♪ MacBook Pro ကို ဟက်နိုင်ခဲ့လို့ မြန်မာငွေကျပ် သိန်း ၃၈၀ ကျော်ရရှိမယ့် အဖြူရောင် ဟက်ကာများ ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/3FAscTUsJbMWCCmz7u99RA-970-80.jpg?fit=800%2C450&ssl=1

Apple က နောက်ဆုံးထုတ် MacBook Pro မှာ Apps များ အသုံးပြုရာမှာ တွင်ကျယ်စေမယ့် ထိတွေ့မျက်နှာပြင် Touch Bar ကို ထည့်သွင်းပေးခဲ့ပါတယ်။ အခုတော့ အဲဒီ Touch Bar ဟာ အဖြူရောင် ဟက်ကာများရဲ့ လက်ချက် မိသွားပါပြီ။

ဗန်ကူးဗားမှာ ကျင်းပတဲ့ CanSecWest Security Conference တွင် Pwn2Own Hacking ပွဲကို ကျင်းပခဲ့ပါတယ်။ အဲဒီ ပွဲမှာ Samuel GroB နဲ့ Niklas Baumstart အမည်ရ ဟက်ကာ ၂ ဦးက Apple ရဲ့ ဆာဖာရီ ဘရောက်စာရဲ့ ဟာကွက်များကို ထိုးဖောက်ခြင်း၊ masOS ထည့်သွင်းထားတဲ့ MacBook Pro မှာ Root Access ရယူခြင်းတို့ကို ပြုလုပ်ပြခဲ့ပါတယ်။ အထူးသဖြင့် Apple ရဲ့ Touch Bar အသစ်မှာ Message တစ်ခု ရေးသားပြခဲ့ပါတယ်။

Pwn2Own ဟာ အတော်ဆုံး အဖြူရောင် ဟက်ကာများ စုဝေးပြီး ဆော့ဖ်ဝဲ ဟာကွက်များကို ရှာဖွေကြတဲ့ ပွဲ ဖြစ်ပါတယ်။ အဲဒီနောက်မှာ အဖြူရောင် ဟက်ကာများက ဆော့ဖ်ဝဲ ဟာကွက်များကို ကုမ္ပဏီများထံ တင်ပြပြီး ဆုငွေများ ထုတ်ယူကြပါတယ်။ ကုမ္ပဏီများအတွက်လည်း သူတို့ရဲ့ ဆော့ဖ်ဝဲ ဟာကွက်များကို ဖာထေးနိုင်တဲ့အတွက် အလွန် အသုံးဝင်ပါတယ်။

ယခု ဟာကွက်ကို ဖော်ထုတ်ခဲ့တဲ့ ဟက်ကာများကလည်း ဆော့ဖ်ဝဲ ဟာကွက်များကို Apple ထံ တင်ပြပြီး ဆုငွေများ ထုတ်ယူကြမှာ ဖြစ်ပါတယ်။ ဟက်ကာ ၂ ယောက်ဟာ Apple ထံမှ ဆုငွေ ဒေါ်လာ ၂၈ ၀၀၀ ရရှိကြမှာပါ။



Credit to ==> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 









www.pyaephyo.com

0 comments:

Post a Comment