♪ " ကွန်ပျူတာကိုယ်တိုင်တည်ဆောက်ယူနိုင်မည့် PC Building Simulator ဂိမ်းကိုစတင် " ♫

Image may contain: phone

ဗီဒီယိုဂိမ်းများ ထုတ်လုပ်သည့် သမိုင်းတစ်လျှောက်တွင် စိတ်ဝင်စားဖွယ် simulator ဂိမ်းများစွာရှိခဲ့ပြီးဖြစ်သည်။ လေယာဉ်၊ ရထား၊ ကား စသည်တို့ကို အတွေ့ရများပြီး နောက်ပိုင်းကာလတွင် Sim ဂိမ်းများကို တွေ့လာရကာ လူမှုဘ၀ပုံစံများကို simulator ကဲ့သို့ ကစားရခြင်းဖြစ်သည်။

ထို့အပြင် ဘတ်စ်ကားမောင်းခြင်း၊ လမ်းသန့်ရှင်းရေးလုပ်ခြင်း၊ တိရိစ္ဆာန်များမွေးခြင်း၊ ယာခင်းစိုက်ပျိုးခြင်း စသည်ဖြင့် များလှစွာသော simulator ဂိမ်းများကို တွေ့ကြရမည်ဖြစ်သည်။ ယခုတစ်ပတ်အတွင်း Sim game တစ်ခုကို Alpha testing အဆင့်မြင့် အခမဲ့ download ပေးခဲ့ပြီး စိတ်ဝင်စားသူများ ရယူနိုင် မည်ဖြစ်သည်။ PC Building Simulator v 0.01 သည် Windows နှင့် Linux သုံးစွဲသူများ download လုပ်ခွင့်ရမည်ဖြစ်ပြီး Mclntyre မှ ထုတ် လုပ်ခဲ့ခြင်းဖြစ်ကာ အကြံပြုချက်များကို ဖိတ်ခေါ်လျက်ရှိသလို bug report များကိုလည်း ပေးနိုင် မည်ဖြစ်သည်။ Pre-alpha ဂိမ်းဖြစ်သဖြင့် ကစားရာတွင် အခက်အခဲအချို့ရှိလိမ့်မည်ကို သိရှိထားရ မည်ဖြစ်သည်။ Mclntyre မှ အချို့ သော PC အစိတ်အပိုင်းများမှာ ယနေ့ခေတ်တွင် အဓိပ္ပာယ်မရှိဟု ထင်ရမည် ဖြစ်သော်လည်း အနာဂတ်အတွက် ရည်ရွယ်ဖန်တီးဖြစ်ခဲ့ကြောင်းဆိုသည်။ 

အဆိုပါဂိမ်းသည် ယခင်ထုတ်လုပ်သူများထဲမှ ခွင့်ပြုချက်ရရန် စောင့်ဆိုင်း နေရခဲ့ကြောင်းသိရသည်။ ဂိမ်းထဲ တွင်သင်သည် chassis ကို စတင်ရွေး ချယ်ကာ အစိတ်အပိုင်းများကို တစ်ခုချင်းထည့်သွင်းသွားရမည်ဖြစ် သည်။ 


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment