♪ " Apple မှ 9.7” iPad အသစ်အား ကြေညာခဲ့ " ♫

No automatic alt text available.

Apple သည် iPad model အသစ်အား ကြေညာခဲ့ပြီး ခပ်ရိုးရိုးပင် iPad ဟု အမည်ပေးခဲ့ကာ iPad Air 2 ၏ မျိုးဆက်သစ်ဖြစ်လာခဲ့သည်။ iPad Air 2 နှင့် တူညီသောပုံစံရှိခဲ့သော်လည်း အပြောင်းအလဲများကိုလည်း တွေ့ခဲ့ရသည်။ Air 2 တွင်သုံးခဲ့သော A8X chip အစား A9 chip ဖြင့် အစားထိုးခဲ့သည်။ iPad အသစ်သည် ပို၍လည်းထူလာပြီး Air 2 သည် 6.1 mm ရှိရာမှ ယခု iPad ဟာ 7.5 mm ထိရှိလာခဲ့သည်။

Air 2 မှာ 27.6 Wh ဘက်ထရီသာသုံးရက iPad အသစ်မှာ 32.4 Wh ဘက်ထရီကိုသုံးခဲ့သောကြောင့်ဖြစ်သည်။ ဒါကလွဲရင် ကျန်တာတွေက တူညီခဲ့ပြီး 9.7” Retina display, 8 MP f 2.4” ကင်မရာ (1080 ဗီဒီယို) နှင့် 1.2 MP ရှေ့ကင်မရာ (720 p ဗီဒီယို) တို့ကို ဆက်လက်သုံးစွဲခဲ့ပါသည်။ စတီရီယိုစပီကာပါဝင်ပြီး Touch ID မှာ Apple Pay ကိုထောက်ပံ့ပေးထားကာ ဘက်ထရီသက်တမ်းမှာ 10 နာရီရှိမည်ဖြစ်သည်။ နောက်ထပ် အဓိကအပြောင်းအလဲတစ်ခုမှာ ဈေးနှုန်းဖြစ်ပြီး အခြေခံ 32 GB model မှာ 329 $ မှ စတင်ရောင်းချ မည်ဖြစ်ရာ iPad ကြီးများတွင် အသက်သာဆုံးဈေးဖြစ်လာပြီး ယခင်က အနည်းဆုံး 499$ ရှိခဲ့သည်။ 128 GB model အား 429 $ ဈေးသတ်မှတ်ထားသည်။

Cellular model များအတွက် 32 GB 459 $, 128 GB 559 $ ဈေးဖြစ်သည်။ မတ်လ 24 ရက်မှစကာ US အပါအ၀င် နိုင်ငံ 20 ၌ စတင်ရောင်းချမည်ဖြစ်ပြီး ကျန်နိုင်ငံများသို့ ဧပြီ ၊ မေလများတွင် ဆက်လက်ရောက်ရှိ လာမည်ဖြစ်သည်။ 


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com

0 comments:

Post a Comment