♪ Facebook Messenger က Voice Message ကို Download ဘယ်လို လုပ်မလဲ ♫


Facebook Messenger ကနေပို့ထားတဲ့ voice message တွေကို download လုပ်ပြီး သိမ်းထားချင်တယ် ဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း လုပ်နိုင်ပါတယ်။ Facebook Messenger က ပို့လိုက်တဲ့ voice message တွေကို Desktop ကွန်ပျူတာပေါ်ကပဲ download လုပ်နိုင်မှာ ဖြစ်ပါတယ်။

Voice Message တွေကို download လုပ်မယ်ဆိုရင် https://m.facebook.com/messages ဆိုတာကို browser မှာ ရိုက်ထည့်ပါ။ ဒါဆိုရင် mobile version နဲ့ Facebook message နေရာကို ရောက်သွား ပါလိမ့်မယ်။

Voice Message ပို့တဲ့ account ကို ရွေးပြီး အသံဖိုင်ကို နှိပ်လိုက်ပါ။

ဒါဆိုရင် အနောက်ဘက်နားမှာ download button ကို တွေ့ရပါလိမ့်မယ်။

Download button ကို နှိပ်လိုက်တာနဲ့ ဖိုင်ကို download လုပ်ပေးသွားမှာ ဖြစ်ပါတယ်။



Credit to ==> Internet Journal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment