နောက်ဆုံးမှာတော့ Facebook ဟာ ကြိမ်ဖန်များစွာအမေးခံနေရတဲ့ 
မကြိုက်နှစ်သက်တဲ့သင်္ကေတ “ Dislike Button ” ကို Facebook Messenger မှာ
စမ်းသပ်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် အသုံးပြုနိုင်တဲ့ - Released အဆင့်ကို
မရောက်သေးပဲ အင်ဂျင်နီယာအဖွဲ့ကရွေးချယ်တဲ့ တစ်ချို့သုံးစွဲသူတွေရဲ့ Messenger မှာ သီးသန့်တွေ့နေရတာပါ။
“ ကျွန်တော်တို့ဟာ သုံးစွဲသူတွေအတွက် ပိုငြိတွယ်နိုင်မယ့် လုပ်ဆောင်ချက်တွေကို အမြဲကြံဆနေပါတယ်။ အခုက အသေးစားစမ်းသပ်မှု ဖြစ်ပြီး ကာတွန်းရုပ် - Emoji ထက်စာရင် သူတို့ရဲ့ခံစားချက်ကို မက်ဆေ့ထဲမှာ ဘယ်လိုပိုမိုကောင်းမွန်အောင်ပို့နိုင်မလဲဆိုတာ လေ့လာနေဆဲပါ ” လို့ Facebook က Tech Crunch နည်းပညာသတင်းစာကို ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် Reactions ခလုပ်တွေကို ထည့်တုန်းကလည်း “ Dislike Button ” ပါလာလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် ခံစားချက် ( ၆ ) မျိုးပါတဲ့ ခလုပ်လေးတွေကိုသာ ထည့်သွင်းပေးခဲ့တယ်။
တစ်နှစ်သက်တမ်းရှိနေတဲ့ Facebook ရဲ့ Reactions ဟာ အပို့နဲ့ လက်ခံအကြိမ်ပေါင်း ဘီလီယမ် ( ၃ဝဝ ) လောက်ရှိနေပြီလို့ သိရပါတယ်။ အဲဒီထဲကမှ “ ချစ်စရာ ” သင်္ကေတ “ Love ” ဟာ အားလုံးရဲ့ထက်ဝက်ကျော်ရှိတယ်လို့ သိရတယ်။ Reactions ကို အသုံးအများဆုံးတိုင်းပြည်တွေထဲမှာတော့ မက္ကဆီကို၊ ချီလီနဲ့ ဆူရီနမ် - Suriname နိုင်ငံတို့က ဦးဆောင်လျက်ရှိနေပါတယ်။
ကိုညီညီ (တောင်ကြီး)
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
“ ကျွန်တော်တို့ဟာ သုံးစွဲသူတွေအတွက် ပိုငြိတွယ်နိုင်မယ့် လုပ်ဆောင်ချက်တွေကို အမြဲကြံဆနေပါတယ်။ အခုက အသေးစားစမ်းသပ်မှု ဖြစ်ပြီး ကာတွန်းရုပ် - Emoji ထက်စာရင် သူတို့ရဲ့ခံစားချက်ကို မက်ဆေ့ထဲမှာ ဘယ်လိုပိုမိုကောင်းမွန်အောင
ပြီးခဲ့တဲ့နှစ် Reactions ခလုပ်တွေကို ထည့်တုန်းကလည်း “ Dislike Button ” ပါလာလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် ခံစားချက် ( ၆ ) မျိုးပါတဲ့ ခလုပ်လေးတွေကိုသာ ထည့်သွင်းပေးခဲ့တယ်။
တစ်နှစ်သက်တမ်းရှိနေတဲ့ Facebook ရဲ့ Reactions ဟာ အပို့နဲ့ လက်ခံအကြိမ်ပေါင်း ဘီလီယမ် ( ၃ဝဝ ) လောက်ရှိနေပြီလို့ သိရပါတယ်။ အဲဒီထဲကမှ “ ချစ်စရာ ” သင်္ကေတ “ Love ” ဟာ အားလုံးရဲ့ထက်ဝက်ကျော်ရှိတယ
ကိုညီညီ (တောင်ကြီး)
NetGuide Journal (Every Wednesday)
https://www.facebook.com/
www.pyaephyo.com
0 comments:
Post a Comment