♪ " ခေတ်ဟောင်းဂိမ်း Turok 2 : Seeds of Evil Mi Steam တွင် ကစားနိုင် " ♫

No automatic alt text available.

ခေတ်ဟောင်း classic FPS ဂိမ်းဖြစ်သည့် Turok 2 : Seeds of Evil အား Windows PC များအတွက် steam တွင် စတင်ကစားနိုင်ပြီဟု သိရှိရသည်။ အဆိုပါဂိမ်းကို 1998 က ထုတ်လုပ်ပြီး Turok 2 မှာ ချီးကျူးမှုများစွာ ရရှိခဲ့သောဂိမ်းဖြစ်သည်။ ယခုအခါ Night Dive Studios မှ Kex Engine 3.4 နှင့် ပြန်လည် အဆင့်မြှင့်တင်ပေး ထားသည့် ပုံစံအသစ်ဂိမ်းအား ခေတ်သစ် Windows များပေါ်တွင် ကစားနိုင်ပြီဖြစ်သည်။

Turok 2: Seeds of Evil တွင် ဒိုင်နိုဆောအမဲလိုက်သမားနေရာမှ ကစားရမည်ဖြစ်ပြီး Steam ပေါ်တွင် တွေ့ရသောအချက်အလက်များအရ ရန်သူ 35 မျိုးထိပါဝင်ကာ ရန်သူများမှာ အသိဥာဏ်ရှိကြပြီး အဖွဲ့လိုက် တိုက်ခိုက်ခြင်း၊ အကာအကွယ်ယူခြင်း၊ ထွက်ပြေးခြင်းများဖြင့် တုံ့ပြန်လေ့ရှိကြောင်း သိရသည်။ လက်နက်များမှာ ခေတ်ဟောင်းလက်နက်များသာမက ပစ္စတို၊ ရိုင်ဖယ်၊ shotgun၊ ဗုံး၊ သေနတ်၊ မီးသေနတ် မှအစ ခေတ်သစ်လက်နက်မျိုးစုံကို ကိုင်ဆောင်သုံးစွဲနိုင်မည်ဖြစ်သည်။ ထို့အပြင် စက်သေနတ်တပ်ဆင် ထားသည့် Triceratops ဒိုင်နိုဆောပေါ်တက်စီးရင်း ရန်သူများကို တက်နင်းနိုင်ကြောင်း သိရသည်။

ဂိမ်းအင်ဂျင်အား အဆင့်မြှင့်တင်ထားရုံမက UI အသစ်အပြင် AI ကိုပါ အဆင့်မြှင့်တင်ထားပြီး maps ကို update လုပ်ထားကာ ပိုမိုကောင်းမွန်သော save နှင့် load option များပါဝင်လာခဲ့သည်။ Multiplayer mode ကိုလည်း အသစ်ထည့်သွင်းပေးခဲ့ပြီး split screen mode လည်းပါဝင်လာကာ multiplayer game mode ‘Last Turok Standing’ မှာ အသစ်စက်စက်ဖြစ်သည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment