♪ ကဏ္ဍအသစ်များဖြည့်စွက်ထားသည့် My Ooredoo App V.2.0 ကိုမိတ်ဆက် ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/ooredoo.jpg?fit=800%2C450&ssl=1

Ooredoo Myanmar ၏ ဝန်ဆောင်မှုများအကြောင်းကို တစ်နေရာတည်းတွင် အလွယ်တကူ ကြည့်ရှု ၊ ရယူနိုင်သော My Ooredoo App V.2.0 ကို မိတ်ဆက်ပေးခြင်းနှင့်အတူ My Ooredoo App ၏ အသုံးဝင်ပုံ အသေးစိတ်ကို ရှင်းလင်းပြောကြားထားသော သတင်းထုတ်ပြန်ချက်ကို Ooredoo Myanmar မှ ထုတ်ပြန်လိုက်ကြောင်းသိရသည်။

အူရီဒူးသုံးစွဲသူများအနေဖြင့် အူရီဒူး၏ 3G/4G ကွန်ရက် အသုံးပြုနေသည့်အခါတွင် My Ooredoo App သို့ အခမဲ့ ဝင်ရောက်အသုံးပြုနိုင်မည်ဖြစ်ပြီး Wi-Fi အသုံးပြုနေသည့်အခါမျိုးတွင်လည်း OTP တစ်ကြိမ်သုံး စကားဝှက်ကို အသုံးပြု၍ My Ooredoo App အား ဝင်ရောက်အသုံးပြုနိုင်မည်ဖြစ်သည်။

My Ooredoo App သို့ ဝင်ရောက်အသုံးပြုပါက ပထမဦးဆုံးတွေ့ရမည့် ဖုန်းငွေလက်ကျန်နှင့် ခံစားခွင့်စာမျက်နှာတွင် သုံးစွဲသူများအတွက် ပင်မလက်ကျန်ငွေ နှင့် ပရိုးမိုးရှင်းလက်ကျန်အတွက် ဒေတာ၊ အသံနှင့် SMS ခံစားခွင့်များအား စစ်ဆေးနိုင်မည်ဖြစ်သည်။

ယင်းတွင်ပါရှိသည့် ဖုန်းငွေဖြည့်သွင်းရန်လုပ်ဆောင်ချက်မှာလည်း သုံးစွဲသူများအတွက် အထူးအရေးပါလှပြီး သုံးစွဲသူများအနေဖြင့် ဖုန်းငွေဖြည့်သွင်းခြင်းကို မိမိတို့ကိုယ်တိုင် ဖြည့်သွင်းနိုင်မည်ဖြစ်ရုံမျှမကဘဲ အခြားနံပါတ်များအတွက်ပါ ဖုန်းငွေဖြည့်သွင်းပေးနိုင်မည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ငွေဖြည့်သွင်းခဲ့သည့် မှတ်တမ်းကိုလည်း တစ်ချက်တည်းနှိပ်ရုံဖြင့် စစ်ဆေးကြည့်ရှုနိုင်မည်ဖြစ်သည်။

Package များဝယ်ယူရန်အစီအစဉ်မှတဆင့် အူရီဒူးသုံးစွဲသူများအနေဖြင့် အူရီဒူးမြန်မာ၏ ကမ်းလှမ်းပေးထားသည့် အကောင်းမွန်ဆုံး အင်တာနက်အစီအစဉ်များ (ပေါင်းကူးအင်တာနက် အစီအစဉ်၊ နေ့စဉ်သုံး၊ အပတ်စဉ်သုံးနှင့် လစဉ်သုံးအစီအစဉ်များ၊ ညသုံးအင်တာနက်အစီအစဉ်များ၊ Facebook အစီအစဉ်များ) နှင့် အသံအစီအစဉ်များကို  ဝယ်ရန် ခလုတ်အနည်းငယ်နှိပ်လိုက်ရုံဖြင့်ပင် အလွယ်တကူဝယ်ယူနိုင်မည် ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် မိသားစုများနှင့် မိတ်ဆွေသူငယ်ချင်းများအတွက် အင်တာနက်လက်ဆောင် အစီအစဉ်များအား လက်ဆောင်ပေးပို့၍ အံ့သြဝမ်းသာအောင် ပြုလုပ်နိုင်မည်ဖြစ်သည်။

အပိုထပ်ဆောင်းဝန်ဆောင်မှုကို အသုံးပြု၍ သုံးစွဲသူများအနေဖြင့် နှစ်ခြိုက်ရာ Fun Tone ဝန်ဆောင်မှု၊ Name Tone ဝန်ဆောင်မှုနှင့် Status Tones ဝန်ဆောင်မှုတို့ကို အလွယ်တကူ ရယူအသုံးပြုနိုင်မည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် မိမိတို့ကြိုက်နှစ်သက်သည့် Content ဝန်ဆောင်မှုများ၊ စာတိုဝန်ဆောင်မှုများနှင့် ဗွီဒီယိုများ၊ ဂိမ်းများ အစရှိသည့်ဝန်ဆောင်မှုမျိုးစုံကို မိမိလိုအပ်ချက်ပေါ်မူတည်ပြီး ရယူနိုင်မည်ဖြစ်သည်။

အူရီဒူးသုံးစွဲသူများအနေဖြင့် မိမိအတွက်၊ မိသားစုအတွက်နှင့် သူငယ်ချင်းမိတ်ဆွေများအတွက် အထူးစိတ်ကြိုက် သီးသန့်နံပါတ်များကို My Ooredoo App မှတစ်ဆင့် မိမိကိုယ်တိုင်လွယ်ကူစွာ မှာယူနိုင်မည်ဖြစ်သည်။ ရရှိနိုင်မည့်နံပါတ်နှင့် ဈေးနှုန်းကိုပါ တစ်ပြိုင်တည်း သိရှိနိုင်မည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် လက်ကျန်ငွေမရှိတော့ပါက ကြိုသုံးဝန်ဆောင်မှုကို အသုံးပြု၍ ငွေကျပ် ၈ဝဝ ကြိုတင်ရယူနိုင်မည် ဖြစ်ပြီး နောက်တစ်ကြိမ်ထပ်မံဖုန်းငွေဖြည့်သွင်းပါက ပြန်လည်နှုတ်ယူမည်ဖြစ်သည်။ ဖုန်းလက်ကျန်ငွေနည်းနေစဉ် ရွေးချယ်ခွင့်များအနေဖြင့် ကျွန်ုပ်အား ပြန်လည်ခေါ်ဆိုပါ၊ ကျွန်ုပ်အား ဖုန်းငွေဖြည့်သွင်းပေးရန်၊ ကြိုသုံးငွေ အစရှိသည့် ဝန်ဆောင်မှုများ ရရှိနိုင်မည်ဖြစ်သည်။

My Ooredoo App မှ ဆင်းကတ်မှတ်ပုံတင်ခြင်းခလုတ်ကိုနှိပ်၍ လိုအပ်သည့် အသေးစိတ် အချက်အလက်များကို ထည့်သွင်းဖြည့်စွက်ခြင်းဖြင့် လွန်ကူရိုးရှင်းစွာ ဆင်းကတ်မှတ်ပုံတင်နိုင်မည် ဖြစ်သည်။ အူရီဒူးသုံးစွဲသူဝန်ဆောင်မှုအဖွဲ့သားများနှင့် တိုက်ရိုက်ဆက်သွယ်စကားပြောနိုင်သည့် Live Chat အစီအစဉ်ဖြင့်လည်း အူရီဒူးထုတ်ကုန်များ၊ ပရိုမိုးရှင်းများနှင့် ဝန်ဆောင်မှုများအကြောင်း ပိုမိုအသေးစိတ် သိရှိနိုင်မည်ဖြစ်သည်။

My Ooredoo App ကို Google Play Store နှင့် App Store တို့တွင် အခမဲ့ဒေါင်းလုတ်ရယူအသုံးပြု နိုင်ကြောင်းသိရသည်။




Credit to ==>  DigitalTimes.com.mm





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment