ဝဝဝ ကျပ်နှင့် ရောင်းချ သွားမည်ဖြစ်ပြီး သုံးစွဲသူများသည် ဝယ်ယူပြီးသည့် နေ့မှ ၆လတိုင်တိုင် လစဉ်သုံးဒေတာ အပိုဆု 2.5GB ရရှိနိုင်မည့် MPT ဆင်းကတ်တစ်ကတ်ကို လက်ဆောင်ရရှိမည်ဖြစ်ပါသည်။

ဖုန်းဘေအနည်းဆုံး ၃,ဝဝဝ ကျပ် ဖြည့်သွင်း ရုံဖြင့် အဆိုပါဒေတာအပိုဆု ကိုရရှိနိုင်မည့်အစီအစဉ်ဖြစ်ကာ ယင်း ၃,ဝဝဝ ကျပ်မှာ မူလဖုန်းဘေထဲတွင် ဆက်လက်ကျန်ရှိနေမည်ဖြစ်သည့်အပြင် MPT ၏ဆွေသဟာအစီအစဉ်ကိုလည်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ MPT ၏ ဈေးနှုန်းသက်သာသော M40 နှင့်အရည်အသွေးမြင့် M50 တို့နည်းတူ ယခု အသစ်ထပ်မံ ထုတ်လုပ်လိုက်သော M50A ကို MPT အမှတ်တံဆိပ် အရောင်းဆိုင်များ၊ စူပါမိုဘိုင်းဖုန်းဆိုင်ခွဲများနှင့် အခြားသောမိုဘိုင်းဖုန်းဆိုင် များတွင်ပါဝယ်ယူ ရရှိနိုင်မည်ဖြစ်ပါသည်။

MPT ၏ ယခင်မော်ဒယ် M50 ကဲ့သို့ ပင် Android အမျိုးအစားဖြစ်သည့် M50A တွင်လည်း လက် ၅ ချောင်းထိတွေ့ နိုင်သည့် စွဲမက်ဖွယ် TP 5inch HD on-cell 2.5D curved glass touchscreen display အမျိုးအစားတပ်ဆင်အသုံးပြုထားပြီး စွမ်းဆောင်ရည် မြင့် 1.2GHz Processor နှင့် အားဖြည့်ထားသည်။ မြန်နှုန်းမြင့် 4G ကွန်ရက်ကို ချိုသာသော ဈေးနှုန်းဖြင့် ရရှိနိုင်မည် ဖြစ်ရာ စီးပွားရေးလုပ်ငန်း စွမ်းဆောင် ရှင်များ၊ လူမှုကွန်ရက်မီဒီယာအသုံးများသူများအတွက် ပြီးပြည့်စုံသောရွေး ချယ်မှုဟု ဆိုနိုင်ပါသည်။

 ထို့အပြင် ဘက်ထရီပမာဏ 2800mAh ကို သုံးစွဲထားသဖြင့် အချိန်ကြာမြင့်စွာ ဖုန်း Screen ဖွင့်ထားခြင်း၊ စကားပြောဆို ခြင်းတို့အတွက် အထူးပံ့ပိုးနိုင်ပါသည်။ လက်ရှိတွင် အဖြူရောင်ကိုသာ စတင် ရရှိမည်ဖြစ်ပြီး နောက်ပိုင်းတွင် အနက်ရောင်နှင့်ရွှေရောင်ကိုပါ ဆက်လက် ဖြန့်ဖြူးသွားရန် စီစဉ်ထားပါသည်။


ရဲလင်းလင်းသန်း

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 









www.pyaephyo.com

0 comments:

Post a Comment