Lockbook အမည်ရမှတ်စုစာအုပ်ဟာကမ္ဘာ့ပထ မဆုံးလက်ဗွေရာလုံခြုံရေး စနစ်ပါရှိလာတဲ့ မှတ်စု စာအုပ် ဖြစ်တယ်လို့ တီထွင်တဲ့ ကုမ္ပဏီကပြောပါတယ်။ စမတ်ဖုန်းထုတ်လုပ်သူများကလက်ဗွေရာ လုံခြုံရေးစနစ်ကိုစမတ်ဖုန်းများမှာထည့်သွင်းပေးေ နကြပြီးအခုတော့ မှတ်စုစာအုပ်များမှာပါ ထည့်သွင်း လာကြပြီ ဖြစ်ပါတယ်။
Lockbookကိုထုတ်လုပ်ရောင်းချဖို့ Indiegogo website မှာ ရန်ပုံငွေ ကောက်ခံနေပါတယ်။ Lockbookရဲ့ အဓိကစွမ်းဆောင်ချက်မှာ လက်ဗွေရာ ဖြင့် မှတ်စုစာအုပ်ကိုဖွင့်နိုင်ြ ခင်း ဖြစ်ပါတယ်။ မှတ်စုစာအုပ်မှာ မှတ်စုများ မှတ်သားခြင်း၊ အိုင်ဒီယာများရေးမှတ်ခြင်းများကို ပြုလုပ်နိုင်ပါတယ်။ သူ့မှာအရည်အသွေးမြင့် စာရွက်အသားကိုအသုံးပြုထားတဲ့ အတွက် စာ ရေးသားရာမှာအလွန် ပြေပြစ်ချောမွတ်စေတယ်လို့ ကုမ္ပဏီကပြောပါတယ်။
Lockbookမှာ Pocket များစွာပါတဲ့အတွက် Credit , Debit Cards များကို လည်းလုံခြုံစွာသိမ်းဆည်းထား နိုင်ပါတယ်။ သူဟာစတိုင်ကျလှပပြီးသင့်ရဲ့ အရေးကြီးမှတ်စုများနဲ့ ဒေတာများကိုကာကွယ်ပေးနိုင်ပါတယ်။
Indiegogo website မှာ ရန်ပုံငွေ ထည့်ဝင်ထားသူ ၁၇၁
ယောက်ရှိပြီးသတ်မှတ်ထားတဲ့ ရန်ပုံငွေထက် ကျော်လွန်တဲ့ ဒေါ်လာ ၄၂၀၀၀
ကိုရရှိနေပြီ ဖြစ်ပါတယ်။ ရန်ပုံငွေ ၃၉ ဒေါ်လာထည့်ဝင် ထားရင်
ဇွန်လတွင်ရောင်းချမယ့် Lockbook တစ်ခုရရှိမှာ ဖြစ်ပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
Lockbookကိုထုတ်လုပ်ရောင်းခ
Lockbookမှာ Pocket များစွာပါတဲ့အတွက် Credit , Debit Cards များကို လည်းလုံခြုံစွာသိမ်းဆည်းထား
Mobile Guide Journal (Every Monday)
https://www.facebook.com/
www.pyaephyo.com
0 comments:
Post a Comment