♪ “Huawei မှ နွေဦးသင်္ကြန် ပရိုမိုးရှင်းပြုလုပ်” ♫

No automatic alt text available.

Huawei မှ ယင်း၏သုံးစွဲသူများအတွက် အမှတ်တရကောင်းများကို ရိုက်ကူး နိုင်သည့် ကင်မရာ၊ ခဏခဏအားသွင်းရမှာကို စိတ်ပူစရာမလိုသည့် တာရှည်ခံဘက်ထရီ၊ ဘယ်နေရာကိုပဲရောက်ရောက် ချိတ်ဆက်နိုင်မည့် လိုင်းဆွဲအားတို့ ပါဝင်သည့် Huawei P9၊ Huawei GR5 2017 (Premium)၊ Huawei GR5 2017 (MPT)၊ Huawei GR5 2017 နဲ့ Huawei GR5 Mini တို့ကိုဝယ်ယူပြီး လက်ဆောင်များရယူနိုင်မယ့် Huawei နွေဦးသင်္ကြန် ပရိုမိုးရှင်းကို ပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။

ပရိုမိုးရှင်းကာလ အနေဖြင့် ၂၀၁၆ ခုနှစ် မတ်လ (၁၁)ရက်နေ့ မှ ဧပြီလ (၃၀)ရက်နေ့ အထိ ကြာမြင့် မည်ဖြစ်ကာ Huawei P9 ၀ယ်ယူသူများအနေဖြင့် Huawei Premium ကျောပိုးအိတ်၊ အလျင် အမြန်အားသွင်း နိုင်မယ့် Huawei 10,000 mAh Powerbank နှင့် Ooredoo ကို လစဉ် ၁၀၀၀၀ ကျပ် ငွေဖြည့်ရုံဖြင့် အပို ၁၇၀၀၀ ကျပ် စုစုပေါင်း ၂၇၀၀၀ ကျပ်ရရှိနိုင်မယ့် အခွင့်အရေး ၊ Huawei GR5 2017 (Premium)၊ Huawei GR5 2017 (MPT)၊ Huawei GR5 2017 တို့ကို ၀ယ်ယူသူများအနေဖြင့် Huawei 5,000 mAh Powerbank နဲ့ Huawei GR5 Mini ကို ၀ယ်ယူသူများအနေဖြင့် Tripod Selfie Stick တို့ကို ရရှိမည် ဖြစ်သည်။

Huawei GR5 2017 (Premium) သည် RAM 4GB, ROM 64GB တို့ ပါဝင်လာမှာဖြစ်ပြီး ဂိမ်းကစားတာကြိုက်နှစ်သက် တဲ့သူတွေ၊ application တစ်ခုပြီး တစ်ခုဖွင့်တတ်တဲ့သူတွေ ဖုန်းကိုအမြဲအသုံးပြုနေတတ်သူတွေ အတွက် အကြိုက်တွေ့စေမည်ဖြစ်သည်။ ကင်မရာနှစ်လုံးပါဝင်သည့် Huawei P9 နဲ့ Huawei GR5 2017 တို့သည် ဘိုခေး (Bokeh) လုပ်ဆောင်ချက်ပါဝင် သည့်အတွက် ပရော်ဖက်ရှင်နယ် ကင်မရာတစ်လုံးလို လှပထူးခြားတဲ့ ပုံရိပ်တွေကို အထူးပြောစရာမလိုအောင် လှပနေမှာဖြစ်သောကြောင့် မှတ်တမ်းအနေဖြင့် သိမ်းဆည်းထားနိုင်မည်ဖြစ်သည်။

ဖုန်းတစ်လုံးချင်းစီအတွက် ပြည့်ဝလုံလောက်တဲ့ ဘက်ထရီကို ပံ့ပိုးပေးထား သည့် Huawei စမတ်ဖုန်းများသည် တစ်ခါအားအပြည့်သွင်းထား ရုံဖြင့် အင်တာနက်ပဲသုံးသုံး၊ ဗီဒီယိုဖိုင်တွေပဲကြည့်ကြည့်၊ ဂိမ်းတွေပဲဆော့ဆော့ လုံလောက်တဲ့အားပမာဏကို ပေးနိုင်တဲ့အတွက် နေရာတကာကို အားသွင်း ကြိုးယူသွားရတဲ့ ပြဿနာကနေလည်း ကင်းလွတ်စေမှာ ဖြစ်သည်။


Huawei P9 ကို ၅၅၉,၀၀၀ ကျပ်နဲ့ ၀ယ်ယူနိုင်ပြီး အရောင်အနေနဲ့ Rose Gold အရောင်၊ ရွှေရောင်၊ ငွေရောင်နဲ့ မီးခိုးရောင်တို့ကို ရွေးချယ်နိုင်မှာဖြစ်ကာ Huawei GR5 2017(Premium) ကို ၃၉၉,၀၀၀ ကျပ်နဲ့ ၀ယ်ယူနိုင်ပြီး အရောင် အနေနဲ့ ရွှေရောင်နဲ့ မီးခိုးရောင်တို့ကို ရွေးချယ်နိုင်မည်ဖြစ်သည်။ Huawei GR5 2017 (MPT) ကို ၀ယ်ယူသူများအနေဖြင့် ၀ယ်ယူသည့်နေ့မှစပြီး 4GB အင်တာနက်ဒေတာကို (၆) လ ဆက်တိုက် ရရှိမည်ဟုလည်းသိရသည်။


Huawei GR5 2017 ကို ၃၀၉,၀၀၀ ကျပ်နဲ့ ၀ယ်ယူရရှိနိုင်မှာဖြစ်ပြီး အရောင် အနေနဲ့ ရွှေရောင်၊ ငွေရောင်၊ မီးခိုးရောင်တို့ကို ရွေးချယ်နိုင်မှာဖြစ်ကာ GR5 Mini ကိုတော့ ၂၁၅,၀၀၀ကျပ်နဲ့ ၀ယ်ယူနိုင်မှာဖြစ်ပြီး အရောင်အနေနဲ့ ရွှေရောင်နဲ့ ငွေရောင်တို့ကို ရရှိနိုင်သည်။


ကောင်းမြတ်ရာ

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment