သတင်းအရပြောရရင် အွန်လိုင်းငွေကြေးလို့ပဲခေါ် ခေါ် အင်တာနက် ပိုက်ဆံလို့ပဲဆိုဆို Bitcoin ရဲ့ တစ်ယူနစ်ဈေးနှုန်းဟာ (1293)ဒေါ်လာဈေး ဖြစ်လာတာကြောင့် ရင်းနှီးမြှုပ်နှံသူအများကို အံ့အားသင့်စေ ခဲ့တာနဲ့တင် ပြီးပါတယ်။ ဒါပေမယ့် Bitcoin ဆိုတာဘာလဲ? ဘယ်နေရာမှာသုံးရတာလဲဆိုတဲ့အ ပေါ်မှာတော့ လက်ခံယုံကြည်မှုတွေ ကွဲပြားနေပါတယ်။
( ၂ဝဝ၉ ) ခုနှစ်မှာစတင်ခဲ့တဲ့ Bitcoin ဟာ အဲဒီတုန်းက ပြားဂဏန်း ဆင့်ဂဏန်း - ( Less than Tenth of A Cent ) ရှိရာကနေ အခုလို အဆပေါင်းများစွာ တန်ဖိုးတက်လာတာက အမှောင်ထဲက ရင်းနှီးမြှုပ်နှံသူတွေကြော င့်လို့ အများကပြောကြတယ်။
Bitcoin ဟာရာဇဝတ်မှုကျူးလွန်ထားတဲ့ ငွေ၊ လက်နက်ဝယ်ရန်ငွေ၊ မူးယစ်ဆေးဝါးငွေ၊ အကြမ်းဖက်ကိရိယာတွေဝယ်ယူဖို့ ငွေ၊ အခွန်ရှောင်ချင်တဲ့ငွေ၊ ခဝါချလျှော်ဖွတ်ချင်တဲ့ငွေ . . စတဲ့ ငွေလွှဲပြောင်းမှုအစုစုကို ချိတ်ဆက်နေတဲ့ တိုင်းပြည်တွေရဲ့အစိုးရတွေကိုမသိစေချင်တဲ့ မြေအောက်ဝယ်ယူ ရောင်းချခြင်း လွှဲပြောင်းမှုတွေကိုလုပ်ဆောင်ပေးတယ်။
သို့သော်လည်း လက်ဆုတ်လက်ကိုင်ပြလို့ရတဲ့ ငွေအကြွေ၊ ငွေစက္ကူ၊ ရွှေတုံး၊ ငွေတုံးတွေလို Bitcoin မှာ ရုပ်ပြငွေကြေး - Physical Currency ဂုဏ်သတ္တိ မရှိပါဘူး။ ဒါကြောင့် Bitcoin နဲ့ပတ်သက်မိရင် မမြင်ရတဲ့ စွန့်စားမှုက နောက်က ကပ်လျက်လိုက်ပါလာနိုင်ပါတယ် ။
ဒါကြောင့်လည်းအင်တာနက်ငြွေေ ကးတည်ထောင်သူများကအမေရိကန်ရဲ့
ဘဏ်ငွေကြေး အာမခံကော်ပိုရေးရှင်း - FDIC ( Federal Deposit Insurance
Corporation)လိုမျိုးမှာ မှတ်ပုံတင် ( ငွေပေါင်၊ ရွှေပေါင် ) ပြီး အာမခံချက်
ရှိအောင် လုပ်နေကြနေတုန်းမှာပဲ အကြမ်းဖက်မှုတိုက်ဖျက်မှုအစီအ စဉ်နဲ့ အမေရိကန်ကမူလတီထွင်သူနဲ့ စတော့ရှယ်ယာပိုင်ရှင်တွေကို အပြင်းအထန်နှိပ်ကွပ်နေပါတယ် ။
မိမိဘာဝယ်ဝယ် ဘယ်သူမှမသိသလို ဘယ်အစိုးရဆီမှ သတင်းမပို့ဘူး ဆိုပေမယ့် အနက်ရောင်ကွင်းဆက် - Blackchainလို့ခေါ်ဆိုနေကြတဲ့ 
Online Server မှာ Bitcoin လွှဲပြောင်းမှုမှတ်တမ်း - List ထဲက
အပြည်ပြည်ဆိုင်ရာ စာရင်းစာအုပ်ကြီး - Universal Ledgerထဲမှာ မှတ်တမ်းသွင်း
ကျန်ရှိနေဦးမှာ ဖြစ်ပါတယ်။
သို့သော်လည်းတွင်ကျယ်လာတဲ့ ဈေးကွက်နဲ့အညီ ဝယ်ယူသုံးစွဲသူများလာတဲ့ အကျိုးဆက်အနေနဲ့ အမှောင်ထဲကရင်းနှီးမြှုပ်နှံမှု လက်မည်းကြီးတွေကြောင့် ဒီလိုဈေးအထိတက်လာတာစဉ်းစား စရာပါ။ အခုဆိုရင် Bitcoin နဲ့ သာမန် ဝက်ဘ်ဆိုဒ်တွေမှာ ဝယ်လို့မရတဲ့ဆေးဝါးတွေ၊ ဘဏ္ဍာရေးခိုးယူမှုတွေနဲ့ နောက်ဆုံးရွေးကောက်ပွဲမဲပေး ခွင့်ရှိတဲ့အထိ လွှမ်းမိုးလာတာသိရတယ်။
ဒါကြောင့် Bitcoin မှာ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေသူတစ်ဦးကို သတိပေးလိုတာက ဝက်ဘ်ဆိုဒ်ထဲဝင်ဖို့ ရှားပါးသင်္ကေတ -Unique Code လို့ခေါ်တဲ့ ကိုယ်ပိုင်နံပါတ် - Private Keyပျောက်သွားတယ်ဆိုရင်တော့ အသံမကြားရပဲနှုတ်ဆက်သွားပြီး လို့သာ အောက်မေ့နိုင်ပါကြောင်း . .။
ကိုညီညီ ( တောင်ကြီး)
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
( ၂ဝဝ၉ ) ခုနှစ်မှာစတင်ခဲ့တဲ့ Bitcoin ဟာ အဲဒီတုန်းက ပြားဂဏန်း ဆင့်ဂဏန်း - ( Less than Tenth of A Cent ) ရှိရာကနေ အခုလို အဆပေါင်းများစွာ တန်ဖိုးတက်လာတာက အမှောင်ထဲက ရင်းနှီးမြှုပ်နှံသူတွေကြော
Bitcoin ဟာရာဇဝတ်မှုကျူးလွန်ထားတဲ့ ငွေ၊ လက်နက်ဝယ်ရန်ငွေ၊ မူးယစ်ဆေးဝါးငွေ၊ အကြမ်းဖက်ကိရိယာတွေဝယ်ယူဖို
သို့သော်လည်း လက်ဆုတ်လက်ကိုင်ပြလို့ရတဲ့ ငွေအကြွေ၊ ငွေစက္ကူ၊ ရွှေတုံး၊ ငွေတုံးတွေလို Bitcoin မှာ ရုပ်ပြငွေကြေး - Physical Currency ဂုဏ်သတ္တိ မရှိပါဘူး။ ဒါကြောင့် Bitcoin နဲ့ပတ်သက်မိရင် မမြင်ရတဲ့ စွန့်စားမှုက နောက်က ကပ်လျက်လိုက်ပါလာနိုင်ပါတယ်
ဒါကြောင့်လည်းအင်တာနက်ငြွေေ
မိမိဘာဝယ်ဝယ် ဘယ်သူမှမသိသလို ဘယ်အစိုးရဆီမှ သတင်းမပို့ဘူး ဆိုပေမယ့် အနက်ရောင်ကွင်းဆက် - Blackchainလို့ခေါ်ဆိုနေကြတဲ
သို့သော်လည်းတွင်ကျယ်လာတဲ့ ဈေးကွက်နဲ့အညီ ဝယ်ယူသုံးစွဲသူများလာတဲ့ အကျိုးဆက်အနေနဲ့ အမှောင်ထဲကရင်းနှီးမြှုပ်နှ
ဒါကြောင့် Bitcoin မှာ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေသူတစ်ဦးကို သတိပေးလိုတာက ဝက်ဘ်ဆိုဒ်ထဲဝင်ဖို့ ရှားပါးသင်္ကေတ -Unique Code လို့ခေါ်တဲ့ ကိုယ်ပိုင်နံပါတ် - Private Keyပျောက်သွားတယ်ဆိုရင်တော့
ကိုညီညီ ( တောင်ကြီး)
NetGuide Journal (Every Wednesday)
https://www.facebook.com/
www.pyaephyo.com
0 comments:
Post a Comment