♪ Android ဖုန်းကို ကွန်ပျူတာရဲ့ မိုက်ကရိုဖုန်းအဖြစ် အသုံးပြုခြင်း ♫


ကိုယ့်ရဲ့ ဖုန်းကို ကွန်ပျူတာရဲ့ မိုက်ခရိုဖုန်းအဖြစ် Wo mic ဆိုတဲ့ App ကိုအသုံးပြုပြီး အသုံးပြုနိုင် ပါတယ်။ ကွန်ပျူတာရဲ့ မိုက်စနစ်ပျက်နေတဲ့ အခါမှာမျိုး အလွယ်တကူ ဒီ App ကိုသုံးပြီး ကွန်ပျူတာရဲ့ မိုက်ခရိုဖုန်းတစ်လုံး အနေနဲ့ ကိုယ့်ရဲ့ဖုန်းကို အသုံးပြု နိုင်မှာဖြစ်ပါတယ်။ မိုက်ခရိုဖုန်း အသစ်တစ်လုံးအတွက် ပိုက်ဆံ ထပ်ကုန်စရာမလိုဘဲ App သုံးပြီး စကားပြောခြင်း အသံဖမ်းခြင်း တွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ WO Mic app (https://goo.gl/j60pT6 ) ကို ကိုယ့်ရဲ့ Android ဖုန်းမှာ ထည့်သွင်းထားရမှာဖြစ်သလို WO Mic client setup (http://www.wirelessorange.com/womic/softwares/wo_mic_client_setup.exe) ဆော့ဖ်ဝဲကို

ကွန်ပျူတာထဲမှာ ထည့်သွင်းပေးရ မှာဖြစ်ပါတယ်။ Windows အသုံး ပြုသူဆိုရင်တော့ WO Mic Driver (http://www.wirelessorange.com/womic/softwares/wo_mic_driver_signed.exe) ကိုပါ ပူးတွဲထည့်သွင်းပေး ရမှာဖြစ်ပါတယ်။ Mac အသုံးပြု သူတွေဆိုရင်တော့ WO Mic app  (http://www.wirelessorange.com/womic/softwares/WO_Mic_Client.app.pkg) သာလိုမှာဖြစ်ပြီး Drivers တော့ မလိုအပ်ပါဘူး။

လိုအပ်တဲ့ App နဲ့ ဆော့ဖ်ဝဲ တွေကို ထည့်သွင်းပြီးပြီဆိုရင် တော့ အရင်ဆုံး Android ဖုန်းထဲ က WO Mic app ကို ဖွင့်လိုက်ပါ။



WO Mic app ပွင့်လာရင် တော့ Settings ထဲကိုဝင်လိုက်ပါ ပြီးရင်တော့ Transport ဆိုတာကို ရွေးပေးပါ။



Transport ကို နှိပ်လိုက်ရင် တော့ အဖြူရောင်အကွက်တစ်ခု ပေါ်လာမှာဖြစ်ပြီး အဲဒီထဲက Wifi ဆိုတာကို ရွေးပေးရမှာ ဖြစ်ပါတယ်။



ပြီးရင်တော့ အောက်ဖော်ပြ ပါပုံထဲကအတိုင်း START ဆိုတာ နှိပ်ပေးပါ။



START ဆိုတာကို နှိပ်လိုက်ရင်တော့ မြင်ကွင်းပေါ်မှာ IP Address ကိုတွေ့ရမှာဖြစ်ပြီး IP Address ကို တစ်နေရာမှာ ချရေးပြီး မှတ်ထားလိုက်ပါ။ အဲဒီ IP Adress ကို နောက်ပိုင်းကျရင် လိုအပ်မှာဖြစ်ပါတယ်။



ပြီးရင်တော့ ကွန်ပျူတာထဲက WO Mic ဆော့ဖ်ဝဲကို ဖွင့်လိုက်ပါ။  ဆော့ဖ်ဝဲပွင့်လာရင်တော့ Connection ဆိုတဲ့ Menu အောက် Connect… ဆိုတဲ့စာသားကိုရွေး ပေးပါ။



Connect… ဆိုတာကိုရွေး ပေးလိုက်ရင်တော့ Select transport ဆိုတဲ့ pops up မြင်ကွင်း တစ်ခုပေါ်လာမှာဖြစ်ပါတယ်။ အဲဒီထဲကမှ Wi-Fi ဆိုတာကို ရွေး ပေးရမှာဖြစ်ပါတယ်။ Wi-Fi ကို ရွေးပေးပြီးရင်တော့ စောစောက ချရေးပြီး မှတ်သားထားတဲ့ IP Adress ကို Wi-Fi စာသားဘေးနား က အကွက်ထဲမှာ ရိုက်ထည့်ပေး ရမှာဖြစ်ပါတယ်။ IP Adress ကို ရိုက်ထည့်ပေးပြီးရင်တော့ OK ကို နှိပ်လိုက်ပါ။



ပြီးရင်တော့ Options menu ထဲက Play in speaker ဆိုတာကို ထပ်ရွေးလိုက်ပါ။



Wi-Fi ကွန်ရက်ရဲ့ IP Adress ကို ကွန်ပျူတာကနေ ရှာဖွေပြီး ဖုန်းနဲ့ချိတ်ဆက်မှာ ဖြစ်တဲ့အတွက် စက္ကန့်အနည်းငယ်လောက် ကွန်ရက်ချိတ်ဆက်မှုကို စောင့်ဆိုင်းပေးရမှာ ဖြစ်ပါတယ်။



ချိတ်ဆက်မှု ရရှိသွားပြီဆို ရင်တော့ ဆော့ဖ်ဝဲရဲ့ ဘယ်ဘက်အောက်ထောင့်နားမှာ Connected ဆိုတဲ့ စာသားပေါ်လာမှာ ဖြစ်ပါတယ်။



ဒါဆိုရင်တော့ ဖုန်းကို ကွန်ပျူ တာရဲ့ မိုက်ခရိုဖုန်း အနေနဲ့စတင် အသုံးပြုနိုင်နိုင်ပြီပဲ ဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ ဖုန်းကို မိုက်ခရိုဖုန်း အနေနဲ့ အသုံးမပြုလိုတော့တဲ့ အခါဆိုရင်တော့ Disconnect ကို နှိပ်ပြီး မိုက်အဖြစ် အသုံးပြုမှုကို ရပ်တန့်နိုင်မှာဖြစ်သလို ပြန်သုံးချင်တဲ့အခါမှာ Connect ကို နှိပ်ပြီး ပြန်သုံးနိုင်မှာ ဖြစ်ပါတယ်။






Credit to ==> Internet Journal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com

0 comments:

Post a Comment