♪ iPhone 7 Plus မီးလောင်မှုကို Apple စုံစမ်းနေ ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/02/Ashampoo_Snap_001_-8.jpg?fit=800%2C450&ssl=1

Apple က iPhone 7 Plus မီးလောင်မှုတစ်ခုကို စုံစမ်းနေတယ်လို့ ပြောပါတယ်။ အဲဒီ စမတ်ဖုန်း မီးလောင်နေတဲ့ ဗီဒီယိုကို အရီဇိုးနားမှ လူငယ်တစ်ယောက်က Twitter မှာ တင်ခဲ့တာ ဖြစ်ပါတယ်။ မီးလောင်သွားတဲ့ ဖုန်းပိုင်ရှင်ဟာ အသက် ၁၈ နှစ်အရွယ် Brianna Olivas ဖြစ်ပါတယ်။ Apple က အမျိုးသမီးငယ်ကို ဆက်သွယ်ပြီး စုံစမ်းနေတယ်လို့ ပြောပါတယ်။

iPhone 7 Plus ပိုင်ရှင်က Official Apple Charger ကိုသာ အသုံးပြုနေတာလို့ ပြောပါတယ်။ သူမက ဖုန်းကို ပါဝါဖွင့်မရတဲ့ အတွက် Apple စတိုးကို သွားခဲ့ပြီး စစ်ဆေးခဲ့ပါသေးတယ်။ အဲဒီအချိန်က ဖုန်းမှာ ပြဿနာ မရှိဘူးလို့ Apple စတိုးမှ ၀န်ထမ်းက စစ်ဆေး အတည်ပြုခဲ့ပါတယ်။

“ အဲဒီနေ့ပြီး နောက်တစ်ရက်မှာ ဖုန်းကို ကျွန်မ ခေါင်းဘေးနားမှာ အားသွင်းရင်း အိပ်ပျော်နေခဲ့ပါတယ်။ ကျွန်မရဲ့ ရည်းစားက ဖုန်းကနေ မီးခိုးများ ထွက်နေတာကို တွေ့ခဲ့ပြီး ရေချိုးခန်းထဲကို ယူသွားခဲ့ပါတယ်။ အဲဒီနောက်မှာ ဖုန်းဟာ အသံတွေ မြည်ခဲ့ပြီး မီးလောင်သွားခဲ့ပါတယ်။ “ လို့ ဖုန်းပိုင်ရှင်က ပြောပါတယ်။

သူမက မီးလောင်သွားတဲ့ဖုန်းကို ကုမ္ပဏီထံ ပြန်အပ်ခဲ့ပြီး အသစ်တစ်လုံး ရရှိခဲ့ပါတယ်။ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူများက မီးလောင်သွားတဲ့ ဖုန်းကို စမ်းသပ်နေပြီး တစ်ပတ်အတွင်းမှာ အဖြေကို သိရဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။ မီးလောင်နေတဲ့ ဖုန်းကို ရိုက်ကူးထားတဲ့ ဗီဒီယိုဟာ Twitter မှာ ရေပန်းစားသွားခဲ့ပြီး အကြိမ်ပေါင်း ၂၅ ၀၀၀ ကျော် မျှဝေခဲ့ကြပါတယ်။ ဖုန်းမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့ သိရပါတယ်။



Credit to ==> DigitalTimes.com.mm





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment