
ဒီတစ်ပတ်တော့ Meizu Pro 7 နဲ့ Meizu Pro 7 Plus တို့ရဲ့ တူညီတဲ့အချက်တွေနဲ့ ကွဲခြားချက်တွေကို နှိုင်းယှဉ်ပြောပြချင် ပါတယ်။ ၎င်းဖုန်း 2 လုံးကို တစ်ပြိုင်နက်တည်း ထုတ်လုပ်ပေးသွားမှာဖြစ်ပြီး Meizu
Pro 7 Plus က Meizu Pro 7 ထက် ပိုမိုကောင်းမွန်သလို ဈေးနှုန်းလည်း
ပိုမိုမြင့်မားမှု ရှိပါတယ်။ ဒီဇိုင်းပုံစံနဲ့ တည်ဆောက်ရာမှာ သုံးထားတဲ့
ပစ္စည်းတွေကလည်း အကုန်တူညီပါတယ်။
ဖုန်းအရွယ်အစား၊
မျက်နှာပြင်အကျယ်၊ မြင်ကွင်းစွမ်းအား၊ RAM စွမ်းအားနဲ့
ဘက်ထရီစွမ်းအားတွေမှာ Meizu Pro 7 Plus က ပိုမိုအဆင့်မြင့်ပြီး
ကျန်တဲ့စက်စွမ်းဆောင်ရည်၊ ကင်မရာအရည်အသွေးနဲ့ မျက်နှာပြင်အမျိုးအစားတွေကေ တာ့
တူညီပါတယ်။ ၎င်းဖုန်းတွေကို GSM, HSPA, EVDO နဲ့ LTE networks တွေမှာ
အသုံးပြုနိုင်မှာဖြစ်ပြီး ဖုန်း 2 ခုလုံးမှာ Dual Nano SIM
စနစ်တွေပါရှိလို့ Nano SIM card 2 ကတ်ကို တစ်ပြိုင်နက်တည်း
သုံးစွဲနိုင်ပါတယ်။
* Design *
1. Meizu Pro 7
Meizu
Pro 7 ရဲ့အရွယ်အစားက 147.6 x 70.7 x 7.3 mm ဖြစ်ပြီး 163g လေးပါတယ်။
ဒါကြောင့် ပါးလွှာပြီး ကိုင်တွယ်လို့ကောင်းတဲ့ အလေးချိန်ပါပဲ။ ၄င်းက
အမည်းရောင်၊ အနီရောင်နဲ့ ရွှေရောင်ဆိုတဲ့ အရောင် 3 မျိုး ရရှိနိုင်ပါတယ်။
2. Meizu Pro 7 Plus
Meizu
Pro 7 Plus ရဲ့ အရွယ်အစားကတော့ 157.3 x 77.2 x 7.3 mm ရှိပြီး 170g
အလေးချိန် ရှိပါတယ်။ ဒါကြောင့် Pro 7 လိုပဲ ပါးလွှာပြီး နည်းနည်းလေးတော့
ပိုလေးပါတယ်။ သူ့ကိုတော့ အမည်းရောင်၊ ရွှေရောင်နဲ့ ငွေရောင်တွေကို
ထုတ်လုပ်ပေးထားပါတယ်။
* Processor *
1. Meizu Pro 7
စက်စွမ်းဆောင်ရည်ပိုင်းအတွက်
RAM 4GB ပါရှိတဲ့ Mediatek MT6799 Helio X30 Deca-core (2x2.6GHz
Cortex-A73, 4x1.9GHz Cortex- A35, 4x2.2GHz Cortex-A53) Processor နဲ့
PowerVR 7XTP GPU တို့ကို ပံ့ပိုးထားပါတယ်။
2. Meizu Pro 7 Plus
Meizu
Pro 7 Plus မှာလည်း တူညီတဲ့ Chipset, Processor နဲ့ Graphics Card တို့ကို
သုံးထားပြီး ယာယီမှတ်ဉာဏ်စွမ်းအား RAM စွမ်းအားပိုင်းမှာတော့ 6GB တောင်
ပါရှိပါတယ်။ ဒါကြောင့် RAM စွမ်းအားမြင့်မားတဲ့ ဖုန်းတစ်လုံးလို့
ပြောနိုင်ပါတယ်။
* Display *
1. Meizu Pro 7
မျက်နှာပြင်အကျယ်
5.2-inch ရှိပြီး Super AMOLED capacitive touchscreen, 16M colors
Display အမျိုးအစားကို သုံးစွဲထားပါတယ်။ ပြသပေးနိုင်တဲ့ မြင်ကွင်းစွမ်းအားက
1080 x 1920 pixels ရှိပြီး 1 လက်မ သိပ်သည်းဆက ~423 ppi pixels ပမာဏတောင်
ရှိပါတယ်။
2. Meizu Pro 7 Plus
မျက်နှာပြင်အမျိုးအစားချင်း တော့
တူညီပေမယ့် ပြသနိုင်တဲ့ မြင်ကွင်းစွမ်းအားက 1440 x 2560 pixels
တောင်ရှိတဲ့ အတွက် ပိုမိုကောင်းမွန်ပြီး မျက်နှာပြင်ကလည်း 0.5-inch လောက်
ပိုမိုကျယ်ဝန်းတာကို တွေ့ရပါတယ်။
* Verdict *
1. Meizu Pro 7
Meizu
Pro 7 ရဲ့ အရှေ့ဘက် Home button မှာ သုံးစွဲလို့ကောင်းမွန်တဲ့ အဆင့်မြင့်
fingerprint sensor ပါရှိပြီး သူ့ဈေးနှုန်းနဲ့သူ သုံးစွဲရတာ
ထိုက်တန်မှုလို့ကောင်းတဲ့ အဆင့်မြင့်ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။ ဒါကြောင့်
ဈေးနှုန်း နည်းနည်းပိုသက်သာတဲ့ဖုန်းကို သုံးချင်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။
2. Meizu Pro 7 Plus
Meizu
Pro 7 Plus မှာလည်း တူညီတဲ့ fingerprint sensor ကို Home button မှာပဲ
ထည့်သွင်းထားပြီး ၎င်းကတော့ နောက်ဆုံးပေါ် အဆင့်မြင့်စမတ်ဖုန်းတစ်လုံး ရဲ့ အရည်အသွေးတွေ အကုန်ရှိပါတယ်။ ဒါကြောင့် အကောင်းဆုံးဆိုတာကိုမှ သုံးချင်တဲ့သူတွေကတော့ ကြိုက်နှစ်သက်ကြမှာပါ။
www.pyaephyo.com






0 comments:
Post a Comment