♪ " Nokia 7 နှင့် 8 အတွက် သတင်းအချို့ထွက်ပေါ် " ♫

Image may contain: phone

Nokia မှကြေညာမည့် ထိပ်တန်းအဆင့် Flagship စမတ်ဖုန်းကို စောင့်မျှော်နေချိန်တွင် သတင်းအသစ် တစ်ခုပေါက်ကြားခဲ့ပြီး Nokia မှ ဖုန်းအသစ်နှစ်လုံးကို ထုတ်လုပ်သွားရန်ပြင်ဆင်နေကြောင်း သတင်းထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

လက်ရှိကာလတွင် Nokia 7 နှင့် Nokia 8 ဟုသာ အလွယ်ခေါ်ဝေါ်သုံးစွဲနေကြသော်လည်း အမှန်တကယ် ရောင်းချမည့်နာမည်အား မသတ်မှတ်ရသေးကြောင်း သိရသည်။ ထို့အပြင် ယခင်ကတည်းက Nokia 8 သည် အဆင့်မြင့်စမတ်ဖုန်းဖြစ်မည်ဟု ဆိုထားပြီး Snapdragon 835 ဖုန်းကို Nokia 9 တွင်မှ မြင်ကြရမည်ဟု ဆိုကြသည်။ ယခုသတင်းထွက်သည့် Nokia 7 နှင့် 8 တို့တွင်မူ Snapdragon 660 ပါဝင်မည်ဟု ဆိုထားပြီး Snapdragon 653 ၏ မျိုးဆက်သစ် processor ဖြစ်လာမည့် chip ဟု ဆိုကြသည်။

Nokia 8 တွင် ပိုမိုကြီးမားသော screen နှင့် QHD resolution ရှိကာ 7 သည် သေးငယ်ပြီး 1080 p display သာပါဝင်မည်ဟု ဆိုခဲ့သည်။ ဖုန်းနှစ်ခုစလုံးတွင် ပါးလွှာသောဘေးဘောင်များရှိကာ သတ္တုကိုယ်ထည်ဖြင့် ဖန်တီးထားသော unibody design ရှိသည်ဟု ဆိုသည်။ Fingerprint scanner လည်း ပါဝင်လာမယ်လို့ ဆိုထားပါတယ်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment