Huawei
P9 ဟာ Huawei ထုတ်လုပ်ခဲ့တဲ့ စမတ်ဖုန်းတွေထဲက အကောင်းဆုံးဖုန်းတွေထဲမှာ
တစ်လုံးအပါအ၀င်ဖြစ်ပါတယ်။ ကင်မရာစွမ်းဆောင်ရည်နဲ့
မျက်နှာပြင်စွမ်းအားပိုင်းကို
ပိုမိုကောင်းမွန်အောင် အားဖြည့်ထားတာကိုတွေ့ရပြီး ကျန်တဲ့ specs တွေနဲ့
features တွေကလည်း သုံးစွဲရတာအဆင်ပြေပါတယ်။ ၄င်းဟာ အရင်ထုတ်လုပ်ခဲ့ P8 ရဲ့
ကိုယ်ထည်တည်ဆောက်ပုံဒီဇိုင်းအတိုင်း ပြုလုပ်ထားတဲ့အပြင် ပိုမိုကိုင်တွယ်သုံးစွဲလို့ကောင်းအောင် အဆင့်မြှင့်တင်ထားပါတယ်။
နောက်ကျောဘက်မှာ ယုံကြည်စိတ်ချစွာအသုံးပြုနိုင်တဲ့ fingerprint sensor ပါရှိပြီး လျင်မြန်တိကျမှုလည်းရှိပါတယ် ။
GSM ၊ HSPAနဲ့ LTE networks တွေကို ထောက်ပံ့ပေးထားပြီး Micro SIM card 2
card ကို တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်ပါတယ်။ ထည့်သွင်းထားတဲ့
Non-removable Li-Ion 3000 mAh battery က တစ်နေ့တာလုံး လုံလောက်တဲ့
ဘက်ထရီစွမ်းအားကို ပေးစွမ်းနိုင်ပါတယ်။ ၄င်းဖုန်းဟာ ဈေးကွက်ထဲက flagship
ဖုန်းတွေနဲ့ယှဉ်ရင် ဈေးနှုန်းက အလယ်အလတ်တန်းစားအဆင့်လောက်ရှိတာကို တွေ့ရပါတယ်။
* Design & Build *
ဖုန်းရဲ့တည်ဆောက်ထားတဲ့ ဒီဇိုင်းပုံစံက သေသပ်လှပပြီး ကိုင်တွယ်အသုံးပြုရတာလည်း ထည်ထည်ဝါ၀ါ ရှိပါတယ်။ ကိုယ်ထည်တစ်ခုလုံးက တောက်ပပြောင်လက်နေတဲ့ အလူမီနီယံနဲ့ပြုလုပ်ထားလို့
မပေါ့မလေးနဲ့ အနေတော်အလေးချိန်ရှိပါတယ်။ ဘေးထောင့်တွေက
အနည်းငယ်ဝိုင်းနေတဲ့အတွက် ရှိတာထက် ပိုပါးလွှာတယ်လို့တောင် ထင်ရပါတယ်။
ဖုန်းအရွယ်အစားက 145 x 70.9 x 7 mm ရှိပြီး 144g လေးပါတယ်။ ဒါကြောင့်
iPhone 6S နဲ့ အရွယ်အစားတူညီပြီး မျက်နှာပြင်အကျယ်က 6S ထက် ပိုကျယ်ပါတယ်။
ဖုန်းရဲ့မျက်နှာပြင်အပေါ်ဘက် မှာ အရှေ့ကင်မရာ Lens နဲ့ အောက်ခြေဘက်မှာ capacitive button 3 ခုပါရှိပါတယ်။
နောက်ကျောဘက်ရဲ့ အပေါ်ညာဘက်ထောင့်စွန်းနားမှာ
အနောက်ကင်မရာ Lens 2 ခုကို ဘေးတိုက်ယှဉ်ထားပြီး အောက်ဘက်မှာ fingerprint
sensor ကိုတပ်ဆင်ထားပါတယ်။ ကင်မရာ lens တွေရဲ့ဘေးနားမှာ flash မီးလုံးလေး
တည်ရှိပါတယ်။ ဖုန်းရဲ့ညာဘက်ဘေးဘောင်မှာ ပါဝါခလုတ်နဲ့
အသံအတိုးအကျယ်ခလုတ်တို့ရြှိ ပီး
ဘယ်ဘက်မှာတော့ SIM Card tray ကို ထားပေးထားပါတယ်။ ဖုန်းဒီဇိုင်းက premium
ကျကျ လှပခန့်ညားပြီး ၄င်းနဲ့လိုက်ဖက်ညီတဲ့ ရွှေရောင်၊ ငွေရောင်၊ အဖြူရောင်၊
အနီရောင်၊ အပြာရောင်နဲ့ မီးခိုးရောင်တို့ကို စုံလင်စွာထုတ်လုပ်ပေးထားပါတ ယ်။
* Display *
ဖုန်းမျက်နှာပြင်ကို 5.2-inch ကျယ်တဲ့ IPS-NEO LCD Capacitive touch screen display အမျိုးအစားနဲ့ပြုလုပ်ထားပြီး
1080 x 1920 pixels ရှိတဲ့ Full HD မြင်ကွင်းစွမ်းအားတွေကို
ပြသပေးနိုင်ပါတယ်။ 1 လက်မမှာ သိပ်သည်းဆ ပမာဏက ~423 ppi pixels ရှိပါတယ်။
မျက်နှာပြင်ပေါ်မှာ multitouch စနစ်ပါရှိပြီး မျက်နှာပြင်ကို Corning
Gorilla Glass နဲ့ ထပ်မံဖုံးအုပ်ကာကွယ်ပေးထားပါတယ်။
* Operating System and Camera *
ကိုယ်ထည်အတွင်းထဲမှာ Android OS, v6.0 (mashmallow) ကို run ထားပြီး Emotion UI 4.1 ကိုအသုံးပြုထားပါတယ်။ အနောက်ကင်မရာက Emotion UI 4.1 ရှိတဲ့ dual camera စနစ်ကိုသုံးထားတဲ့အတွက် ဓာတ်ပုံတွေနဲ့ဗီဒီယိုအရည်အေ သွးတွေက
အံ့မခန်းလောက်အောင် ကောင်းမွန်ပါတယ်။ အရှေ့ကင်မရာကတော့ 8 MP ရှိပြီး
လှပတဲ့ selfie ဓာတ်ပုံတွေနဲ့ full HD ဗီဒီယိုတွေကို
ရိုက်ကူးပေးနိုင်ပါတယ်။
* Performance *
ဖုန်းတစ်လုံးရဲ့ အဓိကအရေးကြီးဆုံးအပိုင်းဖြစ်တဲ့
စက်စွမ်းဆောင်ရည်ပိုင်းကို HiSilicon Kirin 955 Chipset နဲ့ Octa-Core (4 x
2.5 GHz Cortex-Y A72 & 4 x 1.8 GHz Cortex-A53 processor တို့က
ဟန်ချက်ညီညီ အကောင်းဆုံးပူးပေါင်းဆောင်ရွက်ပေးနိုင်တဲ့အပြင်
Mali-T880MP4 graphics Card ကလည်း အထောက်အပံ့ပေးနိုင်ပါတယ်။ ဒါ့အပြင် RAM
3GB ပါရှိပြီး ၄င်းတို့ကလည်း စွမ်းဆောင်ရည်ပိုင်းနဲ့
ယာယီမှတ်ဥာဏ်စွမ်းအားပိုင်း အတွက် များစွာအထောက်အကူဖြစ်ပါတယ်။
ဒါကြောင့် နောက်ဆုံးပေါ်ဂိမ်းတွေနဲ့ apps အားလုံးကို အဆင်ပြေပြေ
ကစားနိုင်မှာဖြစ်ပြီး multi-taskings တွေကိုလည်း
နှောင့်နှေးကြန့်ကြာမှုမရှိေ စဘဲ လျင်မြန်စွာ လုပ်ဆောင်နိုင်မှာပဲဖြစ်ပါတ ယ်။
Specification
Display : 5.2 inch, IPS NEO LCD Capacitive touchscreen
Memory : 32 GB, 3 GB RAM, microSD, up to 128 GB
Camera : Dual 12 MP, autofocus, Dual LED flash, touch focus
OS : Android OS, v6.0 (Marshmallow)
Phone - 09-774788861 (C4E Computer & Mobile)
Price - 559,000 Ks
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
နောက်ကျောဘက်မှာ ယုံကြည်စိတ်ချစွာအသုံးပြုနိ
* Design & Build *
ဖုန်းရဲ့တည်ဆောက်ထားတဲ့ ဒီဇိုင်းပုံစံက သေသပ်လှပပြီး ကိုင်တွယ်အသုံးပြုရတာလည်း ထည်ထည်ဝါ၀ါ ရှိပါတယ်။ ကိုယ်ထည်တစ်ခုလုံးက တောက်ပပြောင်လက်နေတဲ့ အလူမီနီယံနဲ့ပြုလုပ်ထားလို့
နောက်ကျောဘက်ရဲ့ အပေါ်ညာဘက်ထောင့်စွန်းနားမှာ
* Display *
ဖုန်းမျက်နှာပြင်ကို 5.2-inch ကျယ်တဲ့ IPS-NEO LCD Capacitive touch screen display အမျိုးအစားနဲ့ပြုလုပ်ထားပြီ
* Operating System and Camera *
ကိုယ်ထည်အတွင်းထဲမှာ Android OS, v6.0 (mashmallow) ကို run ထားပြီး Emotion UI 4.1 ကိုအသုံးပြုထားပါတယ်။ အနောက်ကင်မရာက Emotion UI 4.1 ရှိတဲ့ dual camera စနစ်ကိုသုံးထားတဲ့အတွက် ဓာတ်ပုံတွေနဲ့ဗီဒီယိုအရည်အေ
* Performance *
ဖုန်းတစ်လုံးရဲ့ အဓိကအရေးကြီးဆုံးအပိုင်းဖြစ
Specification
Display : 5.2 inch, IPS NEO LCD Capacitive touchscreen
Memory : 32 GB, 3 GB RAM, microSD, up to 128 GB
Camera : Dual 12 MP, autofocus, Dual LED flash, touch focus
OS : Android OS, v6.0 (Marshmallow)
Phone - 09-774788861 (C4E Computer & Mobile)
Price - 559,000 Ks
NetGuide Journal (Every Wednesday)
https://www.facebook.com/
www.pyaephyo.com
0 comments:
Post a Comment